နှင်းမှုန်တွေကွယ်တဲ့မိုး...

Thursday, August 20, 2009

ဒီနေ့မိုးတွေရွာနေတယ်။ နှင်းကတော့ မကျတော့ပါဘူးလေ။ နှင်းကိုချစ်ခဲ့ပေမဲ့ နှင်းနဲ့ဝေးရာမှာပါ။ မိုးရည်တစ်စက်ပီးတစ်စက် ခေါင်းပေါ်ကျလာတယ်။ နေရာမပြောင်းပါဘူး ဆက်ထိုင်နေမိတယ်။

ဟုတ်တယ်လေ အတွေးတွေရပ်လို့မရဘူး။ နှင်းကိုမျှော်နေတဲ့သူတစ်ယောက်အတွက် မိုးစက်လေးတွေကြားမှာ မမှိတ်မသုန် ငြိမ်သက်စွာ မိုးစက်လေးတွေကို နှင်းမှုန်အလားခံစားကြည့်မိနေတယ်။

မိုးတွေချိန်းနေတယ်။ မကြာခင်မှာ သဲကြီးမဲကြီးရွာတော့မယ်ဆိုတာကိုချိန်းခြောက်နေတယ်။ ကြောက်စရာကောင်းအောင်သိမ့်သိမ့်ခါအောင် အော်ဟစ်ပြနေလိုက်တာ။
ငယ်ငယ်ကတည်းက ဒေဝေါဆိုကာခြောက်လှန့်ခံခဲ့၇တော့ အခုလည်းမိုးချိန်းရင် မသိစိတ်က လန့််နေတုန်း။ ဒါပေမဲ့အခုတော့ ကြောက်စိတ်ထက်ရင်ထဲကနာကျင်မူဒဏ်ရာ ကမကျက်သေးသလို အတိတ်ကိုမှန်းဆနေမိတော့ အော်ဟစ်နေတဲ့ ဒေဝေါ မတိုးနိုင်ခဲ့ပါဘူး။

သက်ပြင်းတစ်ချက်ကိုအပြင်းအထန်ချလိုက်ရင်း ပြန်မှ ဖြစ်မည်။ မပြန်လို့မဖြစ်တော့ ကျန်းမာရေးက ကောင်းရှာသူဆိုတော့ အိမ်အမြန်ပြန်မှဖြစ်မည်။ အိမ်မရောက်ခဲ့ရင်လည်း နေရာတစ်နေရာမှာဝင်ခိုမှပင်။ မဲမှောင်နေတဲ့ကောင်းကင်ကိုအသာလေးကြည့်လိုက်ပြီး မိုးရယ်... ဆိုက ထိုင်ရာမှထ ထိုင်လိုက်မိသည်။

ထိုင်ရာမှအထ နောက်လှည့်အကြည့်မှာဘဲ လူတစ်ယောက် ထီးလေးအနောက်ကနေ ဆောင်းပေးထားလိုက်သည်ကိုခုမှသတိထားမိလိုက်ရသည်။

“လာကိုယ့်ထီးအောက်ကိုလာ။ မင်းကိုစောင့်နေတာ မင်းကို အိမ်အထိလိုက်ပို့မယ်နော်။ မိုးတွေကျလာကတည်းက ကိုယ်မင်းနောက်က အမှီလိုက်လာတာ။မင်းလေးနေမကောင်းဖြစ်မှာဆိုးလို့ ကိုယ် ထီးအမြန်ယူပီးလိုက်လာတာ စိတ်ပူလိုက်ရတာကွာ။
မင်းကလည်းပျောက်သွားတာ လိုက်လို့တောင်မမှီဘူး။ ”

ခရားရေလွှတ်အဆက်မပြတ်ပြောနေတဲ့သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း ဘာရယ်မဟုတ်ပါဘူး
“မိုးဖွဲလေးတွေကျရင် ဒီကန်ရေပြင်လှုပ်နေတာကကြည့်ကောင်းလို့ပါ။”
ညာတာသိနေပေမဲ့ သူခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ မနက်ဖြန်တွေတိုင်းမှာကိုယ်အမြဲရှိနေပါ့မယ်လေ။ မင်းရဲ့အတိတ်တွေကိုဖျောက်လိုက်ပါလို့မပြောလိုပါဘူး။ ဒါပေမဲ့ မင်းလက်ခံလာမဲ့နေ့ကိုစောင့်နေမယ်နော်။ မင်းရဲ့လိုအပ်နေမူတွေကို လိုက်ဖြည့်ပေးခွင့်လေးကိုဘဲကျေနပ်နေပါပီလေ။”

