Thursday, November 5, 2009
ပန်းခြံလေးထဲက
အလွမ်းတွေဝေနေရတဲ့
အထီးကျန်သူ့ဘ၀။
ငြမ်း နှုတ်ခမ်းပါးပါးမှ နာမည်လေးတစ်ခုကိုတိုးတိုးလေးရေရွတ်နေသည်။
မိုးကောင်ကင်တစ်ခုလုံးမှုံမိုင်းနေသည်။ ဒီရာသီလေးက မိုးရာသီကနေ ဆောင်းကိုကူးနေသည့်ရာသီလေးပါ။ ကန်ရေပြင်ကိုဖြတ်သန်းတိုက်ခတ်လာသည့်လေပြေလေး က မျက်နှာကိုဝေ့အသွားမှာ လန်းဆန်းမူတစ်ခု ကိုခံစားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှုံမှိုင်းနေသလို တိတ်ဆိပ်နေသည်။
ပတ်ဝန်းကျင်တိတ်ဆိပ်နေမူကို အခွင့်ကောင်းယူကာ ကမ်းစပ်ကိုလာရောက်တိုက်ခိုက်နေသော ရေလှိုင်းလေးများအသံမှာ ကျယ်လောင်စွာမင်းမူနေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုရေလှိုင်းသံကလွဲလို့ မည်သည့်အသံမှ မပီပြင်။မြင်ကွင်းတစ်ခုလုံးမှာစိမ်းစိုနေသောတောအုပ် ၊လှိုင်းဂယက်များနှင့်ရေပြင်၊ စိတ်တစ်ခုလုံးကိုဒီမြင်ကွင်းက အုတ်စိုးစေသည်။ လောကအလှတွေလွမ်းမိုးနေပေမဲ့ စွဲလမ်းနေတဲ့အာရုံတစ်ခုကသံပါတ်ပေးထားတဲ့စက်ရုပ်တစ်ခုလို…….
ငြမ်း နှုတ်ခမ်းပါးပါးမှ နာမည်တစ်ခုကို ရေရွတ်လိုက်ပြန်ပါတယ်။
ညကတော့လေပြင်းကျခဲ့သည့်အတွက် ရေကန်က ခါတိုင်းလိုမကြည်လင် သစ်ရွက်ခြောက် စို အဆင့်အတန်းမခွဲဘဲ ရေလှိုင်းကြက်ခွပ်တွေကြားမှာ လူးကာလှုပ်ကာ ရှေ့တိုးလာသလိုတစ်ဖုံ နောက်ဆုတ်သွားသလိုတစ်မျိုး ပုံစံအမျိုးမျိုးနှင့် ခါတိုင်းနှင့်မတူ အလှတစ်ခုကိုဖန်တီးနေသလို စိတ်အစဉ်ကိုလည်း ကလူနေသလိုပင်။ ရေကြည်မှာငါးများကူးခတ်တာပီပြင်ခဲ့ပေမဲ့ ဒီလိုရေနောက်မှာ သူတို့လေးတွေဘယ်ပျောက်နေသည်မသိ။ရှာဖွေတာမဟုတ်ပေမဲ့ မျက်စေ့တစ်ဆုံးလိုက်ကြည့်နေမိသည်။ အတွေးထဲမှာတော့ ရှာဖွေနေမိရင်း ပျောက်ဆုံးခဲ့တဲ့လူတစ်ယောက်ကိုကောဆိုတဲ့.. ဒီလိုအ တွေးလေးဝင်လာရင်း.....
ငြမ်း နှုတ်ခမ်းပါးက နာမည်လေးတစ်ခုကိုရေရွတ်မိလိုက်ပြန်သည်။
သဘာဝအလှတွေကိုဘဲ ကြည့်တတ်လွမ်းနေတာလား နှလုံးသားနုနုကဘဲ စွဲလမ်းတတ်လွမ်းတာလားတော့မသိ။ ဒီနေရာလေးနဲ့ဒီအလှကတော့ ဆွဲဆောင်လှသည်။ တစ်ခါတစ်လေ ရင်ထဲမှာ ကြည်နူးသလိုခပ်နွေးနွေးလေး ဖြစ်လိုက်၊ လွမ်းစိတ်ဓါတ်ခံရှိသူမို့လားမသိ ရင်မှာ ခပ်နွမ်းနွမ်းလေး နဲ့ ကျင်ခနဲဖြစ်ကာခံစားမိရပြန်သည်။ ရာသီတွေတစ်ခုပြီးတစ်ခုပြောင်းပေမဲ့အချိန်တန်တော့လည်း တစ်ပါတ်ပြန်ပြန်လည်လာတဲ့ဒီရာသီကတော့ အပြင်ပန်းလေးမှာအေးမြလို့လမ်းဆန်းနေပေမဲ့ ပုံသေနည်းတူလူသားတွေကြောင့်လားမသိ ရင်ထဲမှာတော့ နွေးထွေးမူကိုပြန်မရနိုင်တော့ဘဲ နာကျင်နေဆဲ။ ဥပေက္ခာတရားကိုလက်ကိုင်ထားတတ်နေသော်ငြားလည်း ဒီရာသီဥတုအခြေအနေက ပြန်လည် မလမ်းနိုင်တော့တဲ့နှလုံးက ဒဏ်ရာကိုကျက်အောင်မလုပ်နိုင်တော့ပေ။ ဒါပေမဲ့လည်း စွဲလမ်းတတ်လွမ်းတဲ့သူ ငြမ်းတစ်ယောက် အတွက်ကတော့ဆောက်တည်ရာမရ အနွမ်းပန်းကိုလက်မှာကိုင်ဆောင်ရင်း........
