အတွေးကမ္ဘာကသစ္စာ

Sunday, June 28, 2009


ကန်ရေပြင် ကဖြတ်တိုက်လာတဲ့ လေအေးလေးက မျက်နှာကိုတစ်လှည့် ဆံနွယ်များကိုတစ်လှည့် ပက်ဖြန်းနေသလို။

တိတ်ဆိပ်နေတဲ့ ပတ်ဝန်းကျင်က အတွေးစတွေ လွတ်လပ်စွာသွားစေတယ်။

ဘာတွေကိုသေသေချာချာတွေးနေတယ်တော့မသိ ရောက်ခဲ့သမျှအတွေးတွေကတော့ အတိတ်ဆိုတဲ့နေရာမှာရှိနေမှာပါ။

အဝေးတစ်နေရာတော့ကြည့်နေသည်။ မြင်သည်မမြင်သည်တော့မသိ အတွေးကမ္ဘာမှာတော့ အဝေးတစ်နေရာဆီ။

လေအဝှေ့နဲ့ကြွေကျလာသော ခရေပန်းလေး တစ်ပွင့်က ကျရောက်လာလေရဲ့။ ပန်းလေးကိုယုယုယယလေးကောက်ကိုင်လိုက်ရင်း သစ္စာတရားတွေကိုချယ်မှုန်းတတ်တဲ့ ပန်းကလေးကိုငေးကြည့်နေရင်း သစ္စာတွေဆက်လက်သီကုံးနေစေချင်လို့ အပင်မှာပြန်နေစေချင်စိတ် ပေါ်လာမိတယ်။

အပင်ပေါ်ကိုပြန်ရောက်စေချင်စိတ်ပေါ်လာသည်။ ဒါပေမဲ့ မဖြစ်နိုင်တော့........သဘာဝတရားကိုတော့ ဆန့်ကျင်လို့တော့မရတော့ပေ။ အပင်ပေါ်မှာဝါးဝါးစွင့်စွင့်ဝေခဲ့တုန်းက ဝေခဲ့ပြီးပြီ အခုလည်းမြေကိုခ ရှာမည်။ သဘာဝတရားတွေလွန်ဆန်လို့မရ။

သူဟာဘယ်နေရာမှာနေရနေရ သူ့ရနံ့ကတော့ မပြောင်း အပင်ပေါ်မှာစံနေချိန်လည်း ဒီရနဲ့ မြေခတော့လည်း ဒီအနံ့ တစ်နေ့ခြောက်သွေ့သွား၇င်လည်း မပြောင်းလည်းတဲ့ သစ္စာတရားတွေနဲ့အတူသူ့ရနံ့က၇ှိနေဦးမည်။
တခါတစ်လေ ဒီသစ္စာရှိမူက သူ့ကိုလက်ခံသူနှင့်တွေ့ရင်တော့ တန်ဖိုးတစ်ခုပါဘဲ ဒီသစ္စာ၇ှိတတ်မူတစ်ခုကိုအသားကျနေသူကတော့ တန်ဖိုးမထားတော့ဘူးပေါ့။

ခြေနဲ့လည်းနင်းရင်နင်းမယ်။ အမှိုက်တစ်ခုလို့လည်းသတ်မှတ်တာခံရင်ခံရမယ်။ တနေ့မှာ သူ့သစ္စာတွေကိုဖျက်စီးခံရတဲ့အခါလည်းခံရရှာမယ်။

အင်းလေ ဒါလည်းသဘာဝဘဲနေမှာပါ.....

မျှော်.....

Friday, June 26, 2009

ဆူးခင်းလမ်းကိုလျှောက်တုန်းဆူးမစူးခဲ့ပေမဲ့၊

ပန်းခင်းလမ်းကျမှ ခြေဖ၀ါးတွေနာကျင်နေလေရဲ့။

လမိုက်ညတွေမှာ မတမ်းတမိခဲ့ပေမဲ့၊

လမင်းကြီးသာနေမှ လွမ်းမောမိနေလေရဲ့။

နေပူပူမှာတူတူလျှောက်လှမ်းခဲ့တုန်းက မပူခဲ့ပေမဲ့၊

အရိပ်အောက် ကနေမျှော်ခဲ့ရတာ ပူပြင်းလွန်းလှပါရဲ့။

စာမျက်နှာသစ်....

