ကျေးဇူးတင်လွှာ

Thursday, June 18, 2009

တော်တော်လေးအသဲအသန် နေမကောင်းဖြစ်သွားလိုက်တာ တစ်ပါတ်လောက်အိပ်ယာမှာနေလိုက်ရတယ်။ အလုပ်ပျက် အကိုင်ပျက် အစားပျက် စာလုပ်ပျက်။ ပျက်ပျက်ပျက်..ပေါ့...
ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ တော်တော်လေးအနေဆိုးသွားတယ်။
အဲလို ဖြစ်ရခြင်းအကြောင်းအရင်းကတော့ အလုပ်ပင်ပန်းတာကော၊ ကျောင်းစာကတစ်ဘက်၊ စိတ်ကိုအရမ်းထိခိုက်စေတဲ့အဖြစ်လေးတွေကြုံလိုက်ရတော့ မခံနိုင်အောင်ဘဲအရုပ် ကြိုးပြတ်ပါဘဲ။
တော်ပါသေးတယ် သတိရှိနေတုန်း နီးစပ်ရာမိတ်ဆွေ သူငယ်ချင်းတွေပြေးလာကူညီကြလို့သာ။ မဟုတ်ရင်တော့ မတွေးရဲစရာပင်။
အဲဒီလိုနေမကောင်းဖြစ်ချိန် လူတွေတော်တော်များများကိုဒုက္ခပေးလိုက်သလိုခံစားရတယ်။ ကိုယ်တစ်ကယ်ခက်ခဲနေချိန် အားငယ်နေချိန်မှာ သူတို့တစ်တွေရဲ့ အချိန် ငွေ လုပ်အားတွေကို မညည်းမညူပေးခဲ့ကြတာတွေကိုက လေးစားမိပါတယ်။
နောက်ပြီး သူတို့တတွေရဲ့ ချစ်ခြင်းတွေ ကိုသိသိသာသာမြင်လိုက်ရတယ်။ တစ်နိုင်ငံလုံးပြောရမလား တစ်ကမ္ဘာလုံးလို့ပြောရမလား ခင်သမျှမိတ်ဆွေ ဆွေမျိုးတွေ စိတ်တွေပူပေးကြတယ်။ အားလည်းပေးကြတယ် အကူအညီတွေပေးကြ။ မေ အရမ်း ကြည်နူးမိတယ်ပြောရမလားဘဲ။
နောက်ပြီး ကိုယ့်ငပေါဂေဟာကမောင်နှမတွေကိုလည်း အထူးကျေးဇူးတင်မိတယ်။ တစ်ကဲ့မောင်နှမတွေလိုဘဲ စိတ်တွေပူပေးကြ ကူညီကြတာ နောက် ပျော်ရွင်စေချင်လို့ပန်းစီးတွေပို့... ပျော်ရွင်မိတယ်။ နေမကောင်းနေတဲ့ကြားက ပိတိဖြစ်မိတယ်။ ကိုယ့်ရဲ့ပေပေတေတေနေခဲ့မူရဲ့ အကြိုးကျေးဇူးတွေကို ပီပီပြင်ပြင်ခံလိုက်ရတယ်။
တစ်ယောက်ချင်းစီကိုကျေးဇူးတင်ရင်း နေမကောင်းတုန်းက ကူညီခဲ့တဲ့ မိသားစ၊ု သူငယ်ချင်း၊ မိတ်ဆွေတွေကို ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်းပြောပါရစေ။

မပြောင်းလည်းသေးတဲ့ အိမ်မက်..

Tuesday, June 16, 2009




အချိန်တွေဘယ်လိုပြောင်းပြောင်း
မနေ့ကအတိုင်းလေးပါဘဲ
ကန်ရေကိုဖြတ်တိုက်လာတဲ့လေပြေအေးကလည်း
တစ်ချိန်ကအတိုင်းေ၇ညှိနံ့လေးသင်းတုန်း
ကမ်းစပ်ကိုလာထိနေတဲ့
လှိုင်းလေးတွေလည်းတူတူဘဲလေ။

ရင်ထဲကမျှော်လင့်ခြင်းအိမ်မက်ကကော
တစ်ထပ်တည်းရှိနေသေးတယ်
မပြောင်းလည်းဘူး
အားငယ်နေရင်လား
ပျော့ညံ့နေရင်လား
ဒီနေရာလေးဟာမနေ့ကအတိုင်း
အားပေးနေတယ်။

အားပေးစကားသံတွေ
လေပြည်မှာဝဲနေတဲ့
သံစဉ်တေးတွေ
တရိပ်ရိပ်ပြောင်းတဲ့အခ်ျိန်ကြားက
ပဲ့တင်သံတွေ...

