Wednesday, September 16, 2009
တော်တော်လေးစားကောင်းတဲ့ အကောင်ကြီးပါ။ တော်တော်လေးလည်း နှုးညံ့ပါတယ်။
ပန်းတွေခြွေတဲ့လက်ဖ၀ါးနုမှာ သွေးစွန်းထင်ကျန်....

ဒုန်း.......
ပဲ့တင်သံခတ်တခါးသံ၊
ပြင်းထန်တဲ့လေထန်ကြောင့်၊
သူအသံပြုတယ်။
ဗွမ်း.......
တည်ငြိမ်နေတဲ့ရေပြင်က၊
ကျောက်ခဲတစ်ခုကြောင့်၊
သူအသံပြုတယ်။
ဒိတ်........
ဆူညံမဲ့ရင်ထဲကအသံ၊
နာကျင်မူပြုခံရလို့၊
သူအသံပြုတယ်။
အပြင်ကအနာဆေးကုလို့ကပျောက်တယ်သက်ရယ်
အတွင်းကဒဏ်ရာ မည်သို့ ဖြေမည်ငါမသိ။
ရက်စက်လိုက်တာ၊
လုပ်ရက်လိုက်တာ၊
ပြောရက်ပါဘူးကွာ၊
ငါအချစ်တွေက၊
ဒဏ်ရာပေါ်မှာ၊
ကာထားကြတယ်.....
ဤနေရာလေးက ဆွဲဆောင်မူရှိတာလား ရင်ထဲကရှိနေတဲ့ နေရာဟောင်းလေးလားဆိုတာကိုတော့ မဝေခွဲတတ်ခဲ့။ အိမ်မပြန်ချင်ပေမဲ့အချိန်တန်ရင်တော့ အိမ်ပြန်ရမှာပါဘဲ။ ဒီထိုင်ခုံနေရာလေးမှာ ထိုင်ချင်တဲ့ဆန္ဒ ရင်မှာအ ပြည့်၊ ဘယ်တော့ဘဲ ထိုင်ရထိုင်ရ မ၇ိုးသွားဘူး။ ဒီနေရာလေးမှာ တူတူထိုင်ဖြစ်ခဲ့ကြဘူးတယ်။
နွေလည်ခေါင်ပူလောင်လို့ ချွေးတွေစို့နေတဲ့ နှဖူးကချွေးကို သုတ်သင်ပေးရတာကို အလုပ်တစ်ခုမဟုတ်ပေမဲ့ အချစ်တွေပိုဝေစေသလိုပါဘဲ။ ကျေနပ်စွာတာဝန်တွေယူခဲ့မိတယ်လေ။ အပူဒဏ်ကိုမခံနိုင်တဲ့ သူတစ်ယောက် တစ်ခဏချင်း ချွေးတွေသီးသီးနေတတ်တာကို ကြည့်ကာရီမိခဲ့တယ်။
အင်းလေ..... အချိန်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလည်းတဲ့ ကိုယ်ဘက် ကတော့ တစ်ပတ်တစ်ခါပုံမှန်တော့ ဒီနေရာလေးကိုရောက်ဖြစ်တယ်။ ကန်ရေပြင်ကတိုက်ခတ်လာတဲ့လေပြေလေးကို အငမ်းမရ ရှုရှိုက်ရင်း ပူလောင်နေမူကို နှစ်ယောက်သား ဖြေဖျောက်တတ်ကြသေးတယ်။ ကိုယ်က ကျေကျေနပ်နပ်ပြောတတ်သေးတယ်။ အညာမြေမှာ ကြားလေ လိုက်ရှာတတ်မူ ကိုလေ။ ပူလောင်တဲ့ အညာမြေမှာ ကြားလေက တော့ တန်ဖိုးဘယ်လောက်ရှိလည်းဆိုတာကိုပါ။ နောင်တစ်ချိန် ဒို့တတွေလည်း အညာမြေက ကြားလေကို တူတူသွားခံယူမယ်ပေါ့။ အတွေးလေးတွေကိုယ်စီ ဝေငှခဲ့ရင်းပျော်ရွင်ခဲ့ဘူးတယ်။ နောင်တစ်ချိန်ဆိုတာကိုက အတွေးတွေကို ပို ပျော်ရွင်စေခဲ့တယ်။ ဒို့တတွေပညာစုံတဲ့တစ်နေ့ အလုပ်အကိုင်တွေကိုယ်စီနဲ့။ နောင်တစ်ချိန်မှာ ဒို့မြတ်နိုးတဲ့အညာမြေကိုပြန်မယ်။ အသက်တွေရလာချိန်ပေါ့လေ မန်ကျီးရိပ်ကခုံတန်းမှာထိုင်ရင်း ရေနွေးကြမ်း နဲ့ လ္ဘက်ရိုးကိုဝါးကာ သားတွေမြေးတွေနဲ့တူတူ ပျော်ရွင်စွာနေထိုင်ကြမယ်လို့ ရည်၇ွယ်တိုင်ပင်ခဲ့ကြဘူးတယ်လေ။
အင်းလေ အခုတော့လည်း................