တော်တော်လေးပြစ်ထားတာကြာပြီဖြစ်တဲ့ ဘ၀စာမျက်နှာလေးကို မက်မက်စက်စက် ဖွင့်ကြည့်မိတယ်။ ပြစ်ထားတာကြာတော့ တော်တော်လေးခက်ခက်ခဲခဲ ကိုအစဖေါ်၇တယ်။

ပြန်လည်တော့မဖွင့်ချင် ဖွင့်မိရင် နာကျင်မူတွေများနေတယ်။ အသစ်စာမျက်နှာတစ်ခုကိုဖွင့်ချင်တော့ အတော်စဉ်းစားပြီးဖွင့်လိုက်မိတယ်။

ဘ၀စာမျက်နှာတွေ တော်တော်များများလေးရေးထားခဲ့နေပြီဘဲ။ မေ့ထားတာကြာပါပြီ။ စာမျက်နှာတိုင်းတွေက ပျော်ရွင်မူတွေနဲ့အဆုံးသတ်ခဲ့တာသိပ်မရှိ။ ပေးဆပ်လိုက်၇တာတွေ၊ မေ့လိုက်ရတာတွေ ကလားကာချ မေ့လိုက်ရတဲ့ နေ့ရက်တေ၊ွ ဘ၀အဆစ် ကလေးတွေတော်တော်များတယ်။ များသောအားဖြင့်တော့ မာနကင်းတယ်။ သူတပါးတွက် ပေးဆပ်မူတွေ အလျှော့ပေးလိုက်ရတာတွေ ။ ကိုယ့်အတွက် ဆိုတဲ့စာမျက်နှာကိုတစ်ရွက်မှ မတွေ့မိသေး။

စာမျက်နှာတွေ အတော်ကုန်လုပြီ အချိန်တွေကလည်းတော်တော်ကျော်ဖြတ်ခဲ့ပြီးပြီးကိုး။

အင်း...ဘ၀စာအုတ်လေးတောင်နွမ်းလို့ စာမျက်နှာတွေကုန်လုပါပေါ့လား။ အတိတ်စာမျက်နှာတွေက အပျော်လေးတွေကိုကြည့်ပြီးပြုံးမိသလို ဒဏ်ရာလေးတွေပြည့်နေတဲ့နေ့ကိုလည်း မှတ်မှတ်ရရလေးတွေစီကုံးထားမိတာကိုလည်း သေချာလေးကြည့်မိနေတယ်။

တစ်မျက်နှာခြင်း လှန်လာလိုက်တာ မှတ်တမ်းရဲ့နောက်ဆုံးတစ်နေရာကိုေ၇ာက်ခဲ့တယ်။ နောက်ဆုံးကတော့ သံသရာ ၀ဋ်ကြွေးစာမျက်နှာမှာဆုံးနေတယ်။
အပြန်ပြန်အလှန်လှန် ဖတ်လိုက်တယ်။ အဲဒီအကြွေးတွေ ကုန်လောက်ပြီလို့အောက်မေ့တယ်။ နောက် တော့ သက်ပြင်းတစ်ချက်ကိုပြင်းပြင်းလေးချလိုက်ရင်း ဒီစာမျက်နှာမှာရပ်ထားတာတော်တော်ကြာပါပေါ့လား။ အခုတော့ စာမျက်နှာသစ်ကိုစချင်နေတယ်။ စာမျက်နှာသစ်ကိုစဖို့ဟန်ပြင်လိုက်တယ်။

ဝဋ်ကြွေးတွေကုန်သင့်ပြီထင်တယ်။ ဒီဝဋ်ကြွေးတွေကိုမျက်ရည်တွေနဲ့ဆေးကြောနေတာ ခံစားချက်တွေနဲ့ဆေးကြောနေခဲ့တာ မပြီးနိုင် ဒီစာမျက်နှာမှာတင်သောင်တင်နေတာကြာပေါ့။

ခေါင်းစဉ်အသစ်ကလေးတစ်ခုကိုတင်ဖို့ အားစိုက်ထုတ်ရင်း နဲ့နောက်ဆုံးစိတ်ကူးထဲမှာပေါ်လာတဲ့ ခေါင်းစဉ်တစ်ခုကို ချတင်လိုက်တယ်။

