Tuesday, May 11, 2010
တစ်ပင်လုံးမြိုင်ပီး
ကြိုင်နေအောင် ပွင့်ရင်း
အချိန်အခါဆိုတာမ၇ှိတော့တဲ့
ပင်ယံက ပိတောက်ရယ်။
ပန်းတွေခြွေတဲ့လက်ဖ၀ါးနုမှာ သွေးစွန်းထင်ကျန်....
လမင်း မသာတဲ့ညတွေ မှောင်လွန်းလှပါတယ်။
အေးချမ်မူတွေကွယ်ပျောက် ငရဲရောက်နေသလိုပင်။
မီးထွန်းသလို ခလုပ်လေးနှိပ်လို့လသာခိုင်းလိုက်ရရင်ဖြင့်
လမင်းကြီးကိုငါ့အနား တစ်ချိန်လုံးသာခိုင်းလိုက်စမ်းချင်။
စည်း
သူနဲ့ကိုယ်နဲ့ကြားက စည်းလေးခြားနေတယ်။ ဖျက်လိုက်၇င်လည်း ရသည်။ မဖျက်ပဲ ဆက်လက် ထိန်းသိမ်းလည်းထားနိုင်သည်။ ဦးတည်ရာတစ်ခုကိုတော့ မောင်းနှင်နေသလို ဝေခွဲမရတဲ့သံယောဇဉ်က နှစ်ဦးအပေါ်ခြည်နှောင်ခဲ့သည်။
လွတ်ရာသို့ပြေးထွက်ခဲ့ချင်သည်။ သို့သော် မဖြည်နိုင်တဲ့ကြိုးတစ်ချောင်းကြောင့် ရစ်ပတ်ခဲ့ကြသည်။
နှစ်ဦးသဘောတူ အဲဒီစည်းလေးကိုဖျက်လိုက်သည်။ ထွက်ပြေးချင်ပေမဲ့ ပြေးခွင့်မပြုတော့ပေ။
စည်းချက်
သံစဉ်အခေါ်အဝေါ်တွေပြောင်းလာကြသည်။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ နောက်ပြောင် ရီမောနေရာကနေ ရင်ခုန်သံတွေက လွမ်းမိုးလာသည်။ မိုးလင်းမိုးချုပ် သံစဉ်တွေခေါင်းလောင်းသံတွေစုံလာခဲ့ပီ။ မနက်ဆို နှိုးဆက်ကလေးဖြစ်လာ။ နေ့လည်ဆို မီးဖိုချောင်စာရင်းတွေကောက်။ ညနေဆို အလုပ်အကြောင်းတွေ သံစဉ်ညှိ။ အင်းည ဆိုရင်တော့ မမောတမ်း စွဲလဲသံတွေစုံခဲ့ပီ။ ကြည့်နူးကြသည်။ လုံးဝမပြည့်စုံသေးတဲ့ အပျော်တွေက မျက်နှာက နွမ်းနယ်မူတွေကို ပပျောက်လာစေသည်။ ကျန်းမာရေးကိုအထူးတလည်လိုက်စားစရာမလို အားဆေးတွေနဲ့ လမ်းဆန်း တက်ကြွနေစေသည်။
စည်းချက်ညီ
တစ်ယောက်အကြောင်းတစ်ရောက် ပိုပိုသိလာပြီ။ ခြေလှမ်းတွေတောင်ဆင်တူလာပြီ။ စိတ်ချင်းတွေလည်း ဆက်သွယ်လို့။ လိုအပ်ချက်တွေကို မပြောပေမဲ့နားလည်မူတွေယူတတ်လာခဲ့ကြပြီ။ အားပေးမူတွေဖေးမမူတွေကိုယ်စီနဲ့ ခြေလှမ်းတွေ ညီခဲ့ကြပြီ။
စည်းချက်ညီညီ
