နိုင်ငံခြားပြန်တဲ့..........

Tuesday, May 26, 2009

မနော်က ရေးပါဆိုတော့ရေးပါ့မယ်။
ခင်မင်မူ အမှတ်တရအနေနဲ့ပါ။
ဒါပေမဲ့ဒီအကြောင်းရေးရင် မေရဲ့ ဘ၀ခရီး အကြောင်းတွေနည်းနည်းပါမယ်နော်။
အခုအချိန်မှာ
နိုင်ငံခြားပြန်ဆိုတာကတော့ သိပ်တော့မထူးဆန်းတော့ပါဘူးလို့ပြောချင်တယ်။ ဟိုး...၇ွာက ထန်းတက်သမားတောင် စလုံးပြန်တဲ့.... ဟဟ သိပ်တော့မဆန်းတော့ပါဘူးလေ။

ကိုယ်က ပိုက်ပိုက်ဖြုန်းနေသူလေ.... အာဟ
အခုထိ အိမ်က ပိုက်ဆံတောင်းနေတုန်းဆိုတော့ ပြောရခက်တယ်။ သူများတွေက ပိုက်ပိုက်ရှာသွားကြ ကိုယ်က ကျောင်းတက်နေတာကိုမပြီးတော့။

ဟိုး ငယ်ငယ်က ကျောင်းတက်ဖို့ နိုင်ငံခြားစသွားခဲ့စဉ်ကတော့ တစ်အိမ်လုံးတစ်ဆွေလုံးလိုက်ပို့ကြ ငိုလိုက်ကြတာ။ လေယာဉ်ကွင်းထဲဝင်သွားတာတောင် နောက်လှည့်မကြည့်နဲ့နော်တဲ့ တော်ကြာကိုယ်ငိုမှာကိုမလိုလားလို့။
အဲဒီတုန်းကတော့ဟုတ်တာပေါ့။ အိမ်ကိုဖုန်းခေါ်၇တာအခက်။ internet ခေတ်ကလည်းမဟုတ်တော့ ဘာမေးလ်မှ အလွယ်တစ်ကူပို့မရ နောက်စာပို့ရင် နှစ်ပါတ်နဲ့ သုံးပတ်က အနည်းဆုံးကြာတယ်။ တစ်ခါတစ်လေ အမြဲတမ်း ရောက်လာသမျှစာတွေက ပွင့်လျှက်။ ဟဟ

အဖေက အဂ်လိပ်လိုဘဲစာရေးတယ်။ ရေးလည်း ပုံမှန်ပါဘဲ မိသားစု အကုန်နေကောင်းပါတယ်။ အားမငယ်ဖို့ စာကိုကြိုးစားသင်ဖို့။ ဘုရားတရားရှိဖို့။ လိမ္မာဖို့အမြဲရေးတယ်။ အင်း..အခုထိ အဖေပို့ခဲ့တဲ့စာတွေ သိမ်းထားသေးတယ်။ အစွဲအလမ်း သိပ်ကြီးတတ်တဲ့လူဆိုတော့ သိမ်းထားတယ်။ အခုအဖေမရှိတော့တဲ့နောက်ပိုင်း အဲဒီစာတွေက ခွန်အားတစ်ခုဖြစ်နေတုန်းပါဘဲ။ နောက် အဖေချစ်သမီး အဖေနဲ့ သမီး က တစ်အားပွင့်လင်းကြတာဆိုတော့ အဖေမရှိတော့ စာလေးတွေပြန်ပြန်ဖတ် အားယူရတယ်လေ။

နိုင်ငံခြားကိုရောက်ခဲ့ရတယ်ဆိုတာလည်း အဖေ့ကျေးဇူးတွေပါဘဲ။ ဘာသာစကားကိုလည်း တတ်ကျွမ်းခဲ့၇တာလည်း အဖေ့ကျေးဇူးတွေပါ။ ဒါကြောင့်လည်း ကျောင်းတက်တဲ့ နှစ်တွေမှာ ဘာသာစကားကြောင့် အခက်အခဲမတွေ့ခဲ့ရဘူး။
ရောက်တဲ့နေရာမှာ သူတို့ရဲ့ ဘာသာစကားကိုသင်တယ်။ သိပ်မခက်ခဲဘူး ဘာသာစကားလေ့လာရတာကိုဝါသနာပါတယ်။ ဒါကြောင့်လည်း ဘာသာစကားတော်တော်များများကိုတတ်ခဲ့တယ်။ အခုတော့မေ့ကုန်ပြီ ဟဟ။