မိုးတွေအရမ်းသဲလာတော့ ထီးလေးတစ်ချောင်းအောက်မှာ ပိုမိုနီးစပ်သွားကြသည်လေ။
အပြန်လမ်းမှာ ရေတွေ တစ်ဖြည်းဖြည်းများလာသည်။ လမ်းလျှောက်ရတာလည်း တစ်ဗွမ်းဗွမ်းပေါ့။ သူကတော့ ကိုယ်စိုမှာကိုစိုးရိမ်တော့ ကိုယ့်အပေါ်မှာဘဲထီးက၊ သူ့ကတော့ တော်တော်လေးစိုနေပီလေ။ ဂရုစိုက်မူလေးကို တော့ကျေနပ်မိသည်။ သူ့ဂရုစိုက်မူတွေကတော့ ကိုယ့်အတွက်အမိုးတစ်ခုလို အမြဲတမ်းပင်။နှစ်ယောက်သားတိတ်စိတ်သွားကြသည်ပင်။ အတွေးကိုယ်စီနှင့် ခြေထောက်အောက်ကရေများကိုစောကစားရင်းနဲ့....

နောက်တော့ တိတ်စိတ်စွာပါလာတဲ့သူ့ကို ထီးက ကျလာတဲ့ရေလေးတွေကိုခံလိုက်ရင်းပက်လိုက်သည်။ သူကလည်း အံ့သြကာ ကြည့်ရင်း သူကလည်းပြန်ပက် ကိုယ်ကပြန်ပက်နဲ့ ရီသံတွေပျံ့လွင့်လာသည်။ ကိုယ့်ရဲ့ပါးချိုင့်တွေပေါ်အောင်ရည်နေသည်ကိုကြည့်ရင်း ...

“ပျော်လားဟင်... ”
“အင်း...ပျော်လာပီ... ”
“ မင်းကိုတစ်သက်လုံးပျော်စေချင်တယ်။ ”
ယေကျားပီသတဲ့ သူ့မျက်နှာကိုသေချာပြန်ကြည့်ရင်းနှစ်ခြိုက်စွာပြောလိုက်မိသည်။

“အင်း မိုးနဲ့ပျော်တတ်ခဲ့ပီ။”
“တစ်ကယ်ပြောတာလား”
ကိုယ်ခေါင်းညိတ်ပြလိုက်သည်။

ပျော်ရွင်မူတွေပေးတဲ့ မိုးကိုမေ့နေမိပီး မမြင်နိုင်တဲ့ နှင်းကို တမ်းတနေမိတဲ့အချိန်တွေကို နှမြောမိသည်။ မိုးရေတွေနဲ့စော့ကစားတတ်ခဲ့ပီ။ မိုးရေတွေက ပျော်ရွင်မူတွေပေးနေပီဆိုတာသိလိုက်ရသည်။ တစ်ခဏအတွင်းမှာဘဲ အတွေးအာရုံဏ်ထဲက နှင်းမှုန်တွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပျော်ရွင်မူတွေပေးတဲ့မိုးစက်ကလေးတွေကို အမိအရဖမ်းဆုတ်လိုက်ရင်း သူ့မျက်နှာကိုပက်လိုက်ပါတော့သည်။
ကိုယ့်ပျော်ရွင်နေသည်ကိုကျေကျေနပ်နပ်သူ ငေးနေတော့သည်လေ။
ဒီအပျော် ဒီအပြုံးကတော့ သူ့ဘ၀မှာပထမဦးဆုံးသူမြင်လိုက်ရခြင်းပင်လေ။

အပ်ဒေ့လုပ်သင့်သောအချစ်.....

