ဆုမတောင်းတော့ပါ။

Friday, September 25, 2009


ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ငါဆုမတောင်းတော့ပါဘူးလေ။

ငါ့ဆန္ဒကမင်းနဲ့နီးဖို့၊
မင်းဆန္ဒကငါနဲ့ဝေးဖို့၊
ရင်ခွင်သစ်မှာပျော်နေသူတွက်
ငါဆုမတောင်းတော့ဘူးချစ်သူ။


တစ်ကနေစဖို့မတောင်းသလို
နှစ်ဆိုတဲ့နေရာကူးခက်ခက်။

ဖျက်မရတဲ့အမာရွတ်ထက်
နာကျင်မူတွေထပ်မတိုးလိုလို့
ကျေနပ်စွာနောက်ဆုတ်ရင်း၊
ငါဆုမတောင်းတော့ပါဘူးချစ်သူ။