အမှတ်တရနေ့လေး အပိုင်း (၂ )

Sunday, February 15, 2009

ကျောင်းမှာ ကျောင်းသားတွေတော်တော်လေးများလာပြီ တစ်ဖြည်းဖြည်းနှင့် ကျောင်းသားဦးရေ တိုးလာလိုက်တာ အယောက်တစ်ရာကျော်သွားပြီ ဒီ၇ွာမှကလေးများတင်မက ၇ွာနီးစပ်တော်တော်လှမ်းကပါ ကလေးတွေပါလာသည်။

ဆရာမလေးနှင့် သူနာပြုမလေးတို့နှစ်ယောက် အတော်လေးတော့ ပျော်သည်။ အတော်လေးလည်းပင်ပန်းလှသည်။ တစ်ခါတစ်လေလည်း စိတ်မအီအသာ ဖြစ်တတ်သေးသည်။

လူက ပင်ပန်းလာလျှင်ဒေါသဆိုတာဖြစ်ပေါ်တတ်သည်။စိတ်မရှည်မူလေးတွေပါပါ လာတတ်သည်။
အဲလိုဆိုတော့ လုပ်နေတဲ့အလုပ်မှာ စိတ်မပျော်ရွင်စရာလေး ကနေ ကသိကအောက်ဖြစ်လာသည်။
နှစ်ယောက်သားသတိပြုမိသည်။သူတို့စိတ်တွေသိပ်မကြည်တော့ဘူးဆိုတာကိုပါ။

တစ်နေ့ ဆရာမလေးနှင့် သူနာပြုဆရာ မလေးတို့တိုင်ပင်ကြတယ်။ ဒီလိုစိတ်ထဲမှာဖြစ်ပေါ်တတ်တာ ဘာကြောင့်လည်း၊ ဒီလိုမဖြစ်အောင်ဘယ်လိုထိန်းရင် ကောင်းမလည်းနော်ဆိုရင်းစဉ်းစားကြတယ်။

နှစ်ယောက်သားစတင်တိုင်ပင်ကြရင်း အတွေးတစ်ခုပေါ်လာသည်။ ဆရာမလေးကပြောသည် ငါတို့မနက်တိုင်းအလုပ်မစခင် တရားထိုင်ရအောင်။ ငါ့ဘ၀မှာစံတင်ထားတဲ့ ဂန္ဒီဆိုရင်ကြည့်သူတောင် ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါ့စေ တစ်နေ့မှာ နာ၇ီဝက်လောက်ကိုယ်ပိုင်အချိန်ဆိုပြီး တိတ်ဆိပ်စွာနေတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေပြန်စဉ်းစားတယ် အဲဒီကနေ စိတ်ဓါတ် ခွန်အားတစ်ခုကိုသူရတယ်လေ။

ငါတို့ကသူ့လောက်တော့ အလုပ်မရှုပ်ဘူး ဒါပေမဲ့စိတ်ဓါတ်ခွန်အားတစ်ခုတော့လိုအပ်တယ် ငါတို့မနက်စောစောထမယ် တရားထိုင်မယ်နော်ဆိုကာ တိုင်ပင်ခဲ့ကြသည်။ သူတို့စတင်ကြတယ် သူတို့ရည်ရွယ်ချက်ကတစ်ပါးသူအတွက်ဆိုတာဘဲရှိနေတော့ သူတို့တစ်တွေဘယ် လိုဘဲနစ်နာပါစေ။ ကြိုးစားထတယ် နောက်ကြိုးစားပြီး တရားထိုင်ရင်း ခွန်အားတွေကိုရယူခဲ့ကြတယ်။

အဲဒီနေ့မှစ၍သူတို့နှစ်ယောက်ဒေါသကိုလည်းထိန်းတတ်လာခဲ့ကြသည်။ သူတို့ရဲ့ အပြုံးများမှာလည်းအရင်ထက်လှပလာလို့ တစ်ပါးသူအတွက်အားဆေးတစ်ခွက်ပင် ဖြစ်စေတော့သည်။

အမှတ်တရနေ့လေး အပိုင်း ( ၁ )

၇ွာတစ်ရွာမှာ ကျောင်းဆရာမလေး ရယ် သူနာပြုဆရာမရယ် နှစ်ယောက်ရှိတယ်။ နေ့အချိန်ဆိုရင် သူနာပြုဆရာမ ကကျောင်းစာတွေကိုလာကူသင်ပေးသလို ညနေကျောင်းဆင်းပြီးရင် သူ့ဆေးခန်းလေးမှာ ကျောင်းဆရာမလေးက သွားကူလုပ်ပေးတယ်။