Wednesday, August 12, 2009

ပတ်ဝန်းကျင်တစ်ခုလုံးမှုန်မှိုင်းနေသည်။ မှုန်မှိုင်းနေမူကိုထပ်မံမွန်းမံလိုက်သလို။ ပျော်ရွင်မူအတိတ် ပုံရိပ်တွေကို ဖုန်းကွယ်ပေးနေသလား မျက်ဝန်းမှာလည်း ရီဝေစေတဲ့ မျက်ရည် စတွေ။

ဆေးလိပ်ငွေ့တွေ တစ်မျည်ခြင်းမှုတ်ထုတ်နေသော သူ့မျက်နှာကို ငေးကြည့်နေမိတယ်။ သူစိတ်တွေရှုပ်နေတယ်ဆိုတာသိတယ်။ သူ တွေဝေနေတယ်ဆိုတာလည်းသိလိုက်တယ်။

ဟုတ်တယ် သူတွေဝေသင့်တယ်။ သူ့ကိုအပြစ်မဆိုချင်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုမှတော့ နောက်ဆုတ်လမ်းခွဲကြရုံပေါ့။ အခြေအနေကွာ ခြားနေမူကို တစ်ယောက်နဲ့တစ်ယောက် လက်မှမခံနိုင်တာလေ။

အခုဘဲကြည့် ချစ်လှပါတယ်ဆိုတဲ့ သူနှုတ်ခမ်းက အခုတော့ မတူညီမှုတွေက နေ အဲဒီအချစ်တွေကိုဖုံးတော့မယ်။ ဟုတ်တော့လည်း အဟုတ်သားပါ။ သူက အအေး ကြိုက်တယ် ကိုယ်က အပူကြိုက်တယ်။ စားရင်လည်း ပူပူလေးစားချင်။ ကော်ဖီသောက်တာတောင် သူက အေးနေတာကြိုက်တယ်။ ကိုယ်ကတော့ ပူနေတာကို မှုတ်ရင်း အားရပါးရသောက်ချင်တတ်သူ။ အရောင်တွေရွေးရင်လည်း စိတ်ကူးတွေတစ်ခြားဆီ။ အနေအထိုင်မှာလည်း မတူညီက မတူတာမှ တော်တော်ကိုမတူကြတာပါ။

အခုတော့လည်း ချစ်ခဲ့ပါတယ်ဆိုတဲ့ အပြုအမူတွေ ခံစားချက်တွေကို မတူညီမူတွေက ဖုံးလိုက်ပီ။
သူ့ဘက်က လမ်းခွဲစကားပြောလာပီ။ စိတ်ထဲမှာတော့ တော်တော်လေး နာမိသည်။ ခံလည်းခံစားရသည်။ စိတ်တော့မကောင်းလှပါ။

အင်းလေ ... လမ်းခွဲကြပီဆိုမှတော့ လမ်းသစ်တစ်ခုကိုတော့ ထွင်ကြရမှာဘဲလေ။ အချစ်ဆိုတာနားလည်တတ်ခြင်းတွေရှိမှလေ။ သူ့မှ ကိုယ့်ကို လက်မခံ ပေးနိုင်တော့တာ၊ ပြောရရင်တော့ သူ့၇င်ထဲမှာ အချစ်ဆိုတာမရှိတော့လေခြင်းပါဘ။အဲဒါကိုလည်း သိပ်မကြာခင်သောရက်ပိုင်းမှာမှ သိလိုက်ရတယ်။

လမ်းခွဲပီး သိပ်မကြာပါဘူး၊ ရက်ကနေ လတောင်မကူးလိုက်သေးခင်မှာပါဘဲ သူ့ဆီကသတင်းတစ်ခုကြားရတယ်။ သူအိမ်ထောင်ပြုလိုက်ပီတဲ့။ သူ့ကိုဘယ်တော့မှ မဆက်သွယ်ပါနဲ့တော့တဲ့လေ။ ကိုယ့်ဘက်ကလည်း မခြွင်းပါဘူး သူအိမ်ထောင်ပြုလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်ဆိုတာကို လှိုက်လှိုက်လှဲလှဲ ကျေနပ်သလိုမျိုး ကိုယ်နှုတ်ဆက်လိုက်ပါတယ်။ သူတစ်ကယ်ချစ်တဲ့သူ နဲ့ သူလက်ခံပျော်ရွင်နိုင်ပါစေသားလို့ပါဘဲ။

