သူငယ်ချင်းမှ

Thursday, March 5, 2009

နေ့လေးတစ်နေ့၊
အဲဒီနေ့လေးတစ်နေ့မှာပါပဲ၊
အချစ်သစ်ပင်ကို အမြစ်ပါမကျန်ခုတ်ထွင်လိုက်တယ်။

နေ့လေးတစ်နေ့ ၊
အဲဒီနေ့လေးမှာပဲ၊
အလွမ်းပျိုးပင်လေးကိုအဆိပ်ကျွေးသတ်လိုက်တယ်။

နေ့လေးတစ်နေ့ ၊
အဲဒီနေ့လေးမှာပ၊ဲ
တွေဝေသူ့အတွက်နာကျင်အောင်လုပ် လမ်းခွဲစေခဲ့တယ်။

နေ့လေးတစ်နေ့၊
ကျန်နေသေးတယ် အဲဒါသူ့အတွက်၊
အချစ်သစ်ပင်အသစ်ကိုသူစပျိုးလိုက်နိုင်ခဲ့တယ်။

အရင်ကတော့ သူငယ်ချင်းလေး၊
နောက်ဆုံးတော့လည်း လက်တွဲဖော်လေးပေါ့။

ပိတောက်အရိပ် ခဏတာ

Tuesday, March 3, 2009

နားနေခန်းလေမှနေပြီး နေရောင်ခြည်ရဲ့ အလင်းရောင်အောက်မှာ ၀ါထိန်နေအောင်ပွင့်နေတဲ့ ပိတောက်ပင်ကြီးကိုငေးနေမိသည်။ နောက်သန့်ရှင်းလတ်ဆတ်တဲ့လေကိုမျက်စေ့လေးစုံမှိတ်ရင်း တစ်ဝကြီးရူရှိုက်လိုက်၇င်း.....

ဖုန်းကနည်းကျလာတဲ့ အရာကိုကြည့်လိုက်တော့စာအုပ်တွေ

“မဆွေရယ်လန့်လိုက်တာ ဘာလုပ်တာလည်း အဲဒါ”

“နင်ဖတ်စေချင်လို့ယူလာတာပေါ့။”

“အော်.. အဲဒါများအသာလေးချရတာဘဲ။”

“ငါကပစ်တောင်ပေါက်ချင်တာနင့်ကို”

“အမလေးတော် ဘယ်ကတည်းကမုန်းနေတာလည်းဟ။”

“ငါအလည်လာတာမကြိုက်လို့လားနင်က ၇ပါတယ်။ ပြန်ဆိုပြန်တာပေါ့လေ။ ငါကရောက်တုန်းရောက်ခိုက် တစ်ပါတ်လောက်နေမလို့စိတ်ကူးပြီးလာတာ၊ ဒီပိတောက် မြေကိုမရောက်တာ နှစ်တွေအတော်ကြာနေလို့ လာတာပါဟ။”

“နင့်ကိုပြန်စေချင်လို့မဟုတ်ဘူးဟေး နင့်ကို ငါနားမလည်လို့”

“ဘာလို့လည်း”

“အင်းလေ နင်လုပ်ပုံကြည့်လေ။ ဟိုတစ်ယောက်နင်နဲ့မတွေ့တာတောင်နင့်အကြောင်းဝတ္တုတွေရေးနေတယ် အဲဒါအခုသူရေးတာ ၄ အုပ်မြောက်ပြီ။”

“တစ်ကယ်....”

“အေးဟေ့ စာအုပ်တိုင်းမှာ နင့်အကြောင်းတွေကြည်ပဲ။ နင့်ကိုတော်တော်လေးချစ်၇ှာတာဟ နင်စဉ်းစားကြည့်လေ အခုဆိုနင်တို့မတွေ့တာ ၁၀ နှစ်လောက်တောင်၇ှိပေါ့။ ဒါကိုပဲတစ်ယောက်ထဲပဲနေတယ်။ သူကငါ့ကိုတွေ့တိုင်းနင့်အကြောင်းတွေဘဲမေးမေးနေတယ်။”

“အင်းလေ..မေးတော့ကောဘာတတ်နိုင်မှာလည်း။ ငါ့ဘက်ကသူ့ကိုကောင်းစေချင်လို့လမ်းပေါ်တင်ပေးခဲ့ပြီဘဲ၊ ငါကတော့ မြောင်းထဲမှာပါဟာ.. ဟဟ ရီရတယ်နော်။”

