စည်းချက်ညီညီ...

Sunday, May 2, 2010

စည်း
သူနဲ့ကိုယ်နဲ့ကြားက စည်းလေးခြားနေတယ်။ ဖျက်လိုက်၇င်လည်း ရသည်။ မဖျက်ပဲ ဆက်လက် ထိန်းသိမ်းလည်းထားနိုင်သည်။ ဦးတည်ရာတစ်ခုကိုတော့ မောင်းနှင်နေသလို ဝေခွဲမရတဲ့သံယောဇဉ်က နှစ်ဦးအပေါ်ခြည်နှောင်ခဲ့သည်။
လွတ်ရာသို့ပြေးထွက်ခဲ့ချင်သည်။ သို့သော် မဖြည်နိုင်တဲ့ကြိုးတစ်ချောင်းကြောင့် ရစ်ပတ်ခဲ့ကြသည်။
နှစ်ဦးသဘောတူ အဲဒီစည်းလေးကိုဖျက်လိုက်သည်။ ထွက်ပြေးချင်ပေမဲ့ ပြေးခွင့်မပြုတော့ပေ။

စည်းချက်
သံစဉ်အခေါ်အဝေါ်တွေပြောင်းလာကြသည်။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ နောက်ပြောင် ရီမောနေရာကနေ ရင်ခုန်သံတွေက လွမ်းမိုးလာသည်။ မိုးလင်းမိုးချုပ် သံစဉ်တွေခေါင်းလောင်းသံတွေစုံလာခဲ့ပီ။ မနက်ဆို နှိုးဆက်ကလေးဖြစ်လာ။ နေ့လည်ဆို မီးဖိုချောင်စာရင်းတွေကောက်။ ညနေဆို အလုပ်အကြောင်းတွေ သံစဉ်ညှိ။ အင်းည ဆိုရင်တော့ မမောတမ်း စွဲလဲသံတွေစုံခဲ့ပီ။ ကြည့်နူးကြသည်။ လုံးဝမပြည့်စုံသေးတဲ့ အပျော်တွေက မျက်နှာက နွမ်းနယ်မူတွေကို ပပျောက်လာစေသည်။ ကျန်းမာရေးကိုအထူးတလည်လိုက်စားစရာမလို အားဆေးတွေနဲ့ လမ်းဆန်း တက်ကြွနေစေသည်။

စည်းချက်ညီ
တစ်ယောက်အကြောင်းတစ်ရောက် ပိုပိုသိလာပြီ။ ခြေလှမ်းတွေတောင်ဆင်တူလာပြီ။ စိတ်ချင်းတွေလည်း ဆက်သွယ်လို့။ လိုအပ်ချက်တွေကို မပြောပေမဲ့နားလည်မူတွေယူတတ်လာခဲ့ကြပြီ။ အားပေးမူတွေဖေးမမူတွေကိုယ်စီနဲ့ ခြေလှမ်းတွေ ညီခဲ့ကြပြီ။

စည်းချက်ညီညီ
သံသယဆိုတဲ့လမ်းကိုမေ၇ွးတော့ဘူး တွေဝေနေစိတ်တွေ သံသယတွေတစ်စေ့မှ မရှိတော့တဲ့နေ့ အဲဒီနေ့ တစ်ဦးကိုတစ်ဦး လက်ခံရင်း လမ်းဆုံးတိုင်ရည်လို့ သံစဉ်တွေဆက်ညှိကြတဲ့နေ့။ ခြေလှမ်းတွေကိုယ်စီနဲ့ချီတက်ကြမယ်။ လက်ခုတ်သံတွေကြားက ရီမောသံစဉ်တွေ။ ဆုံးဖြတ်ချက်ချထားပြီး အဲဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ထိမ်းသိမ်းထားမဲ့ ရင်ခုန်မူ သံစဉ်တွေက စည်းချက်တွေညီညီ ပေါ်ထွက်ခဲ့ပီ။
ခရီးရဲ့အစ စည်းချက်ကို နောက်ဆုံးတိုင် ညီစေဖို့ရည်။