ထားရက်ခဲ့သူ...

Monday, July 5, 2010

မင်းအချစ်နဲ့ရှင်သန်နေချိန်တုန်းက
လရိပ်လေးကိုရင်ခုန်စွာမျှော်ခဲ့ဘူးတယ်။
ကြယ်ကြွေတာကိုတူတူစောင့်ခဲ့ဘူးတယ်။
ရေလှိုင်းခတ်သံနဲ့ ရင်ခုန်ခဲ့ဘူးတယ်။
ကြားလေလေးသွေးမှာကိုကြောက်ခဲ့ကြတယ်။
ဝေးကွာစေမဲ့အမှောင်ကိုမုန်းခဲ့ကြဘူးတယ်လေ။

ချစ်သူရယ်....ခုတော့
မင်းအမုန်းတွေကြားမှာ ငါဟာ
ကြယ်တွေကိုလည်းမချစ်နိုင်။
လရိပ်မှာလည်း မကြည်နူးတော့။
ရေလှိုင်းသံတွေကိုလည်း ရင်မခုန်တတ်တော့။
လေပြေတွေကြားရူးသွပ်နေရင်း၊
မင်းရဲ့အမုန်းတွေက၊ မျက်ကန်းတစ်ယောက်လို
ငါ့ကို အမှောင်ထဲမှာကျန်ရစ်စေတယ်။