ဆောင်းအလွမ်း

Tuesday, January 5, 2010

အလွမ်းဆိုတာ ဖြေရှင်းလို့မရတဲ့ပုဒ်စာတစ်ခုလို့ပြောချင်တယ်။
ခုလိုနှင်းတွေဝေနေတဲ့ဆောင်းက ပိုပီး အလွမ်းတွေပိုစေတယ်။ ယောင်ပီး ပါးလေးကိုစမ်းမိတယ်။ မောင်နမ်းခဲ့တဲ့ပါးလေး ခုထိ ပူနွေးနွေးလေးဖြစ်နေသလိုခံစားရတယ်။ သတိရတဲ့စိတ်တွေပြေပါစေတော့ရယ်လို့ စာတွေချချရေးမိတယ်။ အလွမ်းစာမျက်နှာတွေက တစ်နှစ်ပီးတစ်နှစ်ပြောင်းပေမဲ့ မေ့မရသလို ဟောင်းခဲ့တဲ့စာမျက်နှာတွေကိုပြန်ကြည့်တော့လည်း ဒီနေ့မှာခံစားနေရသလို အသစ်စက်စက်လေးပါဘဲလေ။

အရှုံးသမားတစ်ယောက်ရယ်ခံစားခဲ့၇တာ ခုချိန်ထိမေ့မရ ပြောင်းလည်းလို့မရ။ ညတွေအားလုံးဟာ စိတ္တဇညတွေလိုဘဲ ဖြတ်သန်းနေရတယ်။ မောင်တစ်ယောက်ကတော့ မေ့လို့တောင် ဘ၀သစ်မှာပျော်နေပီ။

မောင်ကတော့ မောင်ေ၇ွးချယ်ခဲ့တဲ့ ကြင်ဖော်နဲ့သာယာတဲ့ဘ၀တစ်ခုကိုတောင်တည်ဆောက်နိုင်ခဲ့ပီ။ အချစ်ဆိုတာလည်း တစ်ခါတစ်လေထူးစမ်းသည်။ ကိုယ့်ကိုမချစ်တဲ့လူ ကိုယ့်ကိုတန်ဖိုးမထားတဲ့လူတစ်ယောက်ကိုလည်းချစ်ချင်ချစ်နေတတ်တာ။ မောင်ထွက်သွားပီးကတည်းက ဆောက်တည်ရာမရ ဝေလေလေနဲ့ ဘ၀ကိုလျောက်လှမ်းနေတာ ခုဆို ၇က်ကနေ နှစ်တောင်ကူးပီ။

တစ်ရက်မှမေ့မရဘူး တစ်ရေးနိုးလို့တမ်းတမိတာက မောင် အနားမှာရှိနေသလိုလို။ သေချာပြန်ကြည့်ကြည့်တော့ မောင် အနားမှာ မ၇ှိ တစ်သက်လုံးမရှိနိုင်တော့ ပြန်မဆုံနိုင်တော့တဲ့နေရာ သီးသန့်ကမ္ဘာလေးမှာ မောင်၇ှိနေတယ်။ တစ်ခါတစ်လေ မောင်ပျော်နေတာ မောင်မိသားစုလေးနဲ့ပျော်မြူးနေတာလေးကို တွေးရင်း မောင့်အပြုံးလေးကိုဘဲ စိတ်ကူးယဉ်ပီး ကြည်နူးနေမိတယ်။

အဲဒီအသိုင်းအ၀န်းနားမှာတော့ နေခွင့်မရပေ။ တူတူပျော်ခွင့်မရပေမဲ့လည်း ကိုယ်ချစ်ခဲ့၇တဲ့သူတစ်ယောက်ပျော်နေတာကိုဘဲ အဝေးတစ်နေရာကနေ ပျော်ပေးနေရုံကလွဲရင် ဘာမှ မတတ်နိုင်တော့ပေ။

မေ့ပြစ်ခြင်းဆိုတာမဟုတ်ပေမဲ့ ဒီအလွမ်းပုဒ်စာလေးကိုတော့ ဖြေရှင်းချင်မိတယ်။