“မဆွေမျက်ရည်တွေဝဲလာသည်။ နင်အဲလိုမပြောပါနဲ့ဟာ။ သူကလည်းနင့်ကိုကျေးဇူးတွေတင်ရင်း နင့်စေတနာကိုနားလည်လို့လည်းသူနင့်ကိုတန်ဖိုးထားနေတာပေါ့...
နင်ဆက်သွယ်လိုက်ပါဟာ.. သူ့လိပ်စာရှိတယ် အဲဒီစာအုပ်ထဲမှာပါတယ်။ သူအခုဘယ်မှာလည်းသိလား..”

“ဘယ်ရောက်နေလည်း သူဒီမြို့မှာမရှိဘူးလား။”

“သူအခုပညာတော်သင်သွားတယ် ဒေါက်တာဘွဲ့သွားယူတယ်။”

“အော်...သူကဥာဏ်အရမ်းကောင်းတယ်ဟ။ ဟိုးတုန်းကငါတို့ ကဗျာပြိုင်စပ်ခဲ့ဘူးသေးတယ်။ သူကတော်တယ်ဟ။ ငါကပဲ အရှုံးပေးခဲ့ရတယ်။ အခုစာအုပ်တောင်ရေးနေတယ်ပေါ့။”

“အင်းပါ.. မင်းဆက်သွယ်လိုက်ပါဟာ။ သူကျောင်းအားရက်တွေနင့်ဆီလာလည်လို့ရတာပေါ့။ ၇ွာဆိုရင်သာခက်မှာသွားရလာရတာ။ မင်းဆီကိုသူမရောက်ရောက်အောင်လာမှာငါယုံတယ်။ မင်းဟိုတစ်ခါ အပြင်ထွက်တုန်းကလည်း သူမင်းနေတဲ့နေရာကိုမရောက်ရောက်အောင်လိုက်တယ်နော်။ ငါတို့တစ်တွေအောချတယ်။ အဲလိုသစ္စာရှိရှိချစ်တဲ့လူ၇ှားတယ်နော်။
ငါကသူ့ကိုအမြဲစတယ် နောက်တစ်ယောက်ရှာပါလားဆိုတော့ သူဘာပြောလည်းသိလား
နင်တစ်ယောက်ကိုဘဲချစ်တယ်တဲ့ နင်တစ်ယောက်နဲ့ဘဲသူ့ဘ၀ပြည့်စုံတယ်တဲ့လေ။”

“ဟင်း..... ကျေးဇူးတင်ပါတယ်လေ ငါလိုမြောင်းထဲကလူတစ်ယောက်ကိုသစ္စာရှိရှိချစ်ပေးတဲ့အတွက်လေ။
ဒါပေမဲ့ဟာ သူ့အတွက် ငါ့မှာ အဖြေတစ်ခုရှိနေတယ်။ သူ့ဘ၀ကိုမြင့်မြင့်မားမားနေရာမှာရှိစေချင်တယ်။ ငါလိုလူနဲ့ဆုံခဲ့ရရင် သူဘ၀လေးမလှတော့မှာစိုး၇ိမ်တယ်။ နေပါစေတော့ ဘယ်တော့မှ မဆုံကြတာဘဲကောင်းပါတယ်။ ပင်မြင့်မှာစံနေတဲ့သူ့ဘ၀လေးမညှိုးစေချင်ပါဘူးလေ
ကဲ စကားပြောနေတာကြာပေါ့ ငါတရားသွားထိုင်လိုက်ဦးမယ်။ ”

“နင်ဒီစာအုပ်တွေမဖတ်တော့ဘူးလား..”