အတိတ်ဆိုတာ ကိုချန်ထားခဲ့ချင်ပေမဲ့ စွဲလမ်းတတ်တဲ့ သူတစ်ယောက်တွက်ကတော့ အတိတ်က အနာဂတ်ရဲ့အရိပ်မဲလေးတစ်ခုအလားကပ်ပါနေခဲ့ပီ။
ကန်ရေပြင်က လေအေးအေးလေးတွေတိုက်ခတ်လာတယ်။ မျက်နှာပေါ်ကချွေးလေးတွေကိုခြောက်သွေးဖို့သူတို့ကြိုးစားပေးကြတယ်။ ဒါပေမဲ့ကြွေကျလာတဲ့ မျက်ရည်တစ်စကိုတော့ မခြောက်စေနိုင်ပါဘူးလေ။
ရှေ့တည့်တည့်က သစ်ပင်ပေါ်မှာ ပုရွက်ဆိတ် အမဲတွေလမ်းကြောင်းတွေခွဲပြီး အစာတွေသယ်နေကြတယ်။
ဒါဆို မကြာခင်မိုးရွာတော့မယ်။ သဘာဝအခြေအနေတွေကိုကြည့်ရင်း ဘာဖြစ်မယ်ဆိုတာသိနိုင်တယ်။ ဒါပေမဲ့ ညာတတ်တဲ့ လူတစ်ယောက် သစ္စာမရှိတဲ့လူတစ်ယောက်မှန်း အစက မသိခဲ့တာကိုက ကိုယ်ညံ့တာပေါ့လေ။
ဟုတ်တယ် ညာတတ်တာကို က သူ့ပညာလေနော်။ အင်းလေ အကြွေးတွေကျေအောင် ဆပ်လိုက်ရတယ်သဘောလေးကိုဘဲနားလည်လက်ခံလိုက်တော့မယ်။
အတွေးတွေကိုသတ်ရင်းခြေလှမ်းကို နောက်ပြန်လှည့်လိုက်ရင်း အခုလည်း နောက်ထပ်ဘယ်နှစ်ယောက်ကိုများ ဆက်ညာနေဦးမယ်မသိဆိုတဲ့အတွေးနဲ့ အကြွေးတွေလိုက်တောင်းနေတာ နေမှာပါလေဆိုတဲ့အတွေးနဲ့ အိမ်အပြန်ကိုခြေလှမ်းတွေပြင်လိုက်ပါတော့တယ်။
ခြေဖ၀ါးအောက်က သစ်ရွက်တွေရဲ့ တစ်ခြောက်ခြောက်မြည်နေသံကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိပ်နေပါတော့တယ်။
အမှတ်တမဲ့မှ အမှတ်တရ နေ့လေးပါ
ရိုးသားတယ်၊ ဖြူစင်တယ်
မာနမလည်းမရှိဘူး၊ ပကာသနကလည်းကင်းတယ်
အေးချမ်းမူတစ်ခုနဲ့၊ ပြည့်စုံမူကိုရှာဖွေတယ်။
ပျော်ရွင်တဲ့သံစဉ်တွေကိုလည်းဖန်တီးတဲ့
မှောင်နေတဲ့အခန်းကျဉ်းလေးထဲက
ဘ၀တစ်ခုကိုအစပြုမဲ့အလင်းရှင်။
Posted by sait phay yar at 5:16 AM
Labels: အမှတ်တရနေ့
တံခါးမရှိတဲ့ အိမ်နဲ့
ဂိတ်မရှိတဲ့ခြံတစ်ခု၊
အသီးမတင်တဲ့ သစ်ပင်တစ်ပင်
နေမ၀င်တဲ့ ဆည်းဆာတစ်ည၊
ဆုံးသတ်ခဲ့တဲ့ ရေစီးချောင်းလေး
အနာဂတ်မဲ့တဲ့အညတရလူသား၊
ပြာကျနေတဲ့နှလုံးသားနဲ့
အေးစက်စက် အတွေးစ၊
ယိမ်းယိုင်တဲ့ခြေလှမ်းတစ်စုံက
နှစ်လည်တိုင်းပုံသေကားချပ်
်
ကာရံမဲ့တေးသွားတစ်ပုဒ်နဲ့
Posted by sait phay yar at 7:46 PM
