နေမ၀င်အချစ်

Friday, October 30, 2009

မင်းကိုဖုံးကွယ်ပေးထားမဲ့ ပတ်ဝန်းကျင်က
တံခါးမရှိတဲ့ ခြံစည်းရိုးလေးတစ်ခုထဲမှာကွယ်ဝှက်ခဲ့ရင်လည်း
မင်းနဲနီးဖို့ဆိုရင်၊
ဥဏ်ခွန်အားနဲ့တွေ့အောင်ကြံစမိမှာပါ။

ရေစက်ကလေးတစ်စက်ဘ၀ဖြစ်ခဲ့ရင်တောင်
ရေစီးကြောင်းကြောင့် ဝေးကြရရင်
သံသရာလည်နေမဲ့ရေအဖြစ်နဲ့
မင်းရှိနေမဲ့နေရာလေးကိုပြန်ရောက်အောင်ကြိုးစားမိမှာပါ။

ဝေးခြင်းနီးခြင်းတွေကို
အလွန်ကြောက်ခဲ့လို့
မနက်ဖြန်ဟာမင်းနဲ့ဝေးရမယ်ဆိုတာသိခဲ့ရင်လေ
နေမ၀င်တဲ့ဆည်းဆာတစ်ခုကိုငါဖန်တီးပစ်ခဲ့မိမှာပါ။


ကမ္ဘာပျက်မ ည့်နေ့တဲ့

Wednesday, October 28, 2009

ကိုအောင်ရေးခိုင်းလို့ရေးလိုက်ပါဦးမယ်လေ။ မရေး၇င် လွယ်ဘူး ...
ကိုယ့်အတွက်ကတော့ ကမ္ဘာကုန်မဲ့နေဟာ ဒီလောကမှာနေရတဲ့နောက်ဆုံးနေ့လေးပါဘဲ။ တောင်ဘက်မှာမိုးညိုရင်မိုးရွာတော့မယ်ဆိုတာသိကြတယ်။ တစ်ခါတစ်လေ ပြဿနာတစ်ခုခုဖြစ်မယ်ဆိုရင်တောင် စိတ်က လေးနေတာတို့ဘာတို့ဖြစ်တတ်သေးတာဘဲ ကိုယ့်ရဲ့လောကမှာနောက်ဆုံးနေရမဲ့နေ့ကိုလည်း လူတွေရဲ့စိတ်မှာတစ်နည်းမဟုတ်တစ်နည်းတော့သိနေကြလိမ့်လို့ထင်မိတယ်။ ကိုယ့်ထက်အရင်သေးဆုံးသွားသူတွေပြောမသွားခဲ့ကြပေမဲ့ သေဆုံးသွားပီးတော့မှ သူသေတော့မှာမို့ဒီလိုလုပ်ခဲ့တာနေမှာ သူနောက်ဆုံးစကားက ကြည့်ပါဦး။ စသဖြင့်တော့၇ှိကြတယ်။ကမ္ဘာကုန်တော့မယ် ဆိုရင်လည်း တစ်နည်းမဟုတ်တစ်နည်း လူတွေခံစားသိကြမှာဘဲလို့ယုံကြည်မိတယ်။ ထားပါတော့လေ... သူရေးခိုင်းတဲ့ပုံစံအတိုင်းရေးရဦးမယ်။


၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
အမှန်တိုင်းပြောရရင် ကိုယ့်ကိုချစ်နေတဲ့လူတွေတစ်ယောက်မှ ကိုအနားမှာမရှိစေချင်တာ။ သူတို့တစ်တွေခံစားနေရတာကိုမကြည့်ချင်လို့။ ဒါပေမဲ့ အနားမှာ ရှိနေစေချင်ဆုံးလူတစ်ယောက်ကတော့ အမေဘဲ။ အမေ့ရင်ခွင်မှာနားခိုရင်း အမေမေတ္တာဆိုပေးနေသံလေးကိုကြားပီးစိတ်ထဲမှာ အေးချမ်းမူ ငြိမ်းချမ်းမူတစ်ခုကိုတော့ နောက်ဆုံးခံယူသွားချင်တယ်။