“ဖတ်တော့ပါဘူး။ ငါ့ရဲ့ပူလောင်နေတဲ့ဒီဘ၀ကိုအေးချမ်းမူတွေပေးမဲ့ တရားရိပ်မှာဘဲခိုလှုံပါရစေတော့ သူငယ်ချင်း။ မင်းနားလည်ပေးပါနော်။ ကျေးဇူးတင်ပါတယ်သူငယ်ချင်း သီတင်းကောင်းတွေကို လာမျှဝေတဲ့အတွက်။
ငါ သူ့အတွက်လည်းဆုတောင်းလိုက်ပါ့မယ်။ သူဘ၀အတွက်သင့်တင့်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ပြီး သူ့ဘ၀လေးအေးချမ်းစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ့မယ်။

မကြာခင်ရွာချတော့မဲ့မိုးလိုညိုနေတဲ့မဆွေရဲ့ မျက်ဝန်းအစုံကို လွှဲလိုက်ရင်း ဘုရားခန်းရှိရာကိုဦးတည်လိုက်ပါတော့သည်။

ရာသီသစ္စာ

ချယ်ရီတွေတောင်မခြောက်သေး ပိတောက်တွေပွင့်ခဲ့ပါပေါ့လား
လေအပင့်မှာရှုရိုက်လိုက်တိုင်းပိတောက်ရနံ့ကမင်းမူနေပြီ
ရာသီတွေပြောင်းတာမြန်လိုက်သည်ပင်။

ဆောင်းလေပြေအေးအေးလေးကိုမြတ်နိုးလိုက်တာ
ချယ်၇ီတွေကိုမြတ်နိုးလိုက်တာရယ်နဲ့ အခုတော့လည်း
ပိတောက်၇ိပ်အောက်ကြည်နူးနေပြန်ပါရော။

ပိတောက်နဲ့ချယ်ရီ မည်သူပိုလှသနည်းလို့ဆိုပြန်တော့
သူတို့တစ်တွေမှာအလှကိုယ်စီပါဘဲလေတဲ့
သို့သော်ချယ်ရီရေမင်းကအဝေးမှာကျန်ခဲ့လေတော့
အခုလက်ရှိအနီးမှာရှိတဲ့ပိတောက်ကိုမကျော်နိုင်ပြန်ပေါ့နော်။

အော်လူ့စိတ်လူ့စိတ်............
နီးခြင်းဝေးခြင်းတွေကမြတ်နိုးခြင်းတွေကိုလည်းတိုင်းတာပေးနေပြန်တယ်
ရာသီအလိုက်ပြောင်းလည်းနေတဲ့အလှတစ်ရားအလိုက်
သစ္စာတ၇ားမှာကောပြောင်းလည်းတတ်တဲ့သဘောတရားများဖြစ်နေသလား............

မျှော်လင့်မဲ့.... ကာရံမဲ့

Saturday, February 28, 2009

ချစ်သူရေ
မင်းအနားမှာနေခွင့်ဆိုတာလေးကို၊ မရခဲ့ပေမဲ့ မင်းရဲ့ အတိတ်တနေရာမှာ
နေခွင့်ရခဲ့တာကိုဘဲ ကျေနပ်လှပါပြီ။

ချစ်သူရေ
အချိန်တိုင်းမှာလည်း.....
မင်းအနားမှ တစ်ခြားသူရှိနေမလားလို့တွေးပူခဲ့၇။
မင်းနေကောင်းရဲ့လားမေးခွန်းတွေကွေ့ပတ်မေးခဲ့ရ။
မင်းအလုပ်အစဉ်ပြေရဲ့လားဆိုတာကိုလည်းမ၀ံ့စွာမေးခဲ့၇တယ်။
မပွင့်လင်းတဲ့မင်းတယောက်အတွက် ငါရင်လေးခဲ့ရပါတယ်။
မယုံတာမဟုတ်ပေမဲ့အဝေးမှာနေရတဲ့ငါ့ဘက်ကိုမင်းနားမလည်ခဲ့။
အဝေးကနေမှန်းတွေး၊ အဝေးကနေမှန်းငေးခဲ့ရငါ့နေ့ရက်တွေ
မရည်တွက်နိုင်အောင်ပါချစ်သူ။

ချစ်သူရေ
ရက်မှနေ လ။ လ မှနေ နှစ် ကူးရောက်တော့မယ်နော်။
ဆုံနိုင်ခွင့်ကိုမင်းမဖန်သလ၊ို ကြိုးစားစေမူကိုရပ်တန့်စေခဲ့တယ်။
တစ်ကောက်ကောက်လိုက်နေတဲ့ငါ့ချစ်ခြင်း ကမင်းအတွက်တန်ဖိုးမရှိခဲ့သလို
လွမ်းမောတတ်တဲ့ငါ့စိတ်တွေကို မပြောင်းလည်းစေခဲ့ပါဘူး။
မင်းသာငါ့ဘ၀လို့ရည်ကတည်းကမင်းအပေါ်ချစ်ခြင်းတစ်ရက်မှမလျှော့
ငါ့အချစ်ကိုငါတစ်စမှမပြောင်း၊တန်ဖိုးထားခဲ့သူပါချစ်သူ။