တင်လိုက်တဲ့စာမျက်နှာရဲ့နာမည်ကတော့ ဆန္ဒနဲ့အတ္တဆိုတဲ့ခေါင်းစဉ်လေးကိုတတ်လိုက်မိတယ်။
ဟုတ်တယ် အတ္တ စာမျက်နှာ။မျက်ရည်ကြားက ပြုံးလိုက်ရင်း စာမျက်နှာသစ်ကိုစလိုက်မိတယ်။ ပွင့်လင်းတဲ့အပြုံးတော့မဟုတ်တော့ နှုတ်ခမ်းကိုစေ့ပြီး နာကျင်မူတွေကြောင့် စတဲ့ အတ္တပြုံးလေးဘဲဖြစ်တော့မှာပါ။



ပျော်ရွင်ပါစေ...ချစ်သူ

Tuesday, June 23, 2009

ပန်းလေးတွေနေရာတိုင်းမှာဝေနေစေချင်တယ်။
လိပ်ပြာလေးတွေပျော်စေချင်လို့ပါ။

ကောင်းကင်မှာတိမ်မိုက်တွေကင်းစေချင်တယ်။
လမင်းကြီးလွတ်လပ်စွာသာစေချင်လို့ပါ။

လမ်းကလေးတွေဖြောင့်တန်းစေချင်တယ်။
လူသားတွေမပင်ပန်းစေချင်လို့ပါ။

ဖြူစင်တဲ့မေတ္တာတွေပြည့်တည်နေစေချင်တယ်။
မင်းလေးတစ်ယောက်ထာဝရပျော်စေချင်လို့ပါ။

လူတိုင်းမှာ ကိုယ်ချစ်တဲ့ သူကိုပျော်ရွင်စေချင်တာလူတိုင်းဆန္ဒပါ။
မေ လည်းလေ...
ချစ်တဲ့သူပျော်ရွင်နေတာကိုပဲ မြင်ချင်တယ်။

ချစ်သူတိုင်းလည်းပျော်ရွင်ကြပါစေ..ချစ်သူတိုင်းလည်းဆုံဆည်းကြပါစေ လို့ တောင်းဆုပြုပါတယ်။

ချင်းမိုင် ပန်းခြံ




















အတိတ်မျက်ဝန်း

Monday, June 22, 2009

အမေပြောပြောနေတဲ့ဂေဟာကြီးပါလား အတော်လှတယ် အပြင်ကကြည့်လျှင်တော့ အိမ်က သိပ်တော့စိတ်မ၀င်စားလှ အိမ်ထဲဝင်ကြည့်တော့မှ ပန်းချီကားတေ၊ွ ပန်းပုရုပ်ထုတွေပြည့်နေသည်။ နံရံပေါ်မှာတော့ မိသားစုဓါတ်ပုံတွေ၊ ဘွဲအမျိုးမျိုးကိုယူ၍ ၇ိုက်ထားသော ကျက်သရေရှိ အမျိုးသမီးတစ်ယောက်ပုံ။ အမေ ပြောပြောနေတဲ့ သူ့သူငယ်ချင်းဆိုတာပင်ဖြစ်မည်။ တအိမ်လုံးမှာသန့်ရှင်းနေသည် အိမ်အပြင်အဆင်ကလှသည်။
တရုတ်ပန်းအိုးကြီးများမှာသူ့နေရာနှင့်သူနေရာယူနေသည်။သန့်ပြန့်သန့်ရှင်းနေတာကိုတော့ အလွန်နှစ်သက်မိသည်။

ဧည့်ခန်းမရဲ့ တစ်နေရာမှာတော့ ဖိနပ်ဆင်နှစ်ခု စိတ်ဝင်စားသွားသည်။ အိမ်ကြီးမှာ အလွန်သန့်ရှင်းနေသည် တိတ်ဆိတ်နေသည်။ ကလေးတစ်ယောက်မှ ရှိပုံမရပေမဲ့ ကလေးဖိနပ်ကလေးတွေကိုတန်းစီနေအောင်ထားထားသော နေရာကိုစိတ်ဝင်စားမိသည်။ အမေပြောတော့ ဒီအန်တီက အပျိုကြီးတဲ့ အခုတော့ ကလေးဖိနပ်ကလေးတွေ အရွယ်စုံ ဆိုက်စုံတွေ ကလေးဖိနပ်တွေအကုန်လုံးက အသစ်တွေ တံဆိတ်တွေပင်မခွာထား ဘယ်လိုပါလိမ့်နော်။

လှေကားပေါ်က အမျိုးသမီးတစ်ယောက်ဆင်းလာသည်။ ကျမကိုသေချုာလေးစိုက်ကြည့်ရင်း အမေ့ကိုပြောလိုက်သည်။

”အယ် စောရီး သဇင်ရယ် အိမ်က အမ ကဖုန်းဆက်လို့ လေ အဲဒါဖြေနေတာ။ သမီးလေးပါလာတာကို... အတော်ကြာကြာမျက်တောင်မခတ်ဘဲကျမကို ကြည့်နေရင်း။ သက်ပြင်းတစ်ချက်ချတာကိုတွေ့လိုက်ရသည်။

“ ငြမ်းရယ် သမီးကို ငြမ်းလိုပညာတတ်ကြီးဖြစ်စေချင်တယ် ။ သမီးက နောင်နှစ်တက္ကသိုလ်တက်တော့မယ်လေ။

“ငြမ်းလို....