သူကိုယ်နဲ့နေလို့စိတ်ညစ်နေမဲ့အစား သူပျော်ရာနေရာမှာ နေ နေတာကိုကြည့်နေရ ရင်ကိုဘဲကျေနပ်ရမှာပါ။ သူဒီလိုလမ်းခွဲစကားပြောနေခြင်းကလည်း သူ့မှာရည်၇ွယ်ထားသူ နောက်တစ်ယောက်ရှိနေခဲ့လို့ သာပါလားလို့လည်း တွေးလိုက်မိတယ်။

အသေအချာပြန်တွေးကြည့်တော့ ကိုယ်တို့တစ်တွေလမ်းခွဲခဲ့ရခြင်းက ကွာခြားနေမူတွေကြောင့်မဟုတ်ဘူး။ အမှန်တစ်ကယ်တော့ နားလည်မူတစ်ခုနဲ့ တစ်ယောက်ကိုတစ်ယောက်လက်ခံတတ်မူပါဘဲ။ ကိုယ့်ကိုသူ ချစ်တာတော့ ချစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ အချစ်ကို အပ်ဒေ့တ် လုပ်ဖို့လိုအပ်နေမူပင်။ ဘယ်ဟာက ကိုယ့်အားနည်းချက်၊ ဘယ်အရာကိုတော့ ကိုယ်စိတ်ဝင်စားတယ် စသဖြင့်အရင်ကတည်းက သာ ညှိခဲ့ရင် တော့ တစ်မျိုးတော့ ဖြစ်ခဲ့မယ်ထင်တယ်။

အခုတော့လည်း နှစ်ယောက်သား ဝေးခဲ့ရတာတော့ အမှန်ပါဘဲ။

ခုတလော

Monday, August 3, 2009


တွေးနေမိတာက

(၁) စာတွေရယ် အလုပ်တွေရယ်
(၂) လူတစ်ယောက်အကြောင်း


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လိုချင်တာမ၇လို့ ဘုရားကိုတောင် အပြစ်တင်ခဲ့မိတယ်။ အခုတော့ သူက အကောင်းဆုံးတွေစီစဉ်ပေးခဲ့တာပါလားလို့..

ကျန်းမာရေး
တစ်ခုပြီးရင် တစ်ခုလာနေလို့ ကိုယ့်ဘေးနားက သည်းခံပေးနေသူကိုအားနာမိတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကြွားတာတော့မဟုတ်ပါဘူးနော်။။ စာတွေတအားကြိုးစားနေလို့ စာအုပ်ထူထူတွေက ပတ်လည်ဝိုင်းနေတယ်။ ကျောင်းစာတွေ.... အဲဒီစာတွေဘဲ လောလောဆယ် ဖတ်နေရတယ်။

ရောက်နေဖြစ်တာက
စိတ်ကတော့ (သူနဲ့)တူတူခရီးတစ်ခုထွက်နေပါတယ်။ ပန်းခြံထဲကထိုင်ခုံမှာ တူတူထိုင်တယ်။
စမ်းရေအေးအေးလေးရယ်။ နေ၀င်သွားတာလေးကိုကြည့်နေတယ်။ ပန်းခြံထဲက ပန်းမျိုးစုံရနံ့တွေကို အမည်နာမခွဲပီး ခံစားကြည့်နေတယ်။
(ဖြစ်ချင်နေတာ ...ပါ )


ရေးဖြစ်နေတာက
ကဗျာတွေ…. ကတော့ ရေးခြစ်မိပါသေးတယ်။ တစ်ချို့ကတော့ သိမ်းထားသေးတယ်။


နားထောင်ဖြစ်နေတာက
ဗဟုသုတတွေ ပုံပြင်တွေ။ လောကအတွေ့အကြုံတွေ၊ ဟာသတွေ။ ပျော်စရာ ကမ္ဘာလေး တည်ဆောက်ဖို့အိမ်မက်တွေ.......(ဘေးနားက နေ မမောတမ်းပြောပြနေတာကို မမောတမ်း နားထောင်တယ်)


ရွတ်နေမိတဲ့ကဗျာက

မင်းထားခဲ့တဲ့ အလွမ်းချည်တိုင်မှာ

ငါ ကြိုးမပါဘဲ တုပ်နှောင်ခံနေခဲ့ရတာ

အရှိုးရာတွေ တစ်ထပ်ပြီးတစ်ထပ်

အခုတော့ .....