ငြမ်း နှုတ်ခမ်းပါးနှစ်ခုလေး တွန့်လူးကာနာမည်တစ်ခုကိုရေရွတ်လိုက်ပြန်ပါသည်။
မည်၍မည်မျှကြာမည်မသိ။ နောက်ထပ်တစ်ဖန်ဒီရာသီတွေက ရက်စက်နေဦးမည်ပင်လား။
Posted by sait phay yar at 7:25 PM 0 comments Links to this post
Labels: အတွေးစလေး
Posted by sait phay yar at 5:30 AM 1 comments Links to this post
Labels: ကဗျာ
ကိုအောင်ရေးခိုင်းလို့ရေးလိုက်ပါဦးမယ်လေ။ မရေး၇င် လွယ်ဘူး ...
ကိုယ့်အတွက်ကတော့ ကမ္ဘာကုန်မဲ့နေဟာ ဒီလောကမှာနေရတဲ့နောက်ဆုံးနေ့လေးပါဘဲ။ တောင်ဘက်မှာမိုးညိုရင်မိုးရွာတော့မယ်ဆိုတာသိကြတယ်။ တစ်ခါတစ်လေ ပြဿနာတစ်ခုခုဖြစ်မယ်ဆိုရင်တောင် စိတ်က လေးနေတာတို့ဘာတို့ဖြစ်တတ်သေးတာဘဲ ကိုယ့်ရဲ့လောကမှာနောက်ဆုံးနေရမဲ့နေ့ကိုလည်း လူတွေရဲ့စိတ်မှာတစ်နည်းမဟုတ်တစ်နည်းတော့သိနေကြလိမ့်လို့ထင်မိတယ်။ ကိုယ့်ထက်အရင်သေးဆုံးသွားသူတွေပြောမသွားခဲ့ကြပေမဲ့ သေဆုံးသွားပီးတော့မှ သူသေတော့မှာမို့ဒီလိုလုပ်ခဲ့တာနေမှာ သူနောက်ဆုံးစကားက ကြည့်ပါဦး။ စသဖြင့်တော့၇ှိကြတယ်။ကမ္ဘာကုန်တော့မယ် ဆိုရင်လည်း တစ်နည်းမဟုတ်တစ်နည်း လူတွေခံစားသိကြမှာဘဲလို့ယုံကြည်မိတယ်။ ထားပါတော့လေ... သူရေးခိုင်းတဲ့ပုံစံအတိုင်းရေးရဦးမယ်။
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
အမှန်တိုင်းပြောရရင် ကိုယ့်ကိုချစ်နေတဲ့လူတွေတစ်ယောက်မှ ကိုအနားမှာမရှိစေချင်တာ။ သူတို့တစ်တွေခံစားနေရတာကိုမကြည့်ချင်လို့။ ဒါပေမဲ့ အနားမှာ ရှိနေစေချင်ဆုံးလူတစ်ယောက်ကတော့ အမေဘဲ။ အမေ့ရင်ခွင်မှာနားခိုရင်း အမေမေတ္တာဆိုပေးနေသံလေးကိုကြားပီးစိတ်ထဲမှာ အေးချမ်းမူ ငြိမ်းချမ်းမူတစ်ခုကိုတော့ နောက်ဆုံးခံယူသွားချင်တယ်။
၂။ဘာတွေခံစားနေရမလဲ..
