နှင်းမှုန်တွေကွယ်တဲ့မိုး...

Thursday, August 20, 2009

ဒီနေ့မိုးတွေရွာနေတယ်။ နှင်းကတော့ မကျတော့ပါဘူးလေ။ နှင်းကိုချစ်ခဲ့ပေမဲ့ နှင်းနဲ့ဝေးရာမှာပါ။ မိုးရည်တစ်စက်ပီးတစ်စက် ခေါင်းပေါ်ကျလာတယ်။ နေရာမပြောင်းပါဘူး ဆက်ထိုင်နေမိတယ်။

ဟုတ်တယ်လေ အတွေးတွေရပ်လို့မရဘူး။ နှင်းကိုမျှော်နေတဲ့သူတစ်ယောက်အတွက် မိုးစက်လေးတွေကြားမှာ မမှိတ်မသုန် ငြိမ်သက်စွာ မိုးစက်လေးတွေကို နှင်းမှုန်အလားခံစားကြည့်မိနေတယ်။

မိုးတွေချိန်းနေတယ်။ မကြာခင်မှာ သဲကြီးမဲကြီးရွာတော့မယ်ဆိုတာကိုချိန်းခြောက်နေတယ်။ ကြောက်စရာကောင်းအောင်သိမ့်သိမ့်ခါအောင် အော်ဟစ်ပြနေလိုက်တာ။
ငယ်ငယ်ကတည်းက ဒေဝေါဆိုကာခြောက်လှန့်ခံခဲ့၇တော့ အခုလည်းမိုးချိန်းရင် မသိစိတ်က လန့််နေတုန်း။ ဒါပေမဲ့အခုတော့ ကြောက်စိတ်ထက်ရင်ထဲကနာကျင်မူဒဏ်ရာ ကမကျက်သေးသလို အတိတ်ကိုမှန်းဆနေမိတော့ အော်ဟစ်နေတဲ့ ဒေဝေါ မတိုးနိုင်ခဲ့ပါဘူး။

သက်ပြင်းတစ်ချက်ကိုအပြင်းအထန်ချလိုက်ရင်း ပြန်မှ ဖြစ်မည်။ မပြန်လို့မဖြစ်တော့ ကျန်းမာရေးက ကောင်းရှာသူဆိုတော့ အိမ်အမြန်ပြန်မှဖြစ်မည်။ အိမ်မရောက်ခဲ့ရင်လည်း နေရာတစ်နေရာမှာဝင်ခိုမှပင်။ မဲမှောင်နေတဲ့ကောင်းကင်ကိုအသာလေးကြည့်လိုက်ပြီး မိုးရယ်... ဆိုက ထိုင်ရာမှထ ထိုင်လိုက်မိသည်။

ထိုင်ရာမှအထ နောက်လှည့်အကြည့်မှာဘဲ လူတစ်ယောက် ထီးလေးအနောက်ကနေ ဆောင်းပေးထားလိုက်သည်ကိုခုမှသတိထားမိလိုက်ရသည်။

“လာကိုယ့်ထီးအောက်ကိုလာ။ မင်းကိုစောင့်နေတာ မင်းကို အိမ်အထိလိုက်ပို့မယ်နော်။ မိုးတွေကျလာကတည်းက ကိုယ်မင်းနောက်က အမှီလိုက်လာတာ။မင်းလေးနေမကောင်းဖြစ်မှာဆိုးလို့ ကိုယ် ထီးအမြန်ယူပီးလိုက်လာတာ စိတ်ပူလိုက်ရတာကွာ။
မင်းကလည်းပျောက်သွားတာ လိုက်လို့တောင်မမှီဘူး။ ”