အို ...အရာရာတိုင်းပါ
မနေ့ကအတိုင်းပါဘဲ။

ဘ၀သစ်

Monday, June 15, 2009

23,2,2009
မေရဲ့ဥယာဉ်လေးမှာ ပင်ဖျက်ပိုးတွေဝေခဲ့တယ်။ ဥယာဉ်လေးတစ်ခုလုံး ပျက်စီးကုန်တယ်။

1,3,2009
ဥယာဉ်တစ်ခုလုံးမှာဝေဆာနေတဲ့အပင်တွေ အကုန်သေကုန်တယ်။ အမြစ်တွေတူးကြည့်တော့ အမြစ်ကအစပုတ်ကုန်ပြီလေ။
ဘာကောင်းတော့မှာလည်း။ တစ်ခြံလုံးရှင်းရတော့တာ။ အမြစ်တွေကအစတူး မြေကြီးကိုလှန်ပြီးဆေးတွေဖြန်းလိုက်တယ်။

10,3,2009
အလွန်မြတ်နိုးတဲ့ဥယာဉ်လေးကိုသော့ခတ် ကျောခိုင်းလိုက်ရင်း အားစိုက်ထုတ်ခဲ့သမျှ အချိန်၊ ငွေ၊ စိတ်ပျော်ရွှင်မှုတွေ၊ ခွန်အားတွေ၊ မျှော်လင့်ချက်တွေ၊ နှမြောမိတယ်။ နောက်တော့ ဒီဥယာဉ်ကိုမကြည့်ချင်လောက်အောင် စိတ်ပျက်သွားတယ်။

21,3,2009
တေလေတစ်ယောက်လိုလျှောက်သွားနေရင်း မမျှော်လင့်ဘဲ အမြစ်ကောင်းလေးတစ်ခုကိုတွေ့လိုက်တယ်။ ဒါပေမဲ့ အပိုင်းပိုင်းခုတ်ထစ်ထားခံရရှာလို့သာ အညွန့်တွေမဝေနိုင်ရှာသေး အမြစ်ကိုကြည့်ရင်း မြေသြဇာပြည့်ပြည့် နေေ၇ာင်ကောင်းကောင်း သေချာလေးပြုစုပေးရင် အလွန်ကောင်းပြီး ဝေဆာနိုင်လိမ့်မယ်ထင်ရတဲ့ အမြစ်ကလေးတစ်ခု။

12,4,2009
မြေကွက်ကောင်းကောင်းလေးတစ်ခုကို ပြန်လည်ပိုင်ဆိုင်နိုင်အောင်ကြိုးစားလိုက်တယ်။
နောက် သန့်ရှင်းသတ်ရပ်အောင် ဖန်တီးလိုက်တယ်။ ဘယ်အဖျက်ပိုးမှ မကျရောက်အောင် ဆေးဖြန်း။ အစဉ်သင့်ဖြစ်တဲ့အထိ ဖန်တီးလိုက်တယ်။ နောက် အဲဒီအမြစ်ကို ဥယာဉ်ရဲ့အလည်မှာ စိုက်ပျိုးလိုက်တယ်။

25,4,2009
ကျန်းမာသန်စွမ်းတဲ့အညွန့်လေးတစ်ခုစတင်ထွက်လာတယ်။ ပျောင်္်ရွင်မိတယ်။ စိုက်ပျိုးခွင့်ရ လိုက်ရလို့ အားရမိတယ်။
အညွန့်လေးတွေဆက်လက်ရှင်သန်အောင် ကိုယ့်ဘက်က ဆက်လက်ပံ့ပိုးပေးရမယ်။ တစ်ချိန်မှာ ဒီဥယာဉ်ကြီးမှာ ဝေဆာလာပြီး ဒီသစ်ပင်ကြီးရဲ့အရိပ်အောက်မှာ ငှက်ကလေးတွေ လိပ်ပြာလေးတွေ။ လာရောက်နားခိုကြမယ်။ ပျော်ရွင်ကြမယ်။
မေ တစ်ယောက်လည်း ဒီသစ်ပင်ကြီးရဲ့ အရိပ်အောင်မှာ နားခိုပြီး ဘ၀ရဲ့ အပူတွေ လောကရဲ့အပူတွေကနေ ခဏတာဘဲဖြစ်ဖြစ် ထာဝရဘဲဖြစ်ဖြစ် နားခိုရင်း ဒီဥယာဉ်ကြီးထဲမှာ ပျော်ရွင်စွာနေထိုင်သွားနိုင်လိမ့်မယ်လို့မျှော်လင့်မိတယ်။