Labels: စိတ်ထွက်ပေါက်
ဒီနေ့မိုးတွေရွာနေတယ်။ နှင်းကတော့ မကျတော့ပါဘူးလေ။ နှင်းကိုချစ်ခဲ့ပေမဲ့ နှင်းနဲ့ဝေးရာမှာပါ။ မိုးရည်တစ်စက်ပီးတစ်စက် ခေါင်းပေါ်ကျလာတယ်။ နေရာမပြောင်းပါဘူး ဆက်ထိုင်နေမိတယ်။
ဟုတ်တယ်လေ အတွေးတွေရပ်လို့မရဘူး။ နှင်းကိုမျှော်နေတဲ့သူတစ်ယောက်အတွက် မိုးစက်လေးတွေကြားမှာ မမှိတ်မသုန် ငြိမ်သက်စွာ မိုးစက်လေးတွေကို နှင်းမှုန်အလားခံစားကြည့်မိနေတယ်။
မိုးတွေချိန်းနေတယ်။ မကြာခင်မှာ သဲကြီးမဲကြီးရွာတော့မယ်ဆိုတာကိုချိန်းခြောက်နေတယ်။ ကြောက်စရာကောင်းအောင်သိမ့်သိမ့်ခါအောင် အော်ဟစ်ပြနေလိုက်တာ။
ငယ်ငယ်ကတည်းက ဒေဝေါဆိုကာခြောက်လှန့်ခံခဲ့၇တော့ အခုလည်းမိုးချိန်းရင် မသိစိတ်က လန့််နေတုန်း။ ဒါပေမဲ့အခုတော့ ကြောက်စိတ်ထက်ရင်ထဲကနာကျင်မူဒဏ်ရာ ကမကျက်သေးသလို အတိတ်ကိုမှန်းဆနေမိတော့ အော်ဟစ်နေတဲ့ ဒေဝေါ မတိုးနိုင်ခဲ့ပါဘူး။
သက်ပြင်းတစ်ချက်ကိုအပြင်းအထန်ချလိုက်ရင်း ပြန်မှ ဖြစ်မည်။ မပြန်လို့မဖြစ်တော့ ကျန်းမာရေးက ကောင်းရှာသူဆိုတော့ အိမ်အမြန်ပြန်မှဖြစ်မည်။ အိမ်မရောက်ခဲ့ရင်လည်း နေရာတစ်နေရာမှာဝင်ခိုမှပင်။ မဲမှောင်နေတဲ့ကောင်းကင်ကိုအသာလေးကြည့်လိုက်ပြီး မိုးရယ်... ဆိုက ထိုင်ရာမှထ ထိုင်လိုက်မိသည်။
ထိုင်ရာမှအထ နောက်လှည့်အကြည့်မှာဘဲ လူတစ်ယောက် ထီးလေးအနောက်ကနေ ဆောင်းပေးထားလိုက်သည်ကိုခုမှသတိထားမိလိုက်ရသည်။
“လာကိုယ့်ထီးအောက်ကိုလာ။ မင်းကိုစောင့်နေတာ မင်းကို အိမ်အထိလိုက်ပို့မယ်နော်။ မိုးတွေကျလာကတည်းက ကိုယ်မင်းနောက်က အမှီလိုက်လာတာ။မင်းလေးနေမကောင်းဖြစ်မှာဆိုးလို့ ကိုယ် ထီးအမြန်ယူပီးလိုက်လာတာ စိတ်ပူလိုက်ရတာကွာ။
မင်းကလည်းပျောက်သွားတာ လိုက်လို့တောင်မမှီဘူး။ ”
ခရားရေလွှတ်အဆက်မပြတ်ပြောနေတဲ့သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း ဘာရယ်မဟုတ်ပါဘူး
“မိုးဖွဲလေးတွေကျရင် ဒီကန်ရေပြင်လှုပ်နေတာကကြည့်ကောင်းလို့ပါ။”
