ကိုယ့်လမ်းကိုယ်လျောက် သဲနဲ့မပက်နဲ့....

Tuesday, July 27, 2010

မင်းလှည့်ပြန်သင့်ပြီ..

ကျိတ်ထားတဲ့အန်တွေမကျေမွခင်
နာကျင်မဲ့စကားတွေမထွေးအန်ခင်
တင်းကျပ်စွာစေ့ထားရတဲ့နှုတ်ခမ်း မပြတ်သေးခင်
ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတဲ့လက်သီးလေး မနာကျင်ခင်
ခွင့်လွှတ်ခြင်း နားလည်ခြင်းတွေ စောင့်ထိန်းထားတုန်းလေး
ပြန်လှည့်လိုက်ပါ...
ဒေါသတွေမပေါက်ကွဲခင် တောင်းပန်လိုက်တယ်
ငါအေးချမ်းချင်လို့

များလွန်းတဲ့နေ့တွေထဲက....

Monday, July 19, 2010

မွေးနေ့အမှတ်တရ။
ချစ်သက်တမ်းတစ်နှစ်ပြည့် အမှတ်တရ။
ရန်ဖြစ်တာ ပြန်တဲ့တာလည်းအမှတ်တရ
ဘာမဆို အမှတ်တရတွေသိမ်းရင်း
အမှတ်တရတွေကိုအမြဲပြောပြနေတတ်တာက..ကိုယ်။

အမှတ်တရတွေများနေလို့ ဘယ်ဟာအမှတ်တရလို့
ယူဆရမှန်းမသိတော့တဲ့သူက
လေပြေလေးတိုက်၊ သစ်ရွက်လေးကြွေရင်တောင်
ဒါအမှတ်တရလားကွ....လွန်လွန်းပါတယ် ကွာ
အမှတ်တရတွေများလွန်းလို့တဲ့....

အဲလိုလူက ထူထူးဆန်း ဆန်းပြောလာတယ်
ဒီနေ့.....ဂျူလိုင် ၁ရ ရက်နေ့ နော်တဲ့.....

တောင်းဆု

Monday, July 12, 2010

သံစဉ်စာသား
လိုက်ဖက်ညီညီ
လျောက်လှမ်းကြစေ
တောင်းဆုခြွေသည်
သက်ဆုံးတိုင်သို့တည်ပါစေ။

ထားရက်ခဲ့သူ...

Monday, July 5, 2010

မင်းအချစ်နဲ့ရှင်သန်နေချိန်တုန်းက
လရိပ်လေးကိုရင်ခုန်စွာမျှော်ခဲ့ဘူးတယ်။
ကြယ်ကြွေတာကိုတူတူစောင့်ခဲ့ဘူးတယ်။
ရေလှိုင်းခတ်သံနဲ့ ရင်ခုန်ခဲ့ဘူးတယ်။
ကြားလေလေးသွေးမှာကိုကြောက်ခဲ့ကြတယ်။
ဝေးကွာစေမဲ့အမှောင်ကိုမုန်းခဲ့ကြဘူးတယ်လေ။

ချစ်သူရယ်....ခုတော့
မင်းအမုန်းတွေကြားမှာ ငါဟာ
ကြယ်တွေကိုလည်းမချစ်နိုင်။
လရိပ်မှာလည်း မကြည်နူးတော့။
ရေလှိုင်းသံတွေကိုလည်း ရင်မခုန်တတ်တော့။
လေပြေတွေကြားရူးသွပ်နေရင်း၊
မင်းရဲ့အမုန်းတွေက၊ မျက်ကန်းတစ်ယောက်လို
ငါ့ကို အမှောင်ထဲမှာကျန်ရစ်စေတယ်။

ပေးဆပ်ခြင်းသက်သက်

Monday, June 21, 2010

ဒဏ်ရာပေါ် ဒဏ်ရာထပ်
အမာရွတ်တစ်ခုဖြစ်ခဲ့၇င်
ဖျက်၇ခက်တယ်။

ဝေးလွှင့်ခြင်းဆိုတာ
မတွေးရဲစရာပေမဲ့
နာကျင်မူကြောင့်
မနီးစပ်နိုင်တော့တာလည်း
ဖြစ်နိုင်ပြန်တယ်။

ချန်ထားခဲ့ခြင်းဆိုတာ
အပြစ်တစ်ခုလို့ပြောချင်ပြောပါစေ။
မလှပတော့မဲ့ဘ၀တစ်ခုတွက်
ပေးဆပ်ခဲ့ခြင်းသက်သက် လို့သာ
မှတ်ယူလိုက်ပါတော့လေ။

အချိန်တန်တော့လည်း..........