ပင်ဖျက်ပိုး အမြစ်ပုတ်ပိုးတွေမကျအောင်တော့ အမြဲသတိရှိရတော့မယ်လေ။

ရောက်ခဲ့တဲ့မြို့လေးတစ်မြို့

Monday, June 8, 2009

သယ်ရင်းတွေကတားတယ် မသွားပါနဲ့တဲ့။ နင်နဲ့ အစဉ်ပြေပါ့မလား နင်မသွားတာကောင်းမယ် စသဖြင့် အမျိုးမျိုးပြောတားနေပေမဲ့ သိချင်စိတ်က တစ်မျိုး။ စွန့်စားချင်တာကတစ်ဖုံ နောက် လူတွေအပြောများတဲ့ ဒီမဲဆောက် မြို့လေးကို ရောက်ဖြစ်အောင်သွားမယ်ပေါ့။ သွားချင်စိတ်ပေါ်နေချိန် လူကြုံကလည်း ရှိလာတော့အစဉ်ပြေသွားတယ်။
လမ်းတွေကကောင်းတော့ အချိန်သိပ်မကြာပါဘူး ည ကိုးနာရီသွားရင် မနက် ငါးနာရီဆို မဲဆောက်ရောက်တယ်။ အိပ်ပြီးလိုက်သွားလိုက်ယုံဘဲ အဲကွန်းကားမှာ စောင်လေးခြုံ အိပ်လိုက်နိုးလိုက်နဲ့ရောက်ရော ခဏဘဲ။

မဲဆောက်မြို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံး ကလည်း အတော်သာယာပါတယ်။ တွေ့တွေ့သမျှကတော့ ရွှေတွေကြည့်ပါဘဲ တစ်ချို့လိုင်းကားတွေရှေ့မှာဆို မြန်မာလိုတောင်ရေးထားသေးတယ်။ ရေဒီယိုက ဆေးကြော်ညာတာတောင် မြန်မာလိုတွေပါသေး။

ရာသီဥတုလေးကလည်း အေးအေးလေးနဲ့ နေလို့ကောင်းတဲ့ မြို့လေးတစ်မြို့ပါ။
သွားလိုရာက အဲဒီမြို့က ဂိတ်ဆုံးမဟုတ်ဘူးလေ။ အဲဒီလိုဆိုတော့ လိုရာခရီးတစ်ခုကိုဆက်ဖို့ ခုနှစ်နာရီ ရှစ်နာရီလောက်ထိကားဂိတ်မှာထိုင်စောင့်ရတယ်။ နောက်မှ ကားတစ်စင်းငှားပြီး လှေဆိပ်ကိုရောက်တယ်။

တော်တော်လေးတော့ကြောက်တယ်။ မြစ်ကိုဖြတ်ရမယ်လေ။ မြစ်ကသိပ်မကျယ် ဟိုဘက်ကမ်းဒီဘက်ကမ်း လှမ်းအော်ရင်တောင်ရသော ချောင်းသာသာလေးပါ။ ရေကြောက်တာရယ် ဟိုဘက်ကမ်းကူးရင် ဘာဖြစ်မလည်း စိတ်တွေပူနေတယ်။ ဒါပေမဲ့ လာကြိုမဲ့ လူရောက်လာတယ်။ ( အသူလည်းဆိုတာတော့ မပြောချင်လို့နော် )သူတို့နဲ့ လှေငှားပီး ဟိုဘက်ကမ်းကိုကူးတယ်။ နောက် ဂိတ်ကြေး ၅၀၀ လှေခ ၅၀၀ ပေး...ဘာမှ မလိုတော့ဘူး ကိုယ့်နိုင်ငံရောက်ရော။ ချောင်းလေးဘဲခြားတာပါ။ ဒါပေမဲ့ တော်တော်လေးကွာသွားသလိုဘဲ။ မကွာတာကတော့ မီး ၂၄ နာရီရတယ် ဖုန်းဆက်ရတာ အကုန်အစဉ်ပြေတယ်။ အဲ...ရွာသားကိုသိအောင်ပြောရဦးမယ် တည်းခိုခန်းမှာတည်းတာ အခန်းနံပါတ်က ၁၀၁ ပါ။

နောက်ဆိုရင်တော့ သွားလည်တတ်ပီလေ။ နောက်တစ်ခေါက် နောက်တစ်ခေါက်တွေ ပြန်သွားဦးမည်။ ဒီတခါ တော့ ဒီမြို့မှာတင် ခဏနားပီးပြန်လာခဲ့တယ်။ နောက်တစ်ကြိမ်ကတော့ တော်တော်လေးနေရာ အနှံ့ ရောက်အောင်သွားမိမယ်ထင်တယ်။ ဒီတစ်ခါတော့ တစ်ယောက်ထဲသွားတတ်ပီ။ ရွာထိအရောက်ပေါ့...