ချစ်သူရေ
လွမ်းတယ်ဆိုတဲ့တစ်ဖက်ကမ်းက ဆုံချင်တဲ့ဆန္ဒလေးကိုတော့
ငါဆုတ်ကိုင်ထားပါရစေလားကွာ၊
အိပ်မရတဲ့ညတွေကို အိပ်ဆေးတွေနဲ့ကျော်ဖြတ်ခဲ့ပေမဲ့
အသားကျခဲ့တဲ့ငါ့အလွမ်းတွေကို အဲဒီအိပ်ဆေးတွေကမှေးမစက်စေတော့ဘူး။
ငိုရလွန်းတဲ့ငါ့မျက်ဝန်းကမျက်ရည်တွေခမ်းခြောက်ခဲ့ပေမဲ့
ရင်ထဲကငိုသံတွေကတော့ ပိုပြင်းထန်နေတုန်းပါဘဲချစ်သူ။

ချစ်သူရေ
ဆုံနိုင်ခွင့်ဆိုတာငါ့အတွက်မဟုတ်တော့ရင်လည်း
မင်းဘ၀လေးအေးချမ်းပါစေရယ်လို့ဘုရားမှာတောင်းဆိုဆဲပါ။
မင်းမရှိခဲ့တဲ့ဒီတစ်နှစ်ဆိုတဲ့အတိုင်းအတာ ကိုငါရင်နာစွာကျော်ဖြတ်ခဲ့သလို၊
နောင်နှစ်ပေါင်းဘယ်လောက်ထိငါ ကျော်ဖြတ်ရဦးမှာပါလိမ့်။

ချစ်သူရေ
ငါ့ရဲ့မျှော်လင့်မဲ့ဆန္ဒလေးတစ်ခုကတော့......
ကံတရားကခွင့်ပေးလို့ဆုံနိုင်ခွင့်လေးရခဲ့ရင်ဖြင၊့်
မင်းပခုံးထက်မှီရင်း နမ်းခဲ့တဲ့ပါးပြင်လေးကိုတော့ ဖွဖွလေးနမ်းချင်သေးတယ်။

အမှတ်တရနေ့လေး အပိုင်း ( ၆ )

Friday, February 27, 2009

ကောင်းကင်ပြာကြီးရဲ့ အရောင်နဲ့ေ၇ာင်ပြန်ဟပ်ကာ တစ်သွင်သွင်စီးနေသော ချောင်းရေမှာလည်း တစ်ခါတစ်ခါ ပြာလိုက် ဖြူလိုက်နဲ့၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အလွန်သာယာလှသည်။ တောင်စောင်းတစ်လျှောက်မှာလည်း တောပန်းများဝေဆာနေသည်။ တစ်ခါတစ်ခါလေအပင့်မှာ တောပန်းနံ့လေးက သင်းလာသေးသည်။
ဒီနေရာကို နိုးနိုးနှင့်စိုးစိုး ဆိုတဲ့ဆရာမလေးနှစ်ယောက်အလွန်ကြိုက်နှစ်သက်သည်။သူတို့နှစ်ယောက်ရဲ့ စိတ်အပမ်းဖြေရာနေရာလေးပင်။ ရွာထဲမှာရေမ၇ှိလျှင်လည်း ဒီချောင်းထဲမှာရေလာလာချိုးကြသေးသည်။

ကြည်လင်တဲ့ရေအောက်မှာသွားလာနေသောငါးလေးများ၊ ငှက်ကလေးတွေတေးဆိုသံများ၊ ချောင်းရေစီးသံတွေကသာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွမ်းမိုးထားသည်။ ငေးမောလို့မကုန်အောင်ပင် ဖြစ်နေသည်။ စိုးစိုးတစ်ယောက်ဒီနေရာလေးကို သူ့မျက်ဝန်းလေးထဲမှာစွဲနေအောင်ကို နောက်ဆုံးကြည့်ခြင်းများနှင့်ကြည့်နေသည်ပင်လေ။