“အင်းလေ...

“ငြမ်းတတ်နိုင်တာဆိုဘာမဆို သမီးလေးအတွက် လုပ်ပေးမှာပါ။”

“သဇင် နင်က ကံကောင်းပါတယ်။ ချစ်တဲ့သူနဲ့နေခဲ့ရတယ်။ ချစ်စရာကောင်းတဲ့ သူ့ကိုယ်ပွားသမီးလေးကိုချန်ပေးခဲ့တယ်လေ။

“ငြမ်းရာ အဲလိုတော့မပြောပါနဲ့ဟာ... သဇင်တစ်ကယ် ကိုမသိခဲ့တာပါ။

“ ငြမ်း တစ်ယောက်ထဲနေတော့မှာလားဟာ အိမ်ထောင်ပြုပါဦးဟ။
စိတ်ကိုမကောင်းဘူး အစွဲကြီးတဲ့နင့်ကို သဇင် အားမရဘူး။ မေ့သင့်တာမေ့ပေါ့ဟာ။”

“ထားပါလေ ဒေါ်နွဲ့ရှိတယ်လေ။ အဖော်ရှိပါတယ်။”

“အင်းပါလေ။ နင့်နဲ့ငါက ငယ်သူငယ်ချင်းတွေမဖြစ်ခဲ့ပေမဲ့ နားလည်မူအပြည့်ပေးနိုင်ကြတဲ့ သူငယ်ချင်းတွေပါလေနော်။ ငြမ်းကို သဇင် ကိုယ်ချင်းစာပါတယ်။ ဘာဖြစ်နေတယ်ဆိုတာလည်းသိပါတယ်။”

“အင်းပါ ထားလိုက်ပါတော့လေ အတိတ်က အရိပ်တွေ ပြန်ပြင်လို့မရတော့တဲ့ ဇာတ်လမ်းတွေ။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပွားလေး ဒီသမီးလေးကို ပြုစုခွင့်ပေးတာကိုဘဲ ကျေနပ်ပါတယ်။ ငြမ်း သူ့အတွက် ဆက်ပေးဆပ်ချင်သေးတယ်။”
ကဲကဲထမင်းစားပီးမှ ပြန်နော်...”

အဲဒီနေ့က မေးခွန်းတွေအစုံနဲ့အိမ်ပြန်လာသည်။
အိမ်ရောက်တော့ အမေ့ကိုမေးမိတယ်

“အမေ သူ့အိမ်က ကလေးဖိနပ်တွေက ဘာတွေလည်းကလေးမရှိဘူးဆို။”

“အဲဒါလား ငြမ်းက အရမ်းသနားစရာကောင်းတယ်။ သူအရမ်းမျှော်လင့်ခဲ့တဲ့ အိမ်ထောင်ေ၇းက ဖြစ်မလာဘူး။ နောက်တော့ အဲဒီလူက မိန်းမယူတယ် နောက် သမီးလေးမွေးတယ် အဲဒီသမီးလေးအသက်အလိုက် သူက ပစ္စည်းတွေလိုက်ဝယ်ပြီး သူသိမ်းထားတယ်။ အဲဒီကလေးလေး၇ှိရာနေရာတွေကိုသူလိုက်တယ် အဝေးကနေ လိုက်ကြည့်တယ်။ အခု သမီးအရွယ်ရောက်နေရောပေါ့။”

အော်...
ဘာမှ ဆက်မပြောတတ်အောင်ပင်။ အဲလိုအစွဲကြီးတဲ့အမျိုးသမီးကိုတော့ အံ့မခန်းပင်။ အခုလိုခေတ်မှာ အဲလိုအချစ်တွေရှာမရလောက်အောင်ရှားနေကြပါပြီလေ။