စ နဲ့ ဆုံး...

Sunday, June 7, 2009

ပြောင်းလဲခြင်းတွေအားလုံးထဲက၊
မပြောင်းလဲတဲ့ အရာတစ်ခုကတော့၊
ငါ့ရင်ကိုမွန်းကျပ်စေတယ်။
မပြောင်းလဲတဲ့ မင်းမာနတွေကလည်း၊
စစ်မြေပြင်ကလက်နက်တွေလို၊
မတိုက်ပေမဲ့ တိုက်ခိုက်နေဆဲ။

မလှုပ်မယှက်ပါဘဲ
ရပ်နေဆဲ...
ရပ်နေဆဲပါ

ကြောက်နေတာလား...
တွေဝေနေတာလား...
တည်ငြိမ်နေတာလား....

သေချာတာတစ်ခုတော့ရှိတယ် ငါထွက်မပြေးခဲ့ဘူး။
ဆန္ဒလေးတစ်ခုကတော့...
မင်းရှေ့မှာ ပုံလျှက်ပဲလဲလဲ၊
မုန်းမျက်ဝန်းတွေကြောင့် ပြာဘဲဖြစ်ဖြစ်၊
ဖြစ်ချင်တာဖြစ်ပါစေတော့...
ငါ့ရဲ့ အစနဲ့ အဆုံးကမင်းရှေ့မှာဘဲ ထာဝရတည်ပါရစေ။

တတ်နိုင်ပါ့နော်.......

Wednesday, June 3, 2009

တစ်ခါတစ်လေ လောကကြီးက မျှော်လင့်တာတွေဖြစ်မလာဘူး တစ်ခါတစ်လေမှာ တစ်ပါးသူတွေပျော်နေမှာပါလေ လို့ ထင်မှတ်ခဲ့တာတွေ တစ်ခါတစ်လေ အလွဲတွေ မှ တက်တက်ဆင်အလွဲတွေဖြစ်တတ်ကြတယ်။
ကိုယ့်ဘ၀မှာလည်း ပျော်ရွင်ဘွယ်ရက်တွေမတွေ့နိုင်တော့ဘူးလို့အောင့်မေ့ခဲ့တာလည်း မမျှော်လင့်ဘဲ ပျော်ရွင်မူတွေ တပွေ့တစ်ပိုက်နဲ့ ဘ၀တစ်ခု ကိုပြန်စနိုင်ခဲ့တာတွေ အံ့သြစရာပင်။


သူ့ချစ်သူလေး...နေမကောင်းရှာဘူးတဲ့လေ။ ထူးထူး ခြားခြား စာရေးလာလို့သိလိုက်တာပါ။
ကိုယ့်ကိုတောင်လက်မခံလို့ ဘလော့လုပ်ထားတာဘဲလေ။ စာတွေမရေးတော့လောက်ဘူးပေါ့။ သူတို့နှစ်ယောက်လည်း တိတ်ဆိတ်နေတဲ့ဘ၀ကိုခံယူပြီး တူလက်တွဲ ပျော်နေမယ်ထင်ခဲ့တယ်။ သူတို့အကြောင်းတွေလည်း ကိုယ့်နားကိုရောက်လာလိမ့်မယ် မမျှော်လင့်ခဲ့ဘူးလေ။ ကိုယ်လည်း တတ်နိုင်သလောက် သူတို့နဲံ့ကင်းနိုင်အောင်ကြိုးစားတယ်။ ဘ၀သစ်ကိုစတင်နေထိုင်ခဲ့တာဘဲ ကြာပေါ့။ နေတတ်အောင် နေခဲ့တယ်။ ပျော်ရွင်မူတစ်ခုကို အပြည့်အ၀မဟုတ်တောင် ဖန်တီးနေထိုင်ခဲ့တာ။