ဒီနေ့ဒီနေရာဟာ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံရာနေရာလေးပင်။ အရာရာတိုင်းတိတ်ဆိတ်နေသည်။သူတို့စကားများမှာလည်း တိပ်ဆိတ်နေသည်။ နှစ်ယောက်သား ချောင်းဘေးနားမှာဘေးတိုက်ထိုင်ကာ အဝေးတစ်နေရာကိုငေးနေသည်။

အတန်ကြာတိတ်ဆိတ်နေကြပြီး

“နိုးနိုး”
“ဘာလည်း...ပြော....စိုးစိုး“
“ငါ...အိမ်ပြန်တော့မယ်”

“အင်း..”
“ငါရဲ့ အချိန်တွေငါ့ရဲ့ အားတွေကို သူများတွေအတွက်ပေးဆပ်ခဲ့ပြီးပြီ၊ အခုတော့ ငါ့အဖေရဲ့ နောက်ဆုံးအချိန်မှာ ငါရှိနေချင်တယ်။ သူ့ကိုငါ့လက်နဲ့ ပြုစုလိုက်ချင်တယ် သူငယ်ချင်းရာ။ ငါမှား လားဟင်။”

“အင်းပါနင်မမှားပါဘူး.. ငါနားလည်ပါတယ်။”

သက်ပြင်းရှည်တစ်ချောင်းကိုလေးလံစွာဆွဲကာ

“စိုး....ပြန်သင့်တယ်။ ”
“အင်း”....... ဆိုကာနှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“နိုးနိုး ငါလေ နင့်ကိုကျေးဇူးတင်ပါတယ်ဟာ။ ငါ နင့်ဆီကပညာတွေရခဲ့တယ် အခုငါအိမ်ပြန်ရင် ငါ့အဖေနဲ့ အမေကိုငါကောင်းကောင်းပြုစုတတ်ပြီပေါ့ နင့်ဆေးပညာတွေနဲ့ နင့်ရဲ့စေတနာတွေကြောင့်လေ လူမမာတွေလည်းအများကြီးရောဂါတွေသက်သာခဲ့တယ်။ နင်လိုလူနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်လို့မဆုံးပါဘူး။”

“စိုးစိုး..ရာနင်ကအဲလိုပြောတော့ငါပြန်ပြောတော့မယ်နော်။ နင့်ဆီက ငါပညာတွေအများကြီးရခဲ့တယ်။ သူတစ်ပါးအပေါ်မေတ္တာထားတတ်လွန်းခွင့်လွှတ်တတ်လွန်းတဲ့နင့် အကျင့်တွေကတော့ ငါ့ဘ၀အတွက် အံ့မခန်းပါဘဲ။ ငါနောင်တစ်ချိန်ဘာလုပ် မယ်ထင်သလဲ။ ”

“ပြောပါဦး...”

“ငါ မူကြိုကျောင်းဖွင့်မယ်။ ”

“ဟင်”

“ဟုတ်တယ် ငါလေ မင်းဆီကပညာတွေအများကြီးရခဲ့တယ်။ သင်ကြားနည်းပညာတွေလေ။ ငါအရင်ကမင်း အဲလောက်ထိတတ်လိမ့်မယ်မထင်ခဲ့ဘူး။ မင်းရခဲ့တဲ့ဘွဲ့ကိုလည်း အထင်သေးခဲ့တယ်။ မင်းပုံစံကိုလည်း သိပ်အထင်မကြီးခဲ့ဘူးလေ။ နင် ပညာတော်သင်ပြန်ဆိုတာကိုတောင်ငါ အထင်သေးခဲ့တယ်။ အမှန်တရားပါ။ နောက်ပြီး ဟိတ်ဟန်မရှိတာကလည်း ငါ့ရင်ကို တော်တော်လေး ဆွဲဆောင်ခဲ့တယ် ကလေးတွေအပေါ်မှာ စိတ်၇ှည်ခဲ့တာ မပြည့်စုံတဲ့ကလေးတွေကို ပံ့ပိုးခဲ့တာတွေ စိတ်ကိုပြုပြင်ပေးခဲ့တာတွေဟာ ငါ့အတွက် အတုယူစရာပါ ကွာ။
တူတူနေခဲ့ရတဲ့အချိန်တွေကိုပြန်မရနိုင်တော့ဘူးနော်။မင်းနဲ့တူတူဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ ငါ သိပ်ပျော်ခဲ့တယ်။ ကံတရားကလည်းနော် ဒို့နှစ်ယောက်ကို ခဏတော့တွေ့ဆုံခွင့်ပေးခဲ့တယ်နော်။ ဒါပေမဲ့ မမေ့နိုင်စရာ ဒို့တစ်တွေရင်ထဲမှာ ထာဝရကျန်ခဲ့တော့မယ်။ ”

