တစ်ကမ္ဘာမှာ

Sunday, July 12, 2009

သွားချင်တဲ့နေရာလေးတစ်နေရာ.....

ပန်းပေါင်းစုံပွင့်လန်းနေတဲ့နေရာ
စမ်းချောင်းလေးတစ်ခု
ထိုင်ခုံလေးတစ်ခုံ
ဆည်းဆာကိုမြင်နိုင်တဲ့နေရာ
ကျေးငှက်ပေါင်းစုံတဲ့ဒေသ......

ခံစားချင်တာက......

လှပတဲ့ ပန်းရောက်စုံတွေကြားမှာထိုင်ရင်း
သင်းပျံ့တဲ့ပန်းရနံ့လေးတွေကို သယ်ဆောင်လာတဲ့ လေပြေလေးကိုရူရှိုက်မယ်။
စီးဆင်းနေတဲ့စမ်းရေအေးအေးလေးကိုကိုင်တွယ်စော့ကစားမယ်။
ထိုင်ခုံလေးမှာမှီထိုင်ရင်း...ဆည်းဆာညနေလေးကိုခံစားမယ်။
နောက်........ တေးသီနေတဲ့ ငှက်ကလေးတွေရဲ့အသံကိုနားထောင်မယ်။

ဒါပေမဲ့ဟာ .. ငါကတော့ သီချင်းမဆိုနိုင်တော့ဘူးလေ
နာကျင်နေတဲ့ ရင်ကသံဇဉ်ပျောက်နေလို့ပါ။