၂။ဘာတွေခံစားနေရမလဲ..
ငါ ဆိုတဲ့ မာနာတစ်ခုကိုတော့ခြွေချခဲ့ရမှာပါလားဆိုတာကိုက တော်တော်လေး နှမြောမိတယ်။ ကိုယ်ဖန်တီးချင်တဲ့အိမ်မက်တွေ ငါမရှိရင်မဖြစ်ဘူးလို့ထင်ပီးလုပ်ခဲ့တဲ့လုပ်ငန်းတွေ အဲဒါတွေအကုန်ပျက်စီးမည့်အရေးကိုကြည့်ပြီး ၀မ်းနည်းမိမယ်။ ကိုယ်က မာနကြီးတဲ့လူဆိုတော့ အဲဒီခံစားချက်ကပိုများနေမယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ
တစ်ကယ်တမ်းတော့ ထွေထွေထူးထူးပြင်ဆင်မိမှာမဟုတ်ဘူး ဘာလို့ဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မူက အပြည့်ရှိနေတတ်တဲ့သူတစ်ယောက်လေ။ မနက်ဖြန်လိုစာမေးပွဲရှိမှ စာထိုင်ကျက်နေတတ်တဲ့လူမဟုတ်ဘူး။ ကိုယ်လုပ်ရမဲ့နေ့စဉ်တာဝန်တွေကို သေချာလုပ်ကိုင်တယ်။ အေးဆေးဘဲနေ့စဉ်တွေကိုကျော်ဖြတ်တတ်နေပြီ။

၎။ ၀မ်းနည်းမိမှာက
ဝမ်းနည်းမိမှာကတော့ ပျော်ရွင်ခဲ့တဲ့ကြည်နူးခဲ့တဲ့ အချိန်လေးတွေကိုနှမြောမိနေမှာပါ။ ဘယ်သူနဲ့လည်းဆိုတာကတော့ ကိုယ့်ကိုတစ်ကယ် ဖြူစင်ရိုးသားစွာချစ်ကြတဲ့ မိသားစုလေးရယ် ကိုယ့်လိုအပ်ချက် ကိုယ့်ပျော်ရွင်မူကို အမြဲဂရုစိုက်ပေးတဲ့ ချစ်သူမိတ်ဆွေနဲ့ခွဲရမှာကိုတော့ဝမ်းနည်းမိမယ်။ နောက်ပီး လူတွေဒုက္ခရောက်နေတာကို ၀မ်းနည်းစွားထိုင်ကြည့်နေရမှာကိုမလိုလားဘူး။

၅။ကြောက်လန့်မိတာက..
ကြောက်နေမိမှာကတော့ တိုက်တွေပြိုကျတာတွေ မြေကြီးတွေကျွံကျတာတွေ လူတွေအော်သံတွေ မြင်ရမှာကိုတော့ မခံစားချင်ဘူး။

၆။ဆောင်ထားချင်တာ..
ကိုယ့်လက်ထဲမှာ စိတ်ပုတီးတစ်ခုကိုတော့ဆောင်ထားမိမယ်။ မယ်တော့်ကိုချစ်တော့ ဘယ်သွားသွားဘယ်နေရာမှာဘဲ ရှိရှိ ဆောင်ထားတတ်တော့ နောက်ဆုံးအချိန်လေးအထိလည်း ဆောင်ထားချင်တယ်။

၇။ဘာတွေရေးမိမလဲ..
အဲဒီအချိန်မှာတော့ရေးထားရင်လည်းအပိုဘဲဆိုတော့ တစ်ကယ်လို့ရေးခွင့်ရခဲ့ရင်တောင် ရင်ထဲမှာ တစ်သက်လုံးသိမ်းထားတဲ့စာကြောင်းလေး၊ နောက် ပီး ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်ကိုခွန်အားတွေပေးနေခဲ့တဲ့ စာတကြောင်းလေးကိုတော့ရေးချမိမယ်ထင်တယ်။ (Fear not I am with you always ) ဆိုတဲ့စာလေးပါ။