Tuesday, June 15, 2010

ပန်းကိုမချစ်တတ်သူရှေ့
ပန်းသစ္စာတည်ခဲ့သူလေ။

လှပါတယ်။ ပန်း အရောင်လေးတွေ
အနံ့ကိုယ်စီနဲ့။
သဘာဝအလှကိုသီကုံးကြတာကိုး။

သူကလည်းတေးသီချင်တော့
သူ့သစ္စာကို ခရေနဲ့နှိုင်း
ဟုတ်သလိုလိုကိုး။

မယုံတစ်ဝက်ယုံတစ်ဝက်နဲ့
အချိန်တစ်ခုစောင့်ရင်း
လက်ခံခဲ့လိုက်မိပြန်တော့.....

မကြာခင်ပဲ
ဇာတ်တူသားတွေ
သူလည်း မခြားသကိုး။

အရောင်တွေမှေးဖျော့
အနံ့တွေကွယ်ပျောက်
တစ်စစနဲ့ဆွေးမြေ့လာတဲ့
ခရေကုံးလို
တရေ့ရေ့ကွယ်ပျောက်
သွားပြန်ပါကော။

အမှတ်တရ ကျောင်းတော်ကြီး

Monday, June 14, 2010


အမှတ်တရ များစွာကျောင်းတော်ကြီး....

ငါးတွေကိုအစာကျွေးနေတဲ့ဘဲငန်း

Tuesday, June 1, 2010

အသီးတွေ


အေးမြတဲ့စမ်းရည်
စိမ်းလမ်းတဲ့တောတောင်ကြားက
ဝင်းမှဲ့နေတဲ့အသီးခိုင်

ဆည်းဆာ

Sunday, May 23, 2010


ဆည်းဆာကိုနူတ်ဆက်ရင်း
မျှော်လင့်နေမဲ့အာရုဏ်ဦးဆီ

ပိတောက်တွေ

Tuesday, May 11, 2010


တစ်ပင်လုံးမြိုင်ပီး
ကြိုင်နေအောင် ပွင့်ရင်း
အချိန်အခါဆိုတာမ၇ှိတော့တဲ့
ပင်ယံက ပိတောက်ရယ်။

လပျောက်ည...

Saturday, May 8, 2010

လမင်း မသာတဲ့ညတွေ မှောင်လွန်းလှပါတယ်။
အေးချမ်မူတွေကွယ်ပျောက် ငရဲရောက်နေသလိုပင်။
မီးထွန်းသလို ခလုပ်လေးနှိပ်လို့လသာခိုင်းလိုက်ရရင်ဖြင့်
လမင်းကြီးကိုငါ့အနား တစ်ချိန်လုံးသာခိုင်းလိုက်စမ်းချင်။

စည်းချက်ညီညီ...

Sunday, May 2, 2010

စည်း
သူနဲ့ကိုယ်နဲ့ကြားက စည်းလေးခြားနေတယ်။ ဖျက်လိုက်၇င်လည်း ရသည်။ မဖျက်ပဲ ဆက်လက် ထိန်းသိမ်းလည်းထားနိုင်သည်။ ဦးတည်ရာတစ်ခုကိုတော့ မောင်းနှင်နေသလို ဝေခွဲမရတဲ့သံယောဇဉ်က နှစ်ဦးအပေါ်ခြည်နှောင်ခဲ့သည်။
လွတ်ရာသို့ပြေးထွက်ခဲ့ချင်သည်။ သို့သော် မဖြည်နိုင်တဲ့ကြိုးတစ်ချောင်းကြောင့် ရစ်ပတ်ခဲ့ကြသည်။
နှစ်ဦးသဘောတူ အဲဒီစည်းလေးကိုဖျက်လိုက်သည်။ ထွက်ပြေးချင်ပေမဲ့ ပြေးခွင့်မပြုတော့ပေ။