အခုဆို ရက်ကလေ လ တောင်ကူးရောပေါ့။ ကျေနပ်စွာနဲ့ပါ။
နာကျင်တာလည်း မေ့နိုင်ခဲ့တယ် ခွင့်လွတ်တယ်ဆိုတာလည်း မဟုတ်။ နောက် ဆုံး အတိတ်တစ်ခုမှာတောင် အဲဒီလူတွေမရှိခဲ့သလို နေတတ်အောင်နေပစ်ခဲ့တာ ကြာပေါ့။ ဟုတ်တယ် အရာရာတိုင်းမသိတော့သလို မ၇ှိခဲ့တဲ့ အတိတိတစ်ခုအနေနဲ့နေတတ်ခဲ့ပြီ။

သူပျော်နေမယ် လို့အောင့်မေ့ခဲ့တာ အင်းလေ..
အီးမေးလ်လေးဖွင့်လိုက်တော့မှ သူ့ချစ်သူနေမကောင်းဘူးတဲ့ ဟိုး အဝေးမှာဆိုတော့
ဝမ်းနည်းနေမည်ပေါ့။ ဖြစ်တတ်ပါတယ်။
ဘာဘဲဖြစ်ဖြစ် သူ့ချစ်သူပြန်အလာကိုတော့ သူမျှော်နေမည်။ ဖုန်းတွေဆက်နေမည်။
ဒါလည်း ခဏတာ ၀မ်းနည်းမူတစ်ခုနေမှာပါ။
နောက်တော့လည်း သူတို့ ပြန်ဆုံကြရင်တော့ ပျော်ရွင်ဘွယ်ဘ၀ရွက်လှေကိုလွင့် ပျော်မြူးနိုင်ကြမှာပါ။

ပျော်၇ွင်ကြည်နှုးနိုင် ပါစေလို့လည်း ဆုတွေတောင်းပေးနေလိုက်ပါတော့တယ်လေ။

ချစ်သောဖေ

Thursday, May 28, 2009


သန်းခေါင်ယံညယောင်ယမ်းပြီးထအော်မိတယ်….


ရင်ထဲလှိုက်ကနဲဘာရယ်တော့မသိ။
တမ်းတမ်းတတအတိတ်ကိုတရင်းတရေးနိုးအထ၊ကယောင်ကတန်း။
ဒီလိုလမိုက်ညတွေအိပ်ရင်းလန့်နိုးခဲ့ရတာမနည်းတော့ပါလား။
မပြည့်စုံတဲ့လစ်ဟာမူတစ်ခုဝမ်းနည်းမူယဉ်တန်းလေးကရင်ကိုအမြဲမွန်းကြပ်စေခဲ့တယ်။
ပြန်ကာတွေးတောရင်းတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်အသိနဲ့ငါဘယ်မှာလည်း။
တွေးတိုင်းလည်းမသွား။ရပ်တန့်နေတဲ့လမိုက်ညတွေ။ဘ၀ရဲ့အလင်းတွေတိမ်လိုကွယ်ခဲ့တဲ့နေ့။

သူဟာဘ၀ရဲ့အားကိုးရာမာန်တိုင်၊ရင်တွင်းဖြစ်ပြသာနာတွေမမောနိုင်ဖြေရှင်းပေးသူ။
မောပန်းနွမ်းနယ်ချိန်တွေရင်ခွင်ထဲတိုးဝှေ့ချွဲလိုက်ရုံနဲ့ ပျောက်ကွယ်ပေးနိုင်သောတန်ခိုးရှင်။ ချစ်လှစွာသောအဖေ။

သတိရမူမျက်ရည်လေးတွေထိန်းရင်း
ပြန်မဆုံနိုင်တော့ပါလားဆိုတဲ့လွမ်မောမူတွေနဲ့အတူ...
ဘ၀ရဲ့မာန်တိုင်ကြီးပြိုလဲခဲ့ပြီ။


ညင်သာတဲ့ဆိုဆုံးမမှုတွေပျောက်။ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ရတာ၊ အခုဆိုရင်လေးနှစ်ရောက်ခဲ့ပီ။
ပြက္ခဒိန်စာရွက်တွေဘယ်လိုဘဲပြောင်းပြောင်း၊မေ့မရတာမနေ့က..လေးလိုပါလား။
ပြန်ဆုံရာလမ်းမရှိ၊သူ့အသက်လေးကိုအပ်သွားလိုက်တာအေးအေးချမ်းချမ်း။

ဒါပေမဲ့ထွက်သွားခဲ့တာတော့ထာဝရပါ။ ....လွမ်းလိုက်တာဘ၀ရဲ့မာန်တိုင်ကြီးရေ….