ကျောင်းတက်ခဲ့တဲ့လေးနှစ်တုန်းက တော်တော်လေးပျော်ခဲ့တယ်။ ပျင်းချိန် ကိုမရတာ။ အချိန်တွေကစေ့နေအောင်ကိုပေးထားတယ်။ စာတွေပိနေတယ်။ တစ်နေ့တစ်နေ့စာကြည့်တိုက်ကမထွက်ခဲ့ရဘူး။ ကိုယ်ငယ်စဉ်ကသင်ခဲ့တဲ့ ဆရာတွေက စာတွေကို ၀ါးခွန့်သလိုမျိုး အာဂုဏ်ဆောင်ရတာတွေကိုလုပ်ခဲ့ရတယ်လေ။ စာကြည့်တိုက်မှာသွားရှာတာမရှိမှ မ၇ှိတာ။ ကိုယ့်ဆရာတွေရဲ့ စတိုင်လေ။ နိုင်ငံခြားက ဆရာကတွေက ကိုယ့်အစာကိုယ်၇ှာစားတတ်အောင် သင်ပေးတယ်။ လေးငါးထပ်စာကြည့်တိုက်မှာ စာအုပ်တွေအသေ၇ှာဖတ်ရ၊ မှတ်တမ်းတွေ ကိုးကားစရာတွေရေးရဆိုတော့ တက္ကသိုလ်လေးနှစ် ဘယ်လိုကုန်ခဲ့တယ်မသိ။ အဲဒါကတော့ ငယ်ငယ်က တက္ကသိုလ်တက်ခဲ့တုန်းကပါ။
ကိုယ်နိုင်ငံခြားသွားလို့ပြန်လာရင်တော့ တော်တော်ပါလာမှာဘဲလို့ဘယ်သူမှ မထင် အသိုင်းအ၀န်းတစ်ခုလုံးကသိတယ်လေ။ ကျောင်းတက်ရုံသက်သက်ဆိုတာ။ မိဘတွေပိုက်ပိုက်ကိုအဲလိုလေးသုံးခဲ့တာ။

အိမ်အပြန်လမ်းမှာတော့ တော်တော်လေး အသက်ရှုချောင်ခဲ့တယ် စာတွေခေါင်းပေါ်ကချလိုက်သလိုခံစားခဲ့ရလို့
အဲဒီတုန်းက အိမ်ကို ပြန်တော့ပျော်ပါတယ်။ လေးနှစ်တိတိ မိဘ မောင်နှမတွေနဲ့ မတွေ့ရဆိုတော့ အတော်ကိုပျော်ခဲ့တယ်။

အခုတစ်ခါကျောင်းတက်ဖို့ ရေခြားကိုရောက်နေတယ်။ နောက်ဆုံးတစ်ခေါက်အိမ်ပြန်ရတာ အတော်ပျော်ခဲ့ပါတယ်။ အိမ်ကအမ ကစိတ်ညစ်သည် ပြန်လာမည်ကိုလေ။ ပိုက်ဆံကုန်တယ်တဲ့လေ သူများတွေက ပြည်ပကလာရင် ပိုက်ပိုက်ပါလာတယ် ကိုယ် က ပိုက်ပိုက် ပြန်ဖြုန်းတာ။ အိမ်မှာ တစ်လကျော်ကျော်ကြာခဲ့တယ်။ နေခဲ့တဲ့ တစ်လမှာ ကျောင်းစက်မက်စတာတစ်ခုတက်စရာလောက်ကုန်တော့ ပြန်လာမည်ကိုကြောက်သည်။ အမေကတော့ သမီးထွေးလေးဆိုတော့ ဘာလုပ်လုပ် မပြော ပြန်မလာရင်တောင် မေးမေးနေသည်။ တစ်နှစ်တစ်ခါတော့ပြန်လာပါတဲ့။

အမ ကတော့ နင်လာတာပိုက်ပိုက်ကုန်တယ်တဲ့။ ကျောင်းကလည်းပြီးမပြီးနိုင်တဲ့လေ။ အကိုကတော့ ဒါပြီး ဒေါက်တာဘွဲဆက်ယူစေချင်သေးသည်တဲ့လေ။ သူများတွေက ပိုက်ပိုက်ထွက်ရှာနေချိန် ကိုယ်က ထိုင်သုံးနေသည်။ အိမ်နီးချင်းတွေက ကိုယ်ပြန်ရောက်နေတာမြင်လျှင် သိကြသည်။ အမ တော့ ပင်ပန်းတော့မည်ဆိုတာ။ နိုင်ငံခြားမှာငတ်လာသော မြန်မာအစားစာတွေ တစ်နေ့တစ်မျိုးလုပ်ကျွေးတော့မည်ဆိုတာ။ ငယ်ငယ်ကတည်းကဘာမှ မချက်ခိုင်း မီးဖိုချောင်ဝင်ရင် နှင်ထုတ်သည်။ အခုပြန်ခဲ့တဲ့ တစ်လကျော်ကျော် အိမ်တွင်းအောင်းသည်။ အစာစားလိုက် အိပ်လိုက် ကိုရီးယားကားတွေကြည့်လိုက် မောင်နှမတွေနဲ့ စကားပြောလိုက် အိမ်ရဲ့ အငွေ့အသက်တွေကို အပြည့်အ၀ခံယူလိုက်တယ်။ စိတ်ကိုဖြေလိုက်တယ်။ ခံစားချက်တွေကိုကုလိုက်တယ်။

