အချိန်တန်တော့လည်း..........

Tuesday, June 15, 2010

ပန်းကိုမချစ်တတ်သူရှေ့
ပန်းသစ္စာတည်ခဲ့သူလေ။

လှပါတယ်။ ပန်း အရောင်လေးတွေ
အနံ့ကိုယ်စီနဲ့။
သဘာဝအလှကိုသီကုံးကြတာကိုး။

သူကလည်းတေးသီချင်တော့
သူ့သစ္စာကို ခရေနဲ့နှိုင်း
ဟုတ်သလိုလိုကိုး။

မယုံတစ်ဝက်ယုံတစ်ဝက်နဲ့
အချိန်တစ်ခုစောင့်ရင်း
လက်ခံခဲ့လိုက်မိပြန်တော့.....

မကြာခင်ပဲ
ဇာတ်တူသားတွေ
သူလည်း မခြားသကိုး။

အရောင်တွေမှေးဖျော့
အနံ့တွေကွယ်ပျောက်
တစ်စစနဲ့ဆွေးမြေ့လာတဲ့
ခရေကုံးလို
တရေ့ရေ့ကွယ်ပျောက်
သွားပြန်ပါကော။

အမှတ်တရ ကျောင်းတော်ကြီး

Monday, June 14, 2010


အမှတ်တရ များစွာကျောင်းတော်ကြီး....

ငါးတွေကိုအစာကျွေးနေတဲ့ဘဲငန်း

Tuesday, June 1, 2010

အသီးတွေ


အေးမြတဲ့စမ်းရည်
စိမ်းလမ်းတဲ့တောတောင်ကြားက
ဝင်းမှဲ့နေတဲ့အသီးခိုင်

ဆည်းဆာ

Sunday, May 23, 2010


ဆည်းဆာကိုနူတ်ဆက်ရင်း
မျှော်လင့်နေမဲ့အာရုဏ်ဦးဆီ

ပိတောက်တွေ

Tuesday, May 11, 2010


တစ်ပင်လုံးမြိုင်ပီး
ကြိုင်နေအောင် ပွင့်ရင်း
အချိန်အခါဆိုတာမ၇ှိတော့တဲ့
ပင်ယံက ပိတောက်ရယ်။

လပျောက်ည...

Saturday, May 8, 2010

လမင်း မသာတဲ့ညတွေ မှောင်လွန်းလှပါတယ်။
အေးချမ်မူတွေကွယ်ပျောက် ငရဲရောက်နေသလိုပင်။
မီးထွန်းသလို ခလုပ်လေးနှိပ်လို့လသာခိုင်းလိုက်ရရင်ဖြင့်
လမင်းကြီးကိုငါ့အနား တစ်ချိန်လုံးသာခိုင်းလိုက်စမ်းချင်။