အလွမ်း
Friday, October 9, 2009
အလွမ်းတွေကိုစမ်းရေထဲမှာမျှောလိုက်ပီ တဲ့...
ကိုယ့် အတွက်တော့ မမျှောနိုင်ဘူးလေ
အဲဒီအလွမ်းလေးကို ကျမ စွဲမက်နေတယ်။
ကိုယ့်စိတ်တွေမွန်းကြပ်လာတိုင်း
ဒီကန်ရေပြင်လေးကိုလာနေကြပါ။
တစ်ခါတစ်လေ ရေမှော်နံ့ကနံနေပေမဲ့
အခုလို အချိန်မှာ ဒီရနံ့ က ခွန်အားတစ်ခုဖြစ်စေပြန်တယ်။
ကန်ထဲမှာလွတ်လပ်စွာကူးခပ်နေတဲ့ ငါးတွေ လိပ်တွေ ကိုကြည့်ရင်း အားကျနေမိတယ်။
လူတစ်ယောက်ကို
အရမ်းလွမ်းနေတယ်။
အရမ်းသတိရနေတယ်။
မရှိမဖြစ်လိုအပ်နေတယ်။
ဒါတွေကိုသူမသိနိုင်တော့ဘူးလေ။
သူဘယ်တော့မှသိမှာမဟုတ်သလို
ကိုယ်နဲ့သူနဲ့ကြားကဝေးကွာလွန်းသွားပြီ။
အခုလိုဝေးသွားတော့မှ သူ သာအနားမှာ ရှိပေးရင၊်
စကားတွေပြောပေးနေရင်၊ အမြဲတူတူလျှောက်သွားနေကြရရင်
ဘယ်လောက်ကောင်းလိုက်မလည်းပေါ့နော်။
အတွေးတွေတစ်စစီနဲ့မွန်းကြပ်နေသော
ရင်ကိုငြိမ်းလေမလား လို့ သက်ပြင်းတွေအခါခါချနေမိတယ်။
သိနေမိတယ် သူဘယ်တော့မှ ကိုယ့်အနားက
ပြန်လာတော့မှာမဟုတ်ဘူးဆိုတာကို။
လွမ်းနေမိတယ်။ အရင်ကလို ပျော်ရွင်ဖွယ် အချိန်တွေကိုသတိရနေမိတယ်။
ပြန်မရတော့တဲ့အချိန် ပြန်မလာတော့တဲ့လူတစ်ယောက်
ဒါပေမဲ့ ကျေကျေနပ်နပ်လွမ်းနေမိတယ်။
လူတွေက ပြောကြတယ် ကိုယ့်ကို ကိုယ် ဒုက္ခပေးရတာလည်းတဲ့လေ။
ဒါပေမဲ့ ခေါင်းမာတယ်ပြောပြော ညာတတ်သူ သူ့ကိုမှ ချစ်ခဲ့မိတာကိုး.....
အဲဒီအလွမ်းတွေကို စမ်းရေထဲမမြောရက်ဘူးလေ
သိမ်းထားမယ် ထာဝရသိမ်းထားတော့မယ်။
ပြန်လာဖို့ ဇွတ်အတင်းမတောင်းဆိုချင်တော့သလို
သူပျော်ရွင်တဲ့ သူတစ်ဦးထံမှာ ပျော်ရွင်နေတာကိုဘဲ
အဝေးကနေတိတ်တိတ်လေးကြည့်ရင်း
သူ့ကိုချစ်ကြောင်းတွေကိုပြောပြလိုက်တော့မယ်။

အညိုရောင်ညနေခင်း
Tuesday, October 6, 2009
လွမ်းတယ်လို့ပြောချင်ပေမဲ့
မင်းက မ၇ှိ
မင်းက မကြား
မင်းက မထူး
ငါ့ညနေလေး ညိုမှောင်နေ။
မင်းက မ၇ှိ
မင်းက မကြား
မင်းက မထူး
ငါ့ညနေလေး ညိုမှောင်နေ။
အမေရယ်
Sunday, October 4, 2009
အမေရယ်
အေးမြတဲ့ရင်ခွင်မှာနားချင်ပေမဲ့၊
အပူလောက၀မ်းစာရေးတွက်
သွင်မတူတောမှာ ဟန်လုပ်ပြုံးရင်း၊
ကျော်ဖြတ်ရတာ ရက်လနှစ်ပါ မေ။
အမေရယ်
လွမ်းတယ်လို့လည်း မပြောရက်၊
ညစ်တယ်လို့လည်းမညည်းသာ၊
ရှေ့မတိုးသာနောက်မဆုတ်သာ၊
ဝေးဝေးကသာလွမ်းရပါတယ် မေ။
အမေရယ်
ရှိတာလေးနဲ့တင်းတိမ်နေရင်း
ရွှေကိုလည်း အမေမ မက်
ငွေဆိုတာလည်းအမေမမျှော်
သမီးရဲ့အပြန်ကိုမျှော်နေတတ်တာ မေ။
အမေရယ်
အပူတောမှာဘယ်လောက်ကြာမယ်
အပြန်ရက်က ဘယ်သောခါလည်း
မတွက်နိုင်လည်း
ပြန်ဆုံမဲ့နေ့ထိ စောင့်နေပေးပါ မေ။
ဆုမတောင်းတော့ပါ။
Friday, September 25, 2009

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ငါဆုမတောင်းတော့ပါဘူးလေ။
ငါ့ဆန္ဒကမင်းနဲ့နီးဖို့၊
မင်းဆန္ဒကငါနဲ့ဝေးဖို့၊
ရင်ခွင်သစ်မှာပျော်နေသူတွက်
ငါဆုမတောင်းတော့ဘူးချစ်သူ။
တစ်ကနေစဖို့မတောင်းသလို
နှစ်ဆိုတဲ့နေရာကူးခက်ခက်။
ဖျက်မရတဲ့အမာရွတ်ထက်
နာကျင်မူတွေထပ်မတိုးလိုလို့
ကျေနပ်စွာနောက်ဆုတ်ရင်း၊
ငါဆုမတောင်းတော့ပါဘူးချစ်သူ။