စည်းချက်
သံစဉ်အခေါ်အဝေါ်တွေပြောင်းလာကြသည်။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ နောက်ပြောင် ရီမောနေရာကနေ ရင်ခုန်သံတွေက လွမ်းမိုးလာသည်။ မိုးလင်းမိုးချုပ် သံစဉ်တွေခေါင်းလောင်းသံတွေစုံလာခဲ့ပီ။ မနက်ဆို နှိုးဆက်ကလေးဖြစ်လာ။ နေ့လည်ဆို မီးဖိုချောင်စာရင်းတွေကောက်။ ညနေဆို အလုပ်အကြောင်းတွေ သံစဉ်ညှိ။ အင်းည ဆိုရင်တော့ မမောတမ်း စွဲလဲသံတွေစုံခဲ့ပီ။ ကြည့်နူးကြသည်။ လုံးဝမပြည့်စုံသေးတဲ့ အပျော်တွေက မျက်နှာက နွမ်းနယ်မူတွေကို ပပျောက်လာစေသည်။ ကျန်းမာရေးကိုအထူးတလည်လိုက်စားစရာမလို အားဆေးတွေနဲ့ လမ်းဆန်း တက်ကြွနေစေသည်။

စည်းချက်ညီ
တစ်ယောက်အကြောင်းတစ်ရောက် ပိုပိုသိလာပြီ။ ခြေလှမ်းတွေတောင်ဆင်တူလာပြီ။ စိတ်ချင်းတွေလည်း ဆက်သွယ်လို့။ လိုအပ်ချက်တွေကို မပြောပေမဲ့နားလည်မူတွေယူတတ်လာခဲ့ကြပြီ။ အားပေးမူတွေဖေးမမူတွေကိုယ်စီနဲ့ ခြေလှမ်းတွေ ညီခဲ့ကြပြီ။

စည်းချက်ညီညီ
သံသယဆိုတဲ့လမ်းကိုမေ၇ွးတော့ဘူး တွေဝေနေစိတ်တွေ သံသယတွေတစ်စေ့မှ မရှိတော့တဲ့နေ့ အဲဒီနေ့ တစ်ဦးကိုတစ်ဦး လက်ခံရင်း လမ်းဆုံးတိုင်ရည်လို့ သံစဉ်တွေဆက်ညှိကြတဲ့နေ့။ ခြေလှမ်းတွေကိုယ်စီနဲ့ချီတက်ကြမယ်။ လက်ခုတ်သံတွေကြားက ရီမောသံစဉ်တွေ။ ဆုံးဖြတ်ချက်ချထားပြီး အဲဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ထိမ်းသိမ်းထားမဲ့ ရင်ခုန်မူ သံစဉ်တွေက စည်းချက်တွေညီညီ ပေါ်ထွက်ခဲ့ပီ။
ခရီးရဲ့အစ စည်းချက်ကို နောက်ဆုံးတိုင် ညီစေဖို့ရည်။

ဆုတောင်းလျှက်ပါ

Wednesday, April 28, 2010

ရှေ့မှာ...

Monday, March 29, 2010

မလှုပ်ချင်တဲ့လက်တစ်စုံက လေးလေးကန်ကန်လှုပ်ရှားနေရတယ်။
မလှမ်းချင်တဲ့ခြေလှမ်းတွေက လမ်းမမည်တဲ့ဂျိုင့်ပေါင်းစုံမျိုးမှာ ယိုင်နွဲ့နွဲ့နဲ့။
ကျောပြင်ကိုအပူမမိအာင် ကာထားပေမဲ့ ငါကျောမလုံခဲ့ဘူး။
ငါ့ကြောက်စိတ်ကိုနားမလည်ပေမဲ့ မျက်ရည်က ခွန်အားပေးနေပြန်တယ်။

ေ၇ှ့ဆက်ရန်လည်းမ၀ံ့ နောက်ဆုတ်ရန်လည်းခက်ခက်
ဒီနေရာမှာဘဲရပ်တန့်နေလို့လည်းမဖြစ်။
အတွေးများကမူးယစ်စေသည်။ လိုရာခရီးတွက် နှောင့်နှေးစေသည်။
အပြန်လမ်းက လူတွေကပြောတယ် မကြောက်နဲ့တဲ့ ရှေ့မှာဒီထက်ကြမ်းဦးမယ်ဆိုဘဲ။
ဒါက အားပေးသံ...