(ကဗျာရှင်ကိုယ်တိုင်ဘဲသိပါစေတော့ )


ဖြစ်ချင်နေတာက
သဇင်ပန်းကိုပန်ချင်ခဲ့
( ကျေနပ်ခဲ့တာက သစ္စာရှိတဲ့ ခရေပန်းလေးတွေကိုသီကုံး ပန်ဆင်ခွင့်)


စားဖြစ်နေတတ်တာက
နွေးထွေးတဲ့ လက်ဆုံထမင်းပွဲလေးတွေ


သနားနေမိတာက
သူတစ်ပါးတွက် ကုန်ဆုံးခဲ့တဲ့အချိန်တွေကိုနှမြောရင်း ကိုယ့်ကိုကိုယ်ဘဲသနားနေမိတယ်။


လွမ်းနေမိတာက
ခုံတန်းလျားလေး၊ လေပြေလေးစော့ကစားပေးတဲ့ ကန်ရေပြင်နားက သစ်ပင်လေး။


မေ့လျော့ပစ်နေမိတာက
ရိုက်ချိုးခံလိုက်ရတဲ့မာနတစ်စုံ။


ခါးသက်နေမိတာက
သစ္စာမဲ့တဲ့နှုတ်ခမ်းတစ်ခု၊


တမ်းတနေမိတာက
တိုရော့နီချော့ကလက်၊


ကြိတ်ပြီးချီးကျူးနေမိတာက
ပြတ်သားတဲ့ အတွေးအခေါ် ရှင်၊


ကြိတ်ပြီးအထင်သေးနေမိတာက
အ တယ်လို့တော့မပြောလိုပါဘူး။ လယ်မလိုနဲ့တော်တော် အတဲ့လူပါ။


ဆန္ဒမရှိတဲ့နေရာ
ဘောင်ခတ်ပြီး အတွေးခေါ်တွေကိုကျဉ်းမြောင်းပေးပီး အတ္တထူတဲ့ ကျွန်းတစ်ကျွန်း။
(ဘယ်တော့မှ မသွားပါ )


ဆန္ဒရှိနေတဲ့ကိစ္စ
အောင်မြင်မူသရဖူကိုဆောင်းချိန် အမေ့ရဲ့ ပီတိပြုံးနဲ့ ပျော်ရွင်ဂုဏ်ယူနေမဲ့ မိသားစုမျက်နှာ၊


မုန်းတီးနေမိတာက
ကိုယ့်ကိုကိုယ်...


ချစ်နေတာက
ဝက်ဝံရုပ်ကြီး ( နာမည်ကိုပေးထားလိုက်တယ်လေ စိတ်ဖြေရာလို့ )


စိတ်ပျက်နေမိတာက
လေးထောင့်ခန်းလေးထဲက မထွက်နိုင်သေးလို့
စိတ်ဓါတ်ကျနေတယ်ဆိုပိုပီပြင်မယ်ထင်တယ်...


စွဲလန်းနေမိတာက
လက်စွပ်


လိုအပ်နေတာက
လူတိုင်းသဲချေကြိုက်.........


တောင်းနေမိတဲ့ဆု
ဘုရားရိပ်မှာ အေးချမ်းစွာနေချင်တယ်။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဘာကြောင့်လည်း.... ဘာကြောင့် ငါ့ကျမှ ဒီလိုဖြစ်ရတယ်......??????????????? တွေနဲ့အတူ !@#%*^@^


ဝန်ခံချင်တာက
ဝန်မခံနိုင်သေးတာကို ၀န်ခံပါတယ်.........

ဂျကာတာရဲ့နေရာတစ်နေရာ

Sunday, August 2, 2009


ခက်ခဲတဲ့ ဂျကာတာက ရပ်ကွက်တစ်ခု.. နောက်ဆူနာမီဒဏ်ကိုခံစားခဲ့ရတဲ့ ရပ်ကွက်တစ်ခုလည်းဖြစ်တယ်။
ဒီရေမှာအ၀တ်လျှော၊် ဒီရေမှာရေချိုး၊ ဒီရေနဲ့မျက်နှာသစ်၊ ဒီေ၇ထဲမှာဘဲ နောက်ဖေးသွား..