ငါ ဆိုတဲ့ မာနာတစ်ခုကိုတော့ခြွေချခဲ့ရမှာပါလားဆိုတာကိုက တော်တော်လေး နှမြောမိတယ်။ ကိုယ်ဖန်တီးချင်တဲ့အိမ်မက်တွေ ငါမရှိရင်မဖြစ်ဘူးလို့ထင်ပီးလုပ်ခဲ့တဲ့လုပ်ငန်းတွေ အဲဒါတွေအကုန်ပျက်စီးမည့်အရေးကိုကြည့်ပြီး ၀မ်းနည်းမိမယ်။ ကိုယ်က မာနကြီးတဲ့လူဆိုတော့ အဲဒီခံစားချက်ကပိုများနေမယ်။
၃။ ဘာတွေပြင်ဆင်ထားမလဲ
တစ်ကယ်တမ်းတော့ ထွေထွေထူးထူးပြင်ဆင်မိမှာမဟုတ်ဘူး ဘာလို့ဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မူက အပြည့်ရှိနေတတ်တဲ့သူတစ်ယောက်လေ။ မနက်ဖြန်လိုစာမေးပွဲရှိမှ စာထိုင်ကျက်နေတတ်တဲ့လူမဟုတ်ဘူး။ ကိုယ်လုပ်ရမဲ့နေ့စဉ်တာဝန်တွေကို သေချာလုပ်ကိုင်တယ်။ အေးဆေးဘဲနေ့စဉ်တွေကိုကျော်ဖြတ်တတ်နေပြီ။
၎။ ၀မ်းနည်းမိမှာက
ဝမ်းနည်းမိမှာကတော့ ပျော်ရွင်ခဲ့တဲ့ကြည်နူးခဲ့တဲ့ အချိန်လေးတွေကိုနှမြောမိနေမှာပါ။ ဘယ်သူနဲ့လည်းဆိုတာကတော့ ကိုယ့်ကိုတစ်ကယ် ဖြူစင်ရိုးသားစွာချစ်ကြတဲ့ မိသားစုလေးရယ် ကိုယ့်လိုအပ်ချက် ကိုယ့်ပျော်ရွင်မူကို အမြဲဂရုစိုက်ပေးတဲ့ ချစ်သူမိတ်ဆွေနဲ့ခွဲရမှာကိုတော့ဝမ်းနည်းမိမယ်။ နောက်ပီး လူတွေဒုက္ခရောက်နေတာကို ၀မ်းနည်းစွားထိုင်ကြည့်နေရမှာကိုမလိုလားဘူး။
၅။ကြောက်လန့်မိတာက..
ကြောက်နေမိမှာကတော့ တိုက်တွေပြိုကျတာတွေ မြေကြီးတွေကျွံကျတာတွေ လူတွေအော်သံတွေ မြင်ရမှာကိုတော့ မခံစားချင်ဘူး။
၆။ဆောင်ထားချင်တာ..
ကိုယ့်လက်ထဲမှာ စိတ်ပုတီးတစ်ခုကိုတော့ဆောင်ထားမိမယ်။ မယ်တော့်ကိုချစ်တော့ ဘယ်သွားသွားဘယ်နေရာမှာဘဲ ရှိရှိ ဆောင်ထားတတ်တော့ နောက်ဆုံးအချိန်လေးအထိလည်း ဆောင်ထားချင်တယ်။
၇။ဘာတွေရေးမိမလဲ..
အဲဒီအချိန်မှာတော့ရေးထားရင်လည်းအပိုဘဲဆိုတော့ တစ်ကယ်လို့ရေးခွင့်ရခဲ့ရင်တောင် ရင်ထဲမှာ တစ်သက်လုံးသိမ်းထားတဲ့စာကြောင်းလေး၊ နောက် ပီး ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်ကိုခွန်အားတွေပေးနေခဲ့တဲ့ စာတကြောင်းလေးကိုတော့ရေးချမိမယ်ထင်တယ်။ (Fear not I am with you always ) ဆိုတဲ့စာလေးပါ။
ဂ။တွေးမိတွေးရာ အတွေး
သေခဲ့ရင် တောင် ငါတစ်ယောက်ထဲမိုးကောင်းကင်တော့မသွားဘူး လူတွေအားလုံးနဲ့တူတူ ဘုရားသခင်အရိပ်မှာ ပျော်ရွင်စွာဆုံတွေ့ချင်တယ်ဆိုတာလေးကိုတော့တွေးနေမယ်။
၉။ဂုဏ်ယူချင်တာက
ကိုယ့်ကိုအရမ်းချစ်တဲ့ မိဘမောင်နှမရယ် ချစ်သူရယ် မိတ်ဆွေသူငယ်ချင်းတွေရှိခဲ့တယ်။ဆိုတာကိုတော့ ဂုဏ်ယူချင်တယ်။
၁၀။ရှာကြံဖြေသိမ့်မိတာက
လောကမှာနေတုန်းဘုရားသခင်ရဲ့ကျေးဇုးတော်တွေ မနဲဘူး ဆိုတာတွေကိုစဉ်းစားနေမိမှာပါ။ (Counting the Graces and Blessings )
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
( Nearer My God To Thee) သီချင်းကိုကျူးရင့်ရင်း နောက်ဆုံးအချိန်ကိုကုန်လွန်ချင်တယ်။ အဲလိုအချိန်မှာ ကိုယ်တစ်ယောက်ထဲ သီဆိုနေချင်းမဟုတ်ဘဲ ကိုယ့်အနီးနားမှာရှိတဲ့ လူတွေအားလုံးပါ ၀ိုင်းဝန်းသီဆိုစေချင်တယ်။
Posted by sait phay yar at 6:52 PM 4 comments Links to this post
Labels: tag
Posted by sait phay yar at 7:36 PM 0 comments Links to this post
Labels: မဲခေါင် ခရီးစဉ်
Posted by sait phay yar at 6:01 PM 3 comments Links to this post
Labels: မဲခေါင်ခရီးစဉ်.
Posted by sait phay yar at 5:18 AM 2 comments Links to this post
Labels: မဲခေါင်ခရီးစဉ်.