အသက်ကိုပြင်းပြင်းရှုလိုက်တယ်။ ခါးကိုမတ်လို့မာန်ကိုချီရင်း၊
ငါ မနားတမ်းပြေးရင်း တစ်လောကလုံးကြားအောင်ငါအော်လိုက်တယ်။
ငါ့အလှည့်မှ ခရောင်းလမ်းက ပိုပူနေတယ်လို့....

မျော်လင့်ရင်း

Friday, March 26, 2010

အတိတ်ဆိုတာေ၀၀ါးသွားခဲ့ပေမဲ့
ရင်ထဲက မှတ်တမ်းတွေက မနေ့ကလိုဘဲသစ်လွင်နေဆဲပါ။
စောင့်တယ် စက်ကလေးမှာ မျက်နှာလေးအပ်လို့
ငေးကြည့်နေတယ် နာမည်လေးတစ်ခုရှိရာကို
ရှာဖွေနေတယ် အတိတ်လေးတွေသစ်လာနိုးရယ်
လေလှိုင်းတွေကနေတုန့်ပြန်လာလေမလား
မီးလေးစိမ်းအလာကိုထိုင်ကြည့်နေရင်း.....

လမိုက်ညတွေ...

Tuesday, March 9, 2010

ညအမှောင်မှာ ယောင်ချာချာနဲ့ တစ်ယောက်ထဲကြယ်တွေဆွတ်နေမိတယ်။
ဆွတ်ယူတိုင်းလည်း ပြောမိတယ် လမင်းကြီးမသိပါစေနဲ့ လို့ရယ်။
လမိုက်ညက များလာတော့ လမိုက်နေတာကိုဘဲ သဘာဝတစ်ခုလေးဖြစ်လာတယ်။
ကြယ်လေးတစ်ခုဆွတ်ယူလိုက်တိုင်း တိမ်ကွယ်နေတဲ့လမင်းကြီး အကြောင်းကိုမေးမိတယ်။
မေးတိုင်းလည်းအဖြေတစ်ခုထဲဘဲ။
အရင်ကတော့ လမင်းကြီးနဲ့တူတူကြယ်တွေချွေမယ်လုပ်ခဲ့ဘူးတယ်။
လက်ထဲမှာတော့ကြယ်တွေအများကြီး ဘာဆက်လုပ်ရမလည်းဟင်။
ခုတော့လည်းတစ်ယောက်ထဲ ကြယ်တွေကြားမှာ လမင်းကြီးအရိပ်က ကွယ်နေဆဲ....

မနှိုးလိုက်ပါနဲ့...

Friday, March 5, 2010

မဝေးချင်ဘူး
အိမ်မက်တွေမပျက်ချင်ဘူး ချစ်သူ
မဖျက်လိုက်ပါနဲ့..........
မဖျက်လိုက်ပါနဲ့...........
ဒို့ရဲ့ အိမ်မက်ဟာ
ဒို့အနာဂတ်ပါ၊
ဒို့အနာဂတ်ဟာ
ဒို့ဘ၀လေးပါ။
အိမ်မက်တွေက နိုးမထပါရစေနဲ့၊
နိုးမထပါရစေနဲ့ချစ်သူ။
နိုးထလာတုန်းလေး
မင်းအနမ်းတွေနဲ့
ဝေးနေမှာဆိုးလို့ပါ။

အတိတ် ပန်းချီ

မပြောင်းလည်းသေးတဲ့ စာသား၊
အတိတ်ပြခန်းက
ဆေးမှိန်မှိန် ပန်းချီကားတစ်ချပ်၊
အာရုံဦးပျောက်တဲ့ လမိုက်ညတွေ၊
လွတ်မမြောက်နိုင်ဘဲ
ဝေ့ကာလည်ပတ်။