မီးမလာ တော့ အဲကွန်းမရ။ လေ ရမဲ့ကြားလေကိုလိုက်ရှာရတာလည်း အ၇သာတစ်ခု။ အင်တာနက်ကတော့ ပြောမနေနဲ့ ကိုယ်ရောက်ကတည်းက ပြင်နေပါတယ် ဆိုတာ ပြန်တဲ့အထိ မပီး။ မေးလ်စစ်ချင်တာတောင် ကိုအောင် ကိုကောင်း တို့ကိုအကူအညီတောင်းခဲ့ရသည်။ ချစ်မောင်လေးဆီလည်း ဖုန်းဆက်ဆက်ပြီးမေးရသည်။ အင်တာနက် ဘယ်တော့ဖွင့်မလည်းဆိုတာကို။

ကိုယ့်ဘလော့ကိုလည်းမ၀င်တတ်တော့ ဆီးဗုန်းမှာ လာအောင်သမျှလေးတွေဖတ်ရအောင်ဆိုပြီးရွာသားက ကူညီပို့ပေးသေးတယ်။ ပျော်စရာတစ်မျိုးပေါ့နော်။ ကိုယ့် ဘလော့မောင်နှမလေးတွေရဲ့ ချစ်စရာလေးတွေကိုသိခဲ့၇တယ်။ အတော်တော့ ပျော်ခဲ့သည်။ ကိုယ့်ကိုချစ်သည့် အမေ မောင်နှမတွေ တူတွေတူမတွေ အိမ်နီးချင်းမှ မိတ်ဆွေတွေနဲ့ တူတူစကားတွေပြော၇တာ။

လွမ်းပါတယ်။ ကိုယ့်တိုင်းပြည်လေးကို ကိုယ့်မိသားစုလေးကို။ မီးမရပေမဲ့ အဲကွန်းနဲ့မလည်းနိုင်တဲ့ အမေခပ်ပေးတဲ့ ယပ်တောင် တဖြတ်ဖြတ်သံစဉ်တွေကြားမှာ အိပ်စက်ခဲ့တာတွေ၊့ မီးသွေးတွေအူနေအောင်မွှေးပြီး စားစရာတွေ အမျိုးမျိုးချက်ကျွေးတဲ့ အမ လက်ရာတွေ။ အင်တာနက်မရလို့ တစ်ညတစ်ည ချစ်မောင်လေးနဲ့ ဖုန်းစောင့်ပြောရတာတွေ။ ဖုန်းပြောရင်လည်း ကြားလား ကြားလား၊ အင်း...ကြားတယ်ပြော...လို့ဆိုတော့ ကြားတော့ဘူး...ဟဲဟဲ ဂလိုလေးကလည်းချစ်စရာ။ လိုင်းက အမြဲပူးနေလို့ ဘာပြောလို့ပြောနေမှန်းမသိခဲ့တာတွေက အများသား။ ကုတင်ပေါ်မှာတို့ အခန်းထဲကနေ ဇိမ်နဲ့စကားပြော၇မယ်မအောင့်မေ့နဲ့ အပြင်ထွက်ပြောရတယ်။ ဟဲဟဲ သစ်ပင်အောက်ဆိုသိပ်မမိချင်။ အမ က ပြောပါတယ် နင့်ဆီကလာတဲ့ဖုန်းဆိုရင်တဲ့ ဟိုးရေစဉ်သုံးထပ်ပေါ်တက်ပြောရတယ်ဆိုဘဲ။

အကုန်လုံးပါဘဲ အရာရာတိုင်းအသားကျနေတဲ့နေရာ ပျော်စရာလေးတွေအဖြစ်သတ်မှတ်ရတာပေါ့။ သူတို့တစ်တွေလည်း မပြေလည်မူတွေနဲ့ အသားကျနေကြတော့ ခက်ခဲတယ်မထင်တော့။ ပျော်အောင်နေကြတယ်။ ကိုယ်တွေအတွက် ကတော့ အစဉ်မပြေလိုက်တာပေါ့နော်။ သူတို့ကတော့ အပူရုပ်ကိုဟန်လုပ်ပြုံးနေကြတာလား ကိုယ့်ဟာကိုဘဲပျော်အောင်နေကြတာလား အရာရာတိုင်းအသားကျနေကြတာလားတော့မသိ။ ဒါပေမဲ့ အမေ့ရဲ့ ယက်ခပ်သံ ..သံစဉ်လေးရယ် မီးခိုးတွေအူနေတဲ့ ဟင်းရယ် လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပေးတဲ့ အင်တာနက်ရယ် မရနေပေမဲ့လည်း ပျော်မိတယ် တမ်းတတယ်။