အဲဒီလိုနဲ့တစ်ဖြည်းဖြည်း စာမသင်တတ်တဲ့ သူနာပြုကလည်း စာတွေသင်တတ်လာ၊ နောက် ဆေးမကုတတ်တဲ့ ကျောင်းဆရာမလေးလည်း၊ ဆေးညွန်းတွေေ၇းတတ်လာ ဆေးတွေလည်း ပေးတတ်လာတယ်။ သူတို့နှစ်ယောက်ရဲ့ရင်းနှီးမူကလည်း တိုင်းတာလို့မရ ညီအမတွေအလားခင်ခဲ့ကြတယ်။ တစ်ရွာလုံးက ဆရာမလေးနှစ်ယောက်ကိုတော်တော်လေး ချစ်ခင်ကြတယ်။

ဒီဆရာမလေးနှစ်ယာက်ကလည်း တစ်ပြုံးပြုံး အပျော်တွေနှင့် တက်ညီလက်ညီလုပ်ဆောင်ကြသည်လေ။ ရည်၇ွယ်ချက်တွေတူလို့ပေါင်းလို့ရတာပါ။ နှစ်ယောက်စလုံးက လည်း ဒီဆင်းရဲတဲ့ ရွာသူတွေကို ဘယ်လိုကူညီ၇မလည်းဆိုတဲ့စိတ်ဘဲရှိတယ်လေ။

ဘွဲ့ရလို့ အလုပ်ထွက်လုပ်လို့ ပိုက်ဆံကိုအိမ်ပို့နိုင်လိမ့်မယ်မထင်နဲ့ အိမ်ကနေ လစဉ်ငွေတောင်းရသည်။ ကိုယ့်အတွက်သုံးတာမဟုတ် ကျောင်းမှာစာအုပ် မရှိလို့၊ ကျောင်းလာဖို့ ကျောင်းဝတ်စုံတောင်မရှိလို့ ကျောင်းမလာနိုင်သူ ကလေးတွေအတွက်ဝယ်ပေးခြင်းတွေလေ စသဖြင့်ပေါ့နော်။

သူနာပြုဆရာမလည်းအတူတူပါဘဲ သူ့အကိုက ဆရာဝန် ရန်ကုန်မှာ ဆေးခန်းကြီး ၇ှိသည်ဆိုတော့ လစဉ် သူ့အကိုဆီက အလှုခံပြီးဆေးကို အလကားကုပေးနေသည်။ ရွာသူများရဲ့ကျေးဇူးတုန့်ပြန်လို့လာရောက်ပေးဆောင်ကြသည်မှာတော့ သူတို့ခြံမှထွက်သော သီးနှံ၊ပန်း၊ ဟင်းသီးဟင်းရွက်များပင်။ ဆရာမလေးတွေကတော့ အလွန် ပျော်ကြသည်။ ဟင်းသီးဟင်းရွက်ကိုကြိုက်တဲ့ဆရာမနှစ်ယောက် နေ့စဉ်မမုန်းနိုင်တဲ့ဟင်းလျံတွေကတော့ ပန်ထရွေဖျော်နှင့် ဟင်းရွက်ပြုတ် ပါဘဲ။

ကျောင်းဆရာမလေးလည်း ဆေးတွေပေးတတ် ဆေးတွေဆပ်တတ်လာသလို ဆေးတောင်ကျွမ်းကျင်စွာထိုးတတ်လာခဲ့သသည်။ ဒါပေမဲ့ ကျောင်းဆရာမလေးမှာ ဆေးနည်းတွေ မည်သို့ပင်တတ်လာပါစေ သွေးသံရဲရဲ တွေမြင်ရင်တော့ထွက်ပြေးတတ်သည်။

တစ်ရက်မှာတော့ ကျောင်းသားလေးတစ်ယောက် ချောင်းရေချိုးရင်း ရေချိုးတာ ရိုးရိုးမချိုး အမြင့်မှ ဒိုင်ပင်ထိုးသည်တဲ့လေ ဘယ်လိုဖြစ်သည်မသိ ခေါင်းမကွဲဘဲမေးကွဲလာသည်။ အဆီတွေသွေးတွေ ငိုတဲ့မျက်ရည်တွေနှင့်ဆေးခန်းကိုရောက်လာသည်။ ဆရာမနှစ်ယောက်ပြာယာခပ်သွားသည်။