ညာတာသိနေပေမဲ့ သူခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ မနက်ဖြန်တွေတိုင်းမှာကိုယ်အမြဲရှိနေပါ့မယ်လေ။ မင်းရဲ့အတိတ်တွေကိုဖျောက်လိုက်ပါလို့မပြောလိုပါဘူး။ ဒါပေမဲ့ မင်းလက်ခံလာမဲ့နေ့ကိုစောင့်နေမယ်နော်။ မင်းရဲ့လိုအပ်နေမူတွေကို လိုက်ဖြည့်ပေးခွင့်လေးကိုဘဲကျေနပ်နေပါပီလေ။”
မိုးတွေအရမ်းသဲလာတော့ ထီးလေးတစ်ချောင်းအောက်မှာ ပိုမိုနီးစပ်သွားကြသည်လေ။
အပြန်လမ်းမှာ ရေတွေ တစ်ဖြည်းဖြည်းများလာသည်။ လမ်းလျှောက်ရတာလည်း တစ်ဗွမ်းဗွမ်းပေါ့။ သူကတော့ ကိုယ်စိုမှာကိုစိုးရိမ်တော့ ကိုယ့်အပေါ်မှာဘဲထီးက၊ သူ့ကတော့ တော်တော်လေးစိုနေပီလေ။ ဂရုစိုက်မူလေးကို တော့ကျေနပ်မိသည်။ သူ့ဂရုစိုက်မူတွေကတော့ ကိုယ့်အတွက်အမိုးတစ်ခုလို အမြဲတမ်းပင်။နှစ်ယောက်သားတိတ်စိတ်သွားကြသည်ပင်။ အတွေးကိုယ်စီနှင့် ခြေထောက်အောက်ကရေများကိုစောကစားရင်းနဲ့....
နောက်တော့ တိတ်စိတ်စွာပါလာတဲ့သူ့ကို ထီးက ကျလာတဲ့ရေလေးတွေကိုခံလိုက်ရင်းပက်လိုက်သည်။ သူကလည်း အံ့သြကာ ကြည့်ရင်း သူကလည်းပြန်ပက် ကိုယ်ကပြန်ပက်နဲ့ ရီသံတွေပျံ့လွင့်လာသည်။ ကိုယ့်ရဲ့ပါးချိုင့်တွေပေါ်အောင်ရည်နေသည်ကိုကြည့်ရင်း ...
“ပျော်လားဟင်... ”
“အင်း...ပျော်လာပီ... ”
“ မင်းကိုတစ်သက်လုံးပျော်စေချင်တယ်။ ”
ယေကျားပီသတဲ့ သူ့မျက်နှာကိုသေချာပြန်ကြည့်ရင်းနှစ်ခြိုက်စွာပြောလိုက်မိသည်။
“အင်း မိုးနဲ့ပျော်တတ်ခဲ့ပီ။”
“တစ်ကယ်ပြောတာလား”
ကိုယ်ခေါင်းညိတ်ပြလိုက်သည်။
ပျော်ရွင်မူတွေပေးတဲ့ မိုးကိုမေ့နေမိပီး မမြင်နိုင်တဲ့ နှင်းကို တမ်းတနေမိတဲ့အချိန်တွေကို နှမြောမိသည်။ မိုးရေတွေနဲ့စော့ကစားတတ်ခဲ့ပီ။ မိုးရေတွေက ပျော်ရွင်မူတွေပေးနေပီဆိုတာသိလိုက်ရသည်။ တစ်ခဏအတွင်းမှာဘဲ အတွေးအာရုံဏ်ထဲက နှင်းမှုန်တွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပျော်ရွင်မူတွေပေးတဲ့မိုးစက်ကလေးတွေကို အမိအရဖမ်းဆုတ်လိုက်ရင်း သူ့မျက်နှာကိုပက်လိုက်ပါတော့သည်။
ကိုယ့်ပျော်ရွင်နေသည်ကိုကျေကျေနပ်နပ်သူ ငေးနေတော့သည်လေ။
ဒီအပျော် ဒီအပြုံးကတော့ သူ့ဘ၀မှာပထမဦးဆုံးသူမြင်လိုက်ရခြင်းပင်လေ။