တတ်နိုင်ပါ့နော်.......

Wednesday, June 3, 2009

တစ်ခါတစ်လေ လောကကြီးက မျှော်လင့်တာတွေဖြစ်မလာဘူး တစ်ခါတစ်လေမှာ တစ်ပါးသူတွေပျော်နေမှာပါလေ လို့ ထင်မှတ်ခဲ့တာတွေ တစ်ခါတစ်လေ အလွဲတွေ မှ တက်တက်ဆင်အလွဲတွေဖြစ်တတ်ကြတယ်။
ကိုယ့်ဘ၀မှာလည်း ပျော်ရွင်ဘွယ်ရက်တွေမတွေ့နိုင်တော့ဘူးလို့အောင့်မေ့ခဲ့တာလည်း မမျှော်လင့်ဘဲ ပျော်ရွင်မူတွေ တပွေ့တစ်ပိုက်နဲ့ ဘ၀တစ်ခု ကိုပြန်စနိုင်ခဲ့တာတွေ အံ့သြစရာပင်။


သူ့ချစ်သူလေး...နေမကောင်းရှာဘူးတဲ့လေ။ ထူးထူး ခြားခြား စာရေးလာလို့သိလိုက်တာပါ။
ကိုယ့်ကိုတောင်လက်မခံလို့ ဘလော့လုပ်ထားတာဘဲလေ။ စာတွေမရေးတော့လောက်ဘူးပေါ့။ သူတို့နှစ်ယောက်လည်း တိတ်ဆိတ်နေတဲ့ဘ၀ကိုခံယူပြီး တူလက်တွဲ ပျော်နေမယ်ထင်ခဲ့တယ်။ သူတို့အကြောင်းတွေလည်း ကိုယ့်နားကိုရောက်လာလိမ့်မယ် မမျှော်လင့်ခဲ့ဘူးလေ။ ကိုယ်လည်း တတ်နိုင်သလောက် သူတို့နဲံ့ကင်းနိုင်အောင်ကြိုးစားတယ်။ ဘ၀သစ်ကိုစတင်နေထိုင်ခဲ့တာဘဲ ကြာပေါ့။ နေတတ်အောင် နေခဲ့တယ်။ ပျော်ရွင်မူတစ်ခုကို အပြည့်အ၀မဟုတ်တောင် ဖန်တီးနေထိုင်ခဲ့တာ။

အခုဆို ရက်ကလေ လ တောင်ကူးရောပေါ့။ ကျေနပ်စွာနဲ့ပါ။
နာကျင်တာလည်း မေ့နိုင်ခဲ့တယ် ခွင့်လွတ်တယ်ဆိုတာလည်း မဟုတ်။ နောက် ဆုံး အတိတ်တစ်ခုမှာတောင် အဲဒီလူတွေမရှိခဲ့သလို နေတတ်အောင်နေပစ်ခဲ့တာ ကြာပေါ့။ ဟုတ်တယ် အရာရာတိုင်းမသိတော့သလို မ၇ှိခဲ့တဲ့ အတိတိတစ်ခုအနေနဲ့နေတတ်ခဲ့ပြီ။

သူပျော်နေမယ် လို့အောင့်မေ့ခဲ့တာ အင်းလေ..
အီးမေးလ်လေးဖွင့်လိုက်တော့မှ သူ့ချစ်သူနေမကောင်းဘူးတဲ့ ဟိုး အဝေးမှာဆိုတော့
ဝမ်းနည်းနေမည်ပေါ့။ ဖြစ်တတ်ပါတယ်။
ဘာဘဲဖြစ်ဖြစ် သူ့ချစ်သူပြန်အလာကိုတော့ သူမျှော်နေမည်။ ဖုန်းတွေဆက်နေမည်။
ဒါလည်း ခဏတာ ၀မ်းနည်းမူတစ်ခုနေမှာပါ။
နောက်တော့လည်း သူတို့ ပြန်ဆုံကြရင်တော့ ပျော်ရွင်ဘွယ်ဘ၀ရွက်လှေကိုလွင့် ပျော်မြူးနိုင်ကြမှာပါ။

ပျော်၇ွင်ကြည်နှုးနိုင် ပါစေလို့လည်း ဆုတွေတောင်းပေးနေလိုက်ပါတော့တယ်လေ။