ဆေးရုံပို့ရအောင်လည်း ဆေးရုံသွားရန် အလွန်ဝေးသည်။ သူနာပြုဆရာမလေးကခေါင်းတော့အေးသည် သူမှာလည်း လက်နက်ကရိယာတော့သိပ်မစုံလှ။ ချုပ်ရန်တော့လိုလာပြီ ဆိုတော့ ချူပ်မှဖြစ်မည် ဆိုတော့ သူနာပြုဆရာမလေး တစ်ယောက်ထဲမဖြစ်တော့ ကျောင်းဆရာမလေးလည်း ရဲ့ အကူကို တောင်းလာသည်။ သွေးကြောက်နေသော်လည်း ဒါက တစ်ယောက်ထဲမဖြစ်လေ ကူရတော့သည်။ သူနာပြုဆရာမလေးလည်း အစိမ်းချုပ်တော့ တာပါဘဲလေ။

ချုပ်ရိုးတစ်မြှင်စတင်ရင်း သူက လိုအပ်သည့်ထိုးဆေးများလည်းပြင်၇မည် ဆိုတော့ ကျောင်းဆရာမလေးလက်ကိုချုပ်အပ်ကိုထိုးပေးလိုက်ရင်း ဆက်လုပ်ဆိုတဲ့သဘောလေ ဆရာမလေးမှာလည်း ဘာမှပြောချိန်မရ ငြင်းစရာလည်း အချိန်မရှိတော့ သူနာပြုမလေး ချူပ်လက်စကိုဆက်လုပ်လိုက်ပါသည်။ သူ့ကြောက်စိတ်တွေဘယ်ပျောက်သည်မသိ နောက်တော့ သူနာပြုက ထိုးစရာရှိတဲ့ဆေးတွေထိုးပေးအပြီးမှာ ကျောင်းဆရာမလေးလည်း ကလေးလေးရဲ့ကွဲနေသောမေးလေးကို သေသေသပ်သပ်လေး ချုပ်ပြီးသွားသည်။
အကုန်လုံးပြီးလုတော့ သူနာပြုဆရာမလေးက ကျောင်းဆရာမလေးကိုပြုံးပြီးကြည့်ရင် ငါတောင်နင့်လောက်မသပ်ရပ်ဘူးတဲ့လေ။

အဲဒီနေ့မှစ၍ ကျောင်းဆရာမလေးလည်း သွေးကိုမကြောက်တတ်တော့ဘဲ လက်တွေရဲလာသည်။ ခွဲစရာလူမမာတွေကိုတောင် သတ္တိရှိရှိခွဲလာရဲသည်။ သူတို့နှစ်ယောက်၇ဲ့စေတနာနှင့်အနစ်နာကြောင့်ထင်သည် လူမမာတွေတော်များများ ကဒီဆေးခန်းလေးကိုလာရင် ဒီ ဆရာမလေးနှစ်ယောက်ရဲ့ အပြုံးကိုမြင်ရင်ကို ဘဲရောဂါတစ်ဝက် ပျောက်သည်ဆိုဘဲ။

သံယောဇဉ်

နေ့တွေရက်တွေဘယ်လိုဘဲပြောင်းပြောင်း မပြောင်းလည်းနိုင်တဲ့ ကိုယ့်အတ္တကိုတော့ ဘယ်လိုမှ မလွန်ဆန်နိုင်ပါလားလေ။

မေ..တစ်ယောက်ဘာတွေဖြစ်နေလည်းတော့မသိ သိနေတာတစ်ခုတော့ရှိတယ် ကြိုးတွေအားလုံးထဲက ဒီသံယောဇဉ်ကြိုးလေးကို မဖျက်နိုင်ပါ။ ဒီသံယောဇဉ် ကအလွန်မှနက်နက်ရှိုင်းရှိုင်း နဲ့နှလုံးသားတစ်နေရာမှာ ရစ်ပတ်နေတာပါ။ တစ်ယောက်ထဲ တိတ်တိတ်လေးကြိုးစားနေကြည့်တယ်။ မိတ်ဆွေတွေအားလုံးနဲ့ ဝေးရာ တစ်နေရာလေးမှာ တစ်ဦးတည်း ကိုယ့်ကမ္ဘာလေး တည်ဆောက်ကြည့်တယ်၊

ဘယ်လိုမှနေလို့မရ ဟို နက်ရိုင်းတဲ့တစ်နေရာကနေ အသံတွေပေးနေတယ်။
မေ...မင်းကိုယ်ကိုကိုယ်မင်းညာနေတယ်။ မင်းသံယောဇဉ်ကြိုးကိုတစ်ကယ်ဖြတ်နိုင်လို့လားတဲ့
ဒီမေးခွန်းတွေက တွန်းအားတွေပေးလို့ ပေါက်ကွဲစေတယ်။

ဖြူစင်စွာရင်းနှီးခဲ့ကြတဲ့ ဘလော့မောင်နှမတွေဆီကိုပြန်လာစေတယ်။ ဒီကြိုးက ဘာနဲ့မှ မတူ ချည်နှောင်စေလို့လေ။