“သမီး ကို သူအရမ်းတွေ့ချင်တယ်ဆိုလို့ခေါ်သွားတာ။
သမီးကျောင်းတက်တဲ့တောက်လျှောက် သမီးကိုသူအိမ်မှာနေစေချင်တယ်။”

အမေ့မျက်ဝန်းမှာမျက်ရည်တွေဝဲကနဲတွေ့လိုက်ရတယ်။
ဖတဆိုးသမီးလေးဆိုတဲ့ အမေ့စကားက မပြောဘဲသိနေတယ်။

ကျမ ရင်မှာတော့မေးခွန်းတွေ....
မနှစ်ကဖေဖေဆုံးတယ်။ အမေတစ်ခါမှ မပြောဘူး အခုအဖေဆုံးပြီးခါမှ ဒီအန်တီ့အကြောင်းသိခဲ့ရတယ်။
နောက် ဒီအန်တီအိမ်မှာ သွားနေပြီးကျောင်းတက်ရမယ်တဲ့။ နောက် သမီးကိုသူက သိပ်ချစ်တာတဲ့။

ကျေးဇူးတင်လွှာ

Thursday, June 18, 2009

တော်တော်လေးအသဲအသန် နေမကောင်းဖြစ်သွားလိုက်တာ တစ်ပါတ်လောက်အိပ်ယာမှာနေလိုက်ရတယ်။ အလုပ်ပျက် အကိုင်ပျက် အစားပျက် စာလုပ်ပျက်။ ပျက်ပျက်ပျက်..ပေါ့...
ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ တော်တော်လေးအနေဆိုးသွားတယ်။
အဲလို ဖြစ်ရခြင်းအကြောင်းအရင်းကတော့ အလုပ်ပင်ပန်းတာကော၊ ကျောင်းစာကတစ်ဘက်၊ စိတ်ကိုအရမ်းထိခိုက်စေတဲ့အဖြစ်လေးတွေကြုံလိုက်ရတော့ မခံနိုင်အောင်ဘဲအရုပ် ကြိုးပြတ်ပါဘဲ။
တော်ပါသေးတယ် သတိရှိနေတုန်း နီးစပ်ရာမိတ်ဆွေ သူငယ်ချင်းတွေပြေးလာကူညီကြလို့သာ။ မဟုတ်ရင်တော့ မတွေးရဲစရာပင်။
အဲဒီလိုနေမကောင်းဖြစ်ချိန် လူတွေတော်တော်များများကိုဒုက္ခပေးလိုက်သလိုခံစားရတယ်။ ကိုယ်တစ်ကယ်ခက်ခဲနေချိန် အားငယ်နေချိန်မှာ သူတို့တစ်တွေရဲ့ အချိန် ငွေ လုပ်အားတွေကို မညည်းမညူပေးခဲ့ကြတာတွေကိုက လေးစားမိပါတယ်။
နောက်ပြီး သူတို့တတွေရဲ့ ချစ်ခြင်းတွေ ကိုသိသိသာသာမြင်လိုက်ရတယ်။ တစ်နိုင်ငံလုံးပြောရမလား တစ်ကမ္ဘာလုံးလို့ပြောရမလား ခင်သမျှမိတ်ဆွေ ဆွေမျိုးတွေ စိတ်တွေပူပေးကြတယ်။ အားလည်းပေးကြတယ် အကူအညီတွေပေးကြ။ မေ အရမ်း ကြည်နူးမိတယ်ပြောရမလားဘဲ။
နောက်ပြီး ကိုယ့်ငပေါဂေဟာကမောင်နှမတွေကိုလည်း အထူးကျေးဇူးတင်မိတယ်။ တစ်ကဲ့မောင်နှမတွေလိုဘဲ စိတ်တွေပူပေးကြ ကူညီကြတာ နောက် ပျော်ရွင်စေချင်လို့ပန်းစီးတွေပို့... ပျော်ရွင်မိတယ်။ နေမကောင်းနေတဲ့ကြားက ပိတိဖြစ်မိတယ်။ ကိုယ့်ရဲ့ပေပေတေတေနေခဲ့မူရဲ့ အကြိုးကျေးဇူးတွေကို ပီပီပြင်ပြင်ခံလိုက်ရတယ်။
တစ်ယောက်ချင်းစီကိုကျေးဇူးတင်ရင်း နေမကောင်းတုန်းက ကူညီခဲ့တဲ့ မိသားစ၊ု သူငယ်ချင်း၊ မိတ်ဆွေတွေကို ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်းပြောပါရစေ။