အတွေးကမ္ဘာကသစ္စာ

Sunday, June 28, 2009


ကန်ရေပြင် ကဖြတ်တိုက်လာတဲ့ လေအေးလေးက မျက်နှာကိုတစ်လှည့် ဆံနွယ်များကိုတစ်လှည့် ပက်ဖြန်းနေသလို။

တိတ်ဆိပ်နေတဲ့ ပတ်ဝန်းကျင်က အတွေးစတွေ လွတ်လပ်စွာသွားစေတယ်။

ဘာတွေကိုသေသေချာချာတွေးနေတယ်တော့မသိ ရောက်ခဲ့သမျှအတွေးတွေကတော့ အတိတ်ဆိုတဲ့နေရာမှာရှိနေမှာပါ။

အဝေးတစ်နေရာတော့ကြည့်နေသည်။ မြင်သည်မမြင်သည်တော့မသိ အတွေးကမ္ဘာမှာတော့ အဝေးတစ်နေရာဆီ။

လေအဝှေ့နဲ့ကြွေကျလာသော ခရေပန်းလေး တစ်ပွင့်က ကျရောက်လာလေရဲ့။ ပန်းလေးကိုယုယုယယလေးကောက်ကိုင်လိုက်ရင်း သစ္စာတရားတွေကိုချယ်မှုန်းတတ်တဲ့ ပန်းကလေးကိုငေးကြည့်နေရင်း သစ္စာတွေဆက်လက်သီကုံးနေစေချင်လို့ အပင်မှာပြန်နေစေချင်စိတ် ပေါ်လာမိတယ်။

အပင်ပေါ်ကိုပြန်ရောက်စေချင်စိတ်ပေါ်လာသည်။ ဒါပေမဲ့ မဖြစ်နိုင်တော့........သဘာဝတရားကိုတော့ ဆန့်ကျင်လို့တော့မရတော့ပေ။ အပင်ပေါ်မှာဝါးဝါးစွင့်စွင့်ဝေခဲ့တုန်းက ဝေခဲ့ပြီးပြီ အခုလည်းမြေကိုခ ရှာမည်။ သဘာဝတရားတွေလွန်ဆန်လို့မရ။

သူဟာဘယ်နေရာမှာနေရနေရ သူ့ရနံ့ကတော့ မပြောင်း အပင်ပေါ်မှာစံနေချိန်လည်း ဒီရနဲ့ မြေခတော့လည်း ဒီအနံ့ တစ်နေ့ခြောက်သွေ့သွား၇င်လည်း မပြောင်းလည်းတဲ့ သစ္စာတရားတွေနဲ့အတူသူ့ရနံ့က၇ှိနေဦးမည်။
တခါတစ်လေ ဒီသစ္စာရှိမူက သူ့ကိုလက်ခံသူနှင့်တွေ့ရင်တော့ တန်ဖိုးတစ်ခုပါဘဲ ဒီသစ္စာ၇ှိတတ်မူတစ်ခုကိုအသားကျနေသူကတော့ တန်ဖိုးမထားတော့ဘူးပေါ့။

ခြေနဲ့လည်းနင်းရင်နင်းမယ်။ အမှိုက်တစ်ခုလို့လည်းသတ်မှတ်တာခံရင်ခံရမယ်။ တနေ့မှာ သူ့သစ္စာတွေကိုဖျက်စီးခံရတဲ့အခါလည်းခံရရှာမယ်။

အင်းလေ ဒါလည်းသဘာဝဘဲနေမှာပါ.....