သံသယဆိုတဲ့လမ်းကိုမေ၇ွးတော့ဘူး တွေဝေနေစိတ်တွေ သံသယတွေတစ်စေ့မှ မရှိတော့တဲ့နေ့ အဲဒီနေ့ တစ်ဦးကိုတစ်ဦး လက်ခံရင်း လမ်းဆုံးတိုင်ရည်လို့ သံစဉ်တွေဆက်ညှိကြတဲ့နေ့။ ခြေလှမ်းတွေကိုယ်စီနဲ့ချီတက်ကြမယ်။ လက်ခုတ်သံတွေကြားက ရီမောသံစဉ်တွေ။ ဆုံးဖြတ်ချက်ချထားပြီး အဲဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ထိမ်းသိမ်းထားမဲ့ ရင်ခုန်မူ သံစဉ်တွေက စည်းချက်တွေညီညီ ပေါ်ထွက်ခဲ့ပီ။
ခရီးရဲ့အစ စည်းချက်ကို နောက်ဆုံးတိုင် ညီစေဖို့ရည်။
မလှုပ်ချင်တဲ့လက်တစ်စုံက လေးလေးကန်ကန်လှုပ်ရှားနေရတယ်။
မလှမ်းချင်တဲ့ခြေလှမ်းတွေက လမ်းမမည်တဲ့ဂျိုင့်ပေါင်းစုံမျိုးမှာ ယိုင်နွဲ့နွဲ့နဲ့။
ကျောပြင်ကိုအပူမမိအာင် ကာထားပေမဲ့ ငါကျောမလုံခဲ့ဘူး။
ငါ့ကြောက်စိတ်ကိုနားမလည်ပေမဲ့ မျက်ရည်က ခွန်အားပေးနေပြန်တယ်။
ေ၇ှ့ဆက်ရန်လည်းမ၀ံ့ နောက်ဆုတ်ရန်လည်းခက်ခက်
ဒီနေရာမှာဘဲရပ်တန့်နေလို့လည်းမဖြစ်။
အတွေးများကမူးယစ်စေသည်။ လိုရာခရီးတွက် နှောင့်နှေးစေသည်။
အပြန်လမ်းက လူတွေကပြောတယ် မကြောက်နဲ့တဲ့ ရှေ့မှာဒီထက်ကြမ်းဦးမယ်ဆိုဘဲ။
ဒါက အားပေးသံ...
အသက်ကိုပြင်းပြင်းရှုလိုက်တယ်။ ခါးကိုမတ်လို့မာန်ကိုချီရင်း၊
ငါ မနားတမ်းပြေးရင်း တစ်လောကလုံးကြားအောင်ငါအော်လိုက်တယ်။
ငါ့အလှည့်မှ ခရောင်းလမ်းက ပိုပူနေတယ်လို့....
အတိတ်ဆိုတာေ၀၀ါးသွားခဲ့ပေမဲ့
ရင်ထဲက မှတ်တမ်းတွေက မနေ့ကလိုဘဲသစ်လွင်နေဆဲပါ။
စောင့်တယ် စက်ကလေးမှာ မျက်နှာလေးအပ်လို့
ငေးကြည့်နေတယ် နာမည်လေးတစ်ခုရှိရာကို
ရှာဖွေနေတယ် အတိတ်လေးတွေသစ်လာနိုးရယ်
လေလှိုင်းတွေကနေတုန့်ပြန်လာလေမလား
မီးလေးစိမ်းအလာကိုထိုင်ကြည့်နေရင်း.....
ညအမှောင်မှာ ယောင်ချာချာနဲ့ တစ်ယောက်ထဲကြယ်တွေဆွတ်နေမိတယ်။
ဆွတ်ယူတိုင်းလည်း ပြောမိတယ် လမင်းကြီးမသိပါစေနဲ့ လို့ရယ်။
လမိုက်ညက များလာတော့ လမိုက်နေတာကိုဘဲ သဘာဝတစ်ခုလေးဖြစ်လာတယ်။
ကြယ်လေးတစ်ခုဆွတ်ယူလိုက်တိုင်း တိမ်ကွယ်နေတဲ့လမင်းကြီး အကြောင်းကိုမေးမိတယ်။
မေးတိုင်းလည်းအဖြေတစ်ခုထဲဘဲ။
အရင်ကတော့ လမင်းကြီးနဲ့တူတူကြယ်တွေချွေမယ်လုပ်ခဲ့ဘူးတယ်။
လက်ထဲမှာတော့ကြယ်တွေအများကြီး ဘာဆက်လုပ်ရမလည်းဟင်။
ခုတော့လည်းတစ်ယောက်ထဲ ကြယ်တွေကြားမှာ လမင်းကြီးအရိပ်က ကွယ်နေဆဲ....