ကန်ရေပြင်ကိုကျောခိုင်းပြန်လည်း
ရေလိုင်းသံက ပဲ့တင်ထပ်တုန်း။

သစ်ရွက်ခြောက်လမ်း မလှမ်းချင်လည်း
သံစဉ်ထပ်ကာပါလာစမြဲ။

နှစ်တွေဘယ်လိုပြောင်းပြောင်း
မပြောင်းလည်းဘဲ
တူထိုင်ခဲ့တဲ့ခုံတန်းလေးကတောင်
ဆေးရောင်သစ်တွေနဲ့
ချစ်သူ ပြန်အလာကိုကူမျော်လေရဲ့။

မေ့ထားတိုင်းလည်းရင်ထဲကဆူး
မနူတ်ရက်လို့
ဘယ်ဘက်ရင်ထဲ ကျင်ကနဲကျင်ကနဲနဲ့
နစ်ဝင်ဆဲပါ။

ဖူး ငုံ ပွင့်ခြောက်

Saturday, February 27, 2010

ရပ်တန့်ခဲ့တဲ့နာရီလေး

Tuesday, February 23, 2010

နာရီလေးရပ်သွားတာ ၂ လကျော်ပီ။ ဖြစ်ပုံကလည်းဝယ်တဲ့နေ့ရက် ဒီဇင်ဘာ၁၈ တစ်နှစ်တိတိပြည့်တဲ့နေ့မှာဘဲ ရပ်သွားခဲ့တယ်။ ဘက်ထရီလည်း မလဲဖြစ် ဘဲဒီအတိုင်းသူ့ဗူးထဲမှာ ပြန်ထည့်ထားလိုက်ရင်း ဘာရယ်တော့မဟုတ် မြို့ထဲသွားရင်တော့ ကြုံ၇င် ပြင်လိုက်ဦးမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားလိုက်တယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဗူးအပြင်ထုတ် ပီး အိတ်ထဲထည့်ထားခဲ့မိတယ်။ တစ်ရက်ရက် အပြင်ရောက်ဖြစ်ရင် ဆိုင်ပို့မယ်ပေါ့လေ။ ဘာမပြောညာမပြော ဖေဖေါ်ဝါရီ ၂၂ ရက်က နာရီလေးကိုသေချာကြည့်လိုက်တော့ နာရီက ပြန်သွားနေတယ်။ အဲဒါကိုလည်း အယုံအကြည်မရှိသေးဘူး ဒါလည်းခဏနေမှာပါဆိုပီး ပြောပီး တစ်ညသိပ်လိုက်မိတယ်။ တစ်ညလုံးသူက ပုံမှန် သွားနေတယ်။ နောက် ခုထိ နာရီက သူမဟုတ်သလိုဘဲ ဆက်လက်ခုတ်မောင်းနေတယ်။ ပထမတော့ အသစ်ဝယ်ပတ်မလို့ဘဲ ဒါပေမဲ့ နာရီ အပြာခံဒိုင်ခွက် ကလေးကို နှစ်သက်နေမိသေးလို့ ဆက်ပတ်လိုက်ဦးမယ်ပေါ့နော်။ နှမြောတာပါဘဲလေ။ ကိုယ်နဲ့တူတူရှိနေခဲ့တဲ့ ပစည်းလေးကိုသံယောဇဉ်ဖြစ်နေမိတာဆိုလည်း မမှားဘူးကို။

ရင်ထဲကဆူးပန်းပင်တွေ

Sunday, January 31, 2010

















ပတ်တရားက ဥယျာဉ်ထဲက ဆူးပန်းပင်တွေ။

အေးရာအေးကြောင်း

Sunday, January 17, 2010


သူ..တစ်ကယ်အလုပ်လုပ်နေသည်။

ရောင်စုံပန်း..

Monday, January 11, 2010



ပန်းရောင်



အနီရောင်ပန်းခင်း....

တူတူပျော်မယ်...



အေးချမ်းတဲ့အရိပ်အောက်မှာ တူတူပျော်မယ်နော်....