ဂ။တွေးမိတွေးရာ အတွေး
သေခဲ့ရင် တောင် ငါတစ်ယောက်ထဲမိုးကောင်းကင်တော့မသွားဘူး လူတွေအားလုံးနဲ့တူတူ ဘုရားသခင်အရိပ်မှာ ပျော်ရွင်စွာဆုံတွေ့ချင်တယ်ဆိုတာလေးကိုတော့တွေးနေမယ်။

၉။ဂုဏ်ယူချင်တာက
ကိုယ့်ကိုအရမ်းချစ်တဲ့ မိဘမောင်နှမရယ် ချစ်သူရယ် မိတ်ဆွေသူငယ်ချင်းတွေရှိခဲ့တယ်။ဆိုတာကိုတော့ ဂုဏ်ယူချင်တယ်။

၁၀။ရှာကြံဖြေသိမ့်မိတာက
လောကမှာနေတုန်းဘုရားသခင်ရဲ့ကျေးဇုးတော်တွေ မနဲဘူး ဆိုတာတွေကိုစဉ်းစားနေမိမှာပါ။ (Counting the Graces and Blessings )

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
( Nearer My God To Thee) သီချင်းကိုကျူးရင့်ရင်း နောက်ဆုံးအချိန်ကိုကုန်လွန်ချင်တယ်။ အဲလိုအချိန်မှာ ကိုယ်တစ်ယောက်ထဲ သီဆိုနေချင်းမဟုတ်ဘဲ ကိုယ့်အနီးနားမှာရှိတဲ့ လူတွေအားလုံးပါ ၀ိုင်းဝန်းသီဆိုစေချင်တယ်။

မဲခေါင်မြစ်ဘေးက သန်မ်တင်း ဂူ....

Monday, October 26, 2009




မဲခေါင်မြစ်ရဲ့ညနေဆည်းဆာ

Sunday, October 25, 2009





ကင်မရာက သိပ်မကောင်းတော့ သိပ်တော့မလှဘူး ဒါပေမဲ့ ဒီအရောင်နဲ့ဆည်းဆာပုံလေးတွေကို နှစ်သက်လို့တင်လိုက်တာ။

မဲခေါင်မြစ်ရဲ့ရှုခင်းတစ်ချို့

မဲခေါင်မြစ်ကမ်းဘေးက ကျောက်ဆောင်.

မဲခေါင်မြစ်တစ်လျှောက် ဒီလိုဝဲတွေအများကြီးပါဘဲ


ကောင်းကင်က တိမ်ရိပ်တွေအမျိုးမျိုးပြောင်းနေတာကို ကြည့်ရတာကို တစ်မျိုးပျော်စရာပါဘဲ


အလွမ်း

Friday, October 9, 2009

အလွမ်းတွေကိုစမ်းရေထဲမှာမျှောလိုက်ပီ တဲ့...

ကိုယ့် အတွက်တော့ မမျှောနိုင်ဘူးလေ
အဲဒီအလွမ်းလေးကို ကျမ စွဲမက်နေတယ်။
ကိုယ့်စိတ်တွေမွန်းကြပ်လာတိုင်း
ဒီကန်ရေပြင်လေးကိုလာနေကြပါ။
တစ်ခါတစ်လေ ရေမှော်နံ့ကနံနေပေမဲ့
အခုလို အချိန်မှာ ဒီရနံ့ က ခွန်အားတစ်ခုဖြစ်စေပြန်တယ်။
ကန်ထဲမှာလွတ်လပ်စွာကူးခပ်နေတဲ့ ငါးတွေ လိပ်တွေ ကိုကြည့်ရင်း အားကျနေမိတယ်။
လူတစ်ယောက်ကို
အရမ်းလွမ်းနေတယ်။
အရမ်းသတိရနေတယ်။
မရှိမဖြစ်လိုအပ်နေတယ်။
ဒါတွေကိုသူမသိနိုင်တော့ဘူးလေ။
သူဘယ်တော့မှသိမှာမဟုတ်သလို
ကိုယ်နဲ့သူနဲ့ကြားကဝေးကွာလွန်းသွားပြီ။
အခုလိုဝေးသွားတော့မှ သူ သာအနားမှာ ရှိပေးရင၊်
စကားတွေပြောပေးနေရင်၊ အမြဲတူတူလျှောက်သွားနေကြရရင်
ဘယ်လောက်ကောင်းလိုက်မလည်းပေါ့နော်။