သောက်ရေကိုတော့ ရေစဉ်ပေါ်တင်ထားတယ်။ ဒါလည်း ခရစ်ယာန် အဖွဲအစည်းတစ်ခုက သောက်ရေပိုက်လုပ်ပေးထားတော့ ဒီနေရာတစ်ဝိုက်ကလူတွေသောက်ရေ ရနေကြတယ်။

အင်ဒိုနီးရှား ကာလီမန်တန် ကျွန်း အမှတ်တရ....

Saturday, August 1, 2009

ပြုန်းတီးနေသော သစ်တောကြောင့် အင်ဒိုနီးရှား ကာလီမန်တန်လေဆိပ်မှထွက်လိုက်သည်ဆိုလျှင်ဘဲ ပူလွန်းတဲ့ကျောက်ငွေ့အပူကြီးကိုခံစားရသည်။
ခံစားရတာလည်းမပြောပါနှင့် သစ်ပင်ကြီးကြီးကိုတွေ့ချင်လျှင်သစ်တောနက်နက်ကိုရှာ၍ သွားကြည့်မှသာပင်။ လမ်းတစ်လျှောက်တွင်လည်း သစ်ပင် ကြီးကြီး ကိုမတွေ့ရလှပေ။

ကမ္ဘာကြီးပူနွေးမူမှာ ဤ သစ်တောပျက်သုန်းမူမှာ အဓိကပါဝင်နေသည်ဟု နားလည်သောသူများမှာ တော့ဤသစ်တောပြုန်းတီးမူကိုကြောက်ရွံ့လှပေမဲ့ လောဘသမားများမှာတော့ သစ်ပင် များကိုဆက်လက်ခုတ်ထွင်ကာေ၇ာင်းစားနေကြတုန်းပင်။

တောလူဟု ခေါ်သော အင်ဒိုးနီးရှားတို့အတွက် အလွန်တန်ဖိုးထားရသော အူရန်ဂူတန်များကို သတ်ဖြတ်နေသောသူများရှိနေသောကြောင့်မျိုးတုန်းစပြုနေသလို၊ သစ်တောကိုမှီတင်းနေကြရသော သူတို့မှာလည်းသစ်တောပြုန်းတီးသောအခါ နေစရာပျောက်ကြရသည်။ ထို့အတွက်ကြောင့် အူရန်ဂူတန်များ ပျောက်လုနီးပါးပင်ဖြစ်နေသာကြောင့် အဖွဲအစည်းတစ်ချို့မှ သူတို့ကို ပြန်လည် ထိန်းသိမ်းဆောင့်ရှောက်မွေးမြူထားသည်။



သစ်တောပြုန်းတီးနေသော အင်ဒိုနီးရှားကာလီမန်သာကျွန်းအရောက်....
သစ်တောကိုထိန်းသိမ်းရန်အတွက်လေဆိပ်မှဆိုင်းဘုတ်




သစ်တောအတွင်းသို့ဝင်၇န်လုပ်ထားသော ရထားသံလမ်း...
ထရော်လီလိုရထားလေး ဖြစ်သည့်အတွက် အောက်ပြုတ်မကျအောင် အသေကိုင်ကာထားရသည်။ တောထဲရောက်ရန် ထရော်လီကို နာရီဝက်လောက်စီးရသည်။




သစ်ပင်များအောက်ခြေမှရေ အရောင်....
မုတ်သုန်တောဖြစ်သည့်အတွက် သစ်တော အတွင်း သစ်ပင်များအောက်ခြေတွင် ဤအေ၇ာင်ရေများရှိသည်။ ဤရေများမှာ သစ်ပင်ခြေရင်းတွင်မရှိလျှင် သစ်ပင်များခြောက်သွားနိုင်သလို တောမီးများလည်းလောင်တတ်သည်။





အမြဲစိမ်းတောမှာတောလူသားဟုခေါ်သော အူရန်ဂူတန် အငယ်လေးတစ်ကောင်.......
အူရန်ဂူတန် တောလူသား များကိုမွေးထားရာကျောင်းအရောက်




သစ်တောထဲမှ စိတ်ဝင်စားဖွယ် ရေတခေါင်း ပင်....