ဘုံကျောင်းအမှတ်တရ

Friday, January 8, 2010
















ဆောင်းအလွမ်း

Tuesday, January 5, 2010

အလွမ်းဆိုတာ ဖြေရှင်းလို့မရတဲ့ပုဒ်စာတစ်ခုလို့ပြောချင်တယ်။
ခုလိုနှင်းတွေဝေနေတဲ့ဆောင်းက ပိုပီး အလွမ်းတွေပိုစေတယ်။ ယောင်ပီး ပါးလေးကိုစမ်းမိတယ်။ မောင်နမ်းခဲ့တဲ့ပါးလေး ခုထိ ပူနွေးနွေးလေးဖြစ်နေသလိုခံစားရတယ်။ သတိရတဲ့စိတ်တွေပြေပါစေတော့ရယ်လို့ စာတွေချချရေးမိတယ်။ အလွမ်းစာမျက်နှာတွေက တစ်နှစ်ပီးတစ်နှစ်ပြောင်းပေမဲ့ မေ့မရသလို ဟောင်းခဲ့တဲ့စာမျက်နှာတွေကိုပြန်ကြည့်တော့လည်း ဒီနေ့မှာခံစားနေရသလို အသစ်စက်စက်လေးပါဘဲလေ။

အရှုံးသမားတစ်ယောက်ရယ်ခံစားခဲ့၇တာ ခုချိန်ထိမေ့မရ ပြောင်းလည်းလို့မရ။ ညတွေအားလုံးဟာ စိတ္တဇညတွေလိုဘဲ ဖြတ်သန်းနေရတယ်။ မောင်တစ်ယောက်ကတော့ မေ့လို့တောင် ဘ၀သစ်မှာပျော်နေပီ။

မောင်ကတော့ မောင်ေ၇ွးချယ်ခဲ့တဲ့ ကြင်ဖော်နဲ့သာယာတဲ့ဘ၀တစ်ခုကိုတောင်တည်ဆောက်နိုင်ခဲ့ပီ။ အချစ်ဆိုတာလည်း တစ်ခါတစ်လေထူးစမ်းသည်။ ကိုယ့်ကိုမချစ်တဲ့လူ ကိုယ့်ကိုတန်ဖိုးမထားတဲ့လူတစ်ယောက်ကိုလည်းချစ်ချင်ချစ်နေတတ်တာ။ မောင်ထွက်သွားပီးကတည်းက ဆောက်တည်ရာမရ ဝေလေလေနဲ့ ဘ၀ကိုလျောက်လှမ်းနေတာ ခုဆို ၇က်ကနေ နှစ်တောင်ကူးပီ။

တစ်ရက်မှမေ့မရဘူး တစ်ရေးနိုးလို့တမ်းတမိတာက မောင် အနားမှာရှိနေသလိုလို။ သေချာပြန်ကြည့်ကြည့်တော့ မောင် အနားမှာ မ၇ှိ တစ်သက်လုံးမရှိနိုင်တော့ ပြန်မဆုံနိုင်တော့တဲ့နေရာ သီးသန့်ကမ္ဘာလေးမှာ မောင်၇ှိနေတယ်။ တစ်ခါတစ်လေ မောင်ပျော်နေတာ မောင်မိသားစုလေးနဲ့ပျော်မြူးနေတာလေးကို တွေးရင်း မောင့်အပြုံးလေးကိုဘဲ စိတ်ကူးယဉ်ပီး ကြည်နူးနေမိတယ်။

အဲဒီအသိုင်းအ၀န်းနားမှာတော့ နေခွင့်မရပေ။ တူတူပျော်ခွင့်မရပေမဲ့လည်း ကိုယ်ချစ်ခဲ့၇တဲ့သူတစ်ယောက်ပျော်နေတာကိုဘဲ အဝေးတစ်နေရာကနေ ပျော်ပေးနေရုံကလွဲရင် ဘာမှ မတတ်နိုင်တော့ပေ။

မေ့ပြစ်ခြင်းဆိုတာမဟုတ်ပေမဲ့ ဒီအလွမ်းပုဒ်စာလေးကိုတော့ ဖြေရှင်းချင်မိတယ်။

မပြတ်သားမူတွက်....

Sunday, January 3, 2010

အသွားနဲ့အပြန်လမ်းနှစ်လမ်းလေးနဲ့
သူလေပတ်ရှုပ်....

လာမယ်ဆိုလာလိုက်ပါလား
သွားမယ်ဆိုလည်းသွားလိုက်ပါလေ။

ဒီလိုလိုဟိုလိုလို
သွားသလို လာသလို
မပြတ်မသားကြားက
လူသားနှစ်ယောက်
ဘယ်လောက်ထိခံစားရမလည်းနော်။