အတွေးတွေတစ်စစီနဲ့မွန်းကြပ်နေသော
ရင်ကိုငြိမ်းလေမလား လို့ သက်ပြင်းတွေအခါခါချနေမိတယ်။
သိနေမိတယ် သူဘယ်တော့မှ ကိုယ့်အနားက
ပြန်လာတော့မှာမဟုတ်ဘူးဆိုတာကို။
လွမ်းနေမိတယ်။ အရင်ကလို ပျော်ရွင်ဖွယ် အချိန်တွေကိုသတိရနေမိတယ်။
ပြန်မရတော့တဲ့အချိန် ပြန်မလာတော့တဲ့လူတစ်ယောက်
ဒါပေမဲ့ ကျေကျေနပ်နပ်လွမ်းနေမိတယ်။
လူတွေက ပြောကြတယ် ကိုယ့်ကို ကိုယ် ဒုက္ခပေးရတာလည်းတဲ့လေ။
ဒါပေမဲ့ ခေါင်းမာတယ်ပြောပြော ညာတတ်သူ သူ့ကိုမှ ချစ်ခဲ့မိတာကိုး.....

အဲဒီအလွမ်းတွေကို စမ်းရေထဲမမြောရက်ဘူးလေ
သိမ်းထားမယ် ထာဝရသိမ်းထားတော့မယ်။
ပြန်လာဖို့ ဇွတ်အတင်းမတောင်းဆိုချင်တော့သလို
သူပျော်ရွင်တဲ့ သူတစ်ဦးထံမှာ ပျော်ရွင်နေတာကိုဘဲ
အဝေးကနေတိတ်တိတ်လေးကြည့်ရင်း
သူ့ကိုချစ်ကြောင်းတွေကိုပြောပြလိုက်တော့မယ်။

အညိုရောင်ညနေခင်း

Tuesday, October 6, 2009

လွမ်းတယ်လို့ပြောချင်ပေမဲ့
မင်းက မ၇ှိ
မင်းက မကြား
မင်းက မထူး
ငါ့ညနေလေး ညိုမှောင်နေ။

အမေရယ်

Sunday, October 4, 2009

အမေရယ်
အေးမြတဲ့ရင်ခွင်မှာနားချင်ပေမဲ့၊
အပူလောက၀မ်းစာရေးတွက်
သွင်မတူတောမှာ ဟန်လုပ်ပြုံးရင်း၊
ကျော်ဖြတ်ရတာ ရက်လနှစ်ပါ မေ။

အမေရယ်
လွမ်းတယ်လို့လည်း မပြောရက်၊
ညစ်တယ်လို့လည်းမညည်းသာ၊
ရှေ့မတိုးသာနောက်မဆုတ်သာ၊
ဝေးဝေးကသာလွမ်းရပါတယ် မေ။

အမေရယ်
ရှိတာလေးနဲ့တင်းတိမ်နေရင်း
ရွှေကိုလည်း အမေမ မက်
ငွေဆိုတာလည်းအမေမမျှော်
သမီးရဲ့အပြန်ကိုမျှော်နေတတ်တာ မေ။

အမေရယ်
အပူတောမှာဘယ်လောက်ကြာမယ်
အပြန်ရက်က ဘယ်သောခါလည်း
မတွက်နိုင်လည်း
ပြန်ဆုံမဲ့နေ့ထိ စောင့်နေပေးပါ မေ။