ပေးဆပ်ခြင်းသက်သက်

Monday, June 21, 2010

ဒဏ်ရာပေါ် ဒဏ်ရာထပ်
အမာရွတ်တစ်ခုဖြစ်ခဲ့၇င်
ဖျက်၇ခက်တယ်။

ဝေးလွှင့်ခြင်းဆိုတာ
မတွေးရဲစရာပေမဲ့
နာကျင်မူကြောင့်
မနီးစပ်နိုင်တော့တာလည်း
ဖြစ်နိုင်ပြန်တယ်။

ချန်ထားခဲ့ခြင်းဆိုတာ
အပြစ်တစ်ခုလို့ပြောချင်ပြောပါစေ။
မလှပတော့မဲ့ဘ၀တစ်ခုတွက်
ပေးဆပ်ခဲ့ခြင်းသက်သက် လို့သာ
မှတ်ယူလိုက်ပါတော့လေ။

အချိန်တန်တော့လည်း..........

Tuesday, June 15, 2010

ပန်းကိုမချစ်တတ်သူရှေ့
ပန်းသစ္စာတည်ခဲ့သူလေ။

လှပါတယ်။ ပန်း အရောင်လေးတွေ
အနံ့ကိုယ်စီနဲ့။
သဘာဝအလှကိုသီကုံးကြတာကိုး။

သူကလည်းတေးသီချင်တော့
သူ့သစ္စာကို ခရေနဲ့နှိုင်း
ဟုတ်သလိုလိုကိုး။

မယုံတစ်ဝက်ယုံတစ်ဝက်နဲ့
အချိန်တစ်ခုစောင့်ရင်း
လက်ခံခဲ့လိုက်မိပြန်တော့.....

မကြာခင်ပဲ
ဇာတ်တူသားတွေ
သူလည်း မခြားသကိုး။

အရောင်တွေမှေးဖျော့
အနံ့တွေကွယ်ပျောက်
တစ်စစနဲ့ဆွေးမြေ့လာတဲ့
ခရေကုံးလို
တရေ့ရေ့ကွယ်ပျောက်
သွားပြန်ပါကော။

အမှတ်တရ ကျောင်းတော်ကြီး

Monday, June 14, 2010


အမှတ်တရ များစွာကျောင်းတော်ကြီး....

ငါးတွေကိုအစာကျွေးနေတဲ့ဘဲငန်း

Tuesday, June 1, 2010

အသီးတွေ


အေးမြတဲ့စမ်းရည်
စိမ်းလမ်းတဲ့တောတောင်ကြားက
ဝင်းမှဲ့နေတဲ့အသီးခိုင်