ခရားရေလွှတ်အဆက်မပြတ်ပြောနေတဲ့သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း ဘာရယ်မဟုတ်ပါဘူး
“မိုးဖွဲလေးတွေကျရင် ဒီကန်ရေပြင်လှုပ်နေတာကကြည့်ကောင်းလို့ပါ။”
ညာတာသိနေပေမဲ့ သူခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ မနက်ဖြန်တွေတိုင်းမှာကိုယ်အမြဲရှိနေပါ့မယ်လေ။ မင်းရဲ့အတိတ်တွေကိုဖျောက်လိုက်ပါလို့မပြောလိုပါဘူး။ ဒါပေမဲ့ မင်းလက်ခံလာမဲ့နေ့ကိုစောင့်နေမယ်နော်။ မင်းရဲ့လိုအပ်နေမူတွေကို လိုက်ဖြည့်ပေးခွင့်လေးကိုဘဲကျေနပ်နေပါပီလေ။”

မိုးတွေအရမ်းသဲလာတော့ ထီးလေးတစ်ချောင်းအောက်မှာ ပိုမိုနီးစပ်သွားကြသည်လေ။
အပြန်လမ်းမှာ ရေတွေ တစ်ဖြည်းဖြည်းများလာသည်။ လမ်းလျှောက်ရတာလည်း တစ်ဗွမ်းဗွမ်းပေါ့။ သူကတော့ ကိုယ်စိုမှာကိုစိုးရိမ်တော့ ကိုယ့်အပေါ်မှာဘဲထီးက၊ သူ့ကတော့ တော်တော်လေးစိုနေပီလေ။ ဂရုစိုက်မူလေးကို တော့ကျေနပ်မိသည်။ သူ့ဂရုစိုက်မူတွေကတော့ ကိုယ့်အတွက်အမိုးတစ်ခုလို အမြဲတမ်းပင်။နှစ်ယောက်သားတိတ်စိတ်သွားကြသည်ပင်။ အတွေးကိုယ်စီနှင့် ခြေထောက်အောက်ကရေများကိုစောကစားရင်းနဲ့....

နောက်တော့ တိတ်စိတ်စွာပါလာတဲ့သူ့ကို ထီးက ကျလာတဲ့ရေလေးတွေကိုခံလိုက်ရင်းပက်လိုက်သည်။ သူကလည်း အံ့သြကာ ကြည့်ရင်း သူကလည်းပြန်ပက် ကိုယ်ကပြန်ပက်နဲ့ ရီသံတွေပျံ့လွင့်လာသည်။ ကိုယ့်ရဲ့ပါးချိုင့်တွေပေါ်အောင်ရည်နေသည်ကိုကြည့်ရင်း ...

“ပျော်လားဟင်... ”
“အင်း...ပျော်လာပီ... ”
“ မင်းကိုတစ်သက်လုံးပျော်စေချင်တယ်။ ”
ယေကျားပီသတဲ့ သူ့မျက်နှာကိုသေချာပြန်ကြည့်ရင်းနှစ်ခြိုက်စွာပြောလိုက်မိသည်။

“အင်း မိုးနဲ့ပျော်တတ်ခဲ့ပီ။”
“တစ်ကယ်ပြောတာလား”
ကိုယ်ခေါင်းညိတ်ပြလိုက်သည်။

ပျော်ရွင်မူတွေပေးတဲ့ မိုးကိုမေ့နေမိပီး မမြင်နိုင်တဲ့ နှင်းကို တမ်းတနေမိတဲ့အချိန်တွေကို နှမြောမိသည်။ မိုးရေတွေနဲ့စော့ကစားတတ်ခဲ့ပီ။ မိုးရေတွေက ပျော်ရွင်မူတွေပေးနေပီဆိုတာသိလိုက်ရသည်။ တစ်ခဏအတွင်းမှာဘဲ အတွေးအာရုံဏ်ထဲက နှင်းမှုန်တွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပျော်ရွင်မူတွေပေးတဲ့မိုးစက်ကလေးတွေကို အမိအရဖမ်းဆုတ်လိုက်ရင်း သူ့မျက်နှာကိုပက်လိုက်ပါတော့သည်။
ကိုယ့်ပျော်ရွင်နေသည်ကိုကျေကျေနပ်နပ်သူ ငေးနေတော့သည်လေ။
ဒီအပျော် ဒီအပြုံးကတော့ သူ့ဘ၀မှာပထမဦးဆုံးသူမြင်လိုက်ရခြင်းပင်လေ။