“နိုး.. ငါရင်ထဲမှာ ဒီတောင်တန်းကြီးရယ် ဒီချောင်းလေးရယ် ဒီနယ်ကလူတွေရယ် ရိုးသားပြီး အခက်အခဲတွေကြားကကြိုးစားနေတဲ့ ကလေးတွေရယ်....အင်းပေါ့ ....မင်းရယ် ငါ့ရင်ထဲမှာထာဝရသိမ်းထားပါမယ်နော်။”

“အင်းပါ စိုး...မင်းလူတွေအပေါ်မှာတာဝန်ကျေခဲ့သလို မင်းမိဘအပေါ်လည်းမင်းတာဝန်ကျေမယ်ဆိုတာယုံတယ်သူငယ်ချင်း။”
“သွားတော့နော် စိုး။ ငါနှုတ်ဆက်ပါတယ်။ မင်းကျောပြင်ကို ကြည့်ပြီးကျန်နေခဲ့ချင်လို့ပါ။”

အင်းဆိုကာ ဆရာမလေးစိုးစိုးတစ်ယောက်သူသိပ်ချစ်တဲ့ သူငယ်ချင်းနိုးနိုးနဲ့ လှပတဲ့ဒီဒေသလေး၊ ဒီနေရာလေးကို ထာဝရ ကျောခိုင်းလိုက်ပါတော့တယ်။

သခင်နှင့်အကျွန်ုပ်

Monday, February 23, 2009

အကျွန်ုပ်အေးချမ်းစွာနေနေသည်။ ဤသခင်အပေါ်မှာအကျွန်ုပ် သစ္စာ၇ှိသည်။ နောက်ဆုံးအကျွန်ုပ် အသက်ကိုပင် ပေးဖို့အကျွန်ုပ်ဝန်မလေးပါ။ ကြာတော့ လည်း သံယောဇဉ်ပေါ့နော်။ အကျွန်ုပ်ကို လူတစ်ဦးမှ ယခုလက်ရှိသခင့်ထံမိတ်ဆက်ပေးခဲ့သည်။ အကျွန်ုပ်မငြင်းခဲ့ပါ။

ထိုနေ့မှစ၍အကျွန်ုပ် သခင်အသစ်ပေါ်တွင် သစ္စာရှိသည်။ သခင့် ခေါ်ချိန်တိုင်းမှာ အကျွန်ုပ် အစဉ်သင့်၇ှိနေသည်။ သူစေခိုင်းသမျှကို နားစွင့်ကာနားထောင်တတ်ခဲ့သည်။ နောက်ဆုံးသခင် ဆိုး ပေမဲ့ အသက်ပေး၍ အစေခံမည်ဟုရည်၇ွယ်ခဲ့သည်။ သခင်က ပထမတော့ တန်ဖိုးထားသည်။ နောက်တစ်ဖြေးဖြေး ပြောင်းလည်းလာသည်။ အကျွန်ုပ်သစ္စာရှိသလိုမ၇ှိတော့ အကျွန်ုပ်ကိုအလေးမထားတော့။ ယခုတော့ အကျွန်ုပ် အပေါ်မေ့လျှောခဲ့သလို အကျွန်ုပ် ကဟောင်နေသည်ကိုတောင် ဆူငေါက်သည်။ နားညည်းသည်တဲ့။

အကျွန်ုပ် အသံကိုမကြားချင်တော့တဲ့လေ။ သူအလုပ်ရှုပ်သည်တဲ့လေ။ အကျွန်ုပ် လည်းမနှောက်ယှက်တတ်ပါ။ ဒါပေမဲ့ အကျွန်ုပ်လည်း သခင်နှင့် စကားတွေပြောချင်သည်ပေါ့။ အကျွန်ုပ်မှာတစ်နေ့လုံးတစ်ယောက်ထဲလေ။ သခင့်ခေါ်သံလေးကိုမျှော်တတ်သည်။ သို့သော် သခင်မှာ တစ်ခြားစိတ်ဝင်စားစရာ ခွေးမတစ်ကောင်ရှိနေသည်လေ။

အကျွန်ုပ် စိတ်မကောင်းပါ။ အကျွန်ုပ် ဘက်ကတာဝန်ကျေအောင်သာနေတော့မည်၊နောက် တိပ်ဆိပ်စွာနေတော့မည်ဟုလည်း ရည်၇ွယ်ကာ သခင့်ကိုသတိရချိန်တိုင်း အကျွန်ုပ် အိပ်စက်လိုက်သည်။ စိတ်ကူးတစ်ခုကိုမေ့ပျောက်ချင်သောကြောင့်သာပင်လေ။

ဤဆုံးဖြတ်ထားသော်လည်း တစ်နေ့သခင်က အကျွန်ုပ်၏ခံစားချက်ကိုမသိလို့လား။ ဂရုမစိုက်ပါဘူး မင်းကခွေးဘဲ ဘာတန်ဖိုးရှိလို့လည်းတဲ့ဆိုကာ အကျွန်ုပ် ငြိမ်နေသည်ကို အကောင်းမှတ်ကာ ဆဲဆိုကန်ကျောက် လိုက်သည်။ ခွေးနေရာခွေးနေစမ်းတဲ့လေ..

အခုတော့ သခင့်ဘေးနားမှာခွေးမတစ်ကောင်၇ှိနေသည်။သူနှင့်သခင် ပျော်မြူးနေသည်။ စကားတွေ၇ွှန်း၇ွှန်းဝေအောင်ပြောနေသည်။ခွေးမလေးဘက်ကနေကာကွယ်ပေးသေးသည်။ အခုတော့အကျွန်ုပ်သိပါပြီ။ အကျွန်ုပ်တိပ်တဆိတ်ထွက်ခွာသွားတော့မည်။

သူတို့၏ပျော်၇ွင်မူတွေကိုကြည့်နေလျှင် အကျွန်ုပ် ပိုစိတ်ညစ်မည်။ ယခုအကျွန်ုပ် သခင်မဲ့တဲ့ဘ၀မှာလွတ်လပ်စွာနေတော့မည်။ တာဝန်လည်းလျှော့မည်။ သောကလည်းဝေးမည်။
သို့သော်....မျက်စေ့ထဲကတော့မထွက် သခင်နှင့်ခွေးမလေးပျော်မြူးနေသည်ကိုပင်။

မိတ်ဆွေမှရန်သူ..

လူတစ်ယောက်နှင့်မသိခဲ့ရ မခင်ခဲ့ရလျှင်မည်မျှကောင်းလိမ့်မည်နည်းဟုစဉ်းစားမိသည်။
အဲဒီလူတစ်ယောက်ကို သိချိန်မှစ၍ အပျော်တွေပျောက် သောကတွေမီးလိုရောက်ခဲ့ရသည်။
ပြန်လည်းမတွေ့ချင်တော့ အဲဒီနာကျင်မူပူလောင်မူဟာ ဘ၀တက်လမ်းတစ်ခုကိုရိုက်ချိုးခံလိုက်ရသလိုပင်။
တော်တော်လေးစိတ်ပျက်မိသည်။

အဲဒီလို လူမျိုးကိုဘ၀မှာ ပထမဦးဆုံးအကြိမ်တွေ့ဖူးခဲ့ခြင်းပင်။ ကိုယ့်အပေါ်မှာ မာကျောစွာဆက်ဆံခဲ့သည်။ ပူလောင်စေသည်။နာကျင်စေသည်။ ခွေးလေးတစ်ကောင်လောက်တောင်တန်ဖိုးထားခြင်းမခံခဲ့ရပေ။
ဝမ်းလည်းနည်းသည်။ ပြန်ပြီးလည်းမဆဲတတ်တော့ခံလိုက်ရသည်ပင်။ ရန်ကလည်းပြန်မတွေ့တတ်တော့ခက်တော့သည်။

နောက်များမှာတော့ မိတ်ဆွေဖြစ်လာမည့်သူတွေကိုတော့ ကြည့်ရွေးရမည်။
တော်တော်လေးလည်းနောင်တ၇မိသည်။ ကြောက်လည်းကြောက်တတ်ခဲ့ပါပြီ။