ကျွန်တော်မကျေညက်ခဲ့တဲ့အမေ့ရဲ့သင်ရိုး

Wednesday, April 29, 2009

သဝေထိုးမ နှစ်သက်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ။
အရင်ကတော့ ဖတ်ခဲ့ဘူးတယ်။ သိပ်မခံစားမိခဲ့ ဒါပေမဲ့ လူခြင်းဆုံတွေ့ခဲ့ရပြီး ကိုယ်တိုင်ကိုယ်ကျ နှုတ်ကနေ တစ်လုံးခြင်းရွတ်ပြတာကို သေချာနားထောင်ခဲ့ရတော့ အဓိပါယ်တွေကိုပိုနားလည်ခဲ့တယ်။
သဝေထိုးမ သူ့ရဲ့ခံစားချက်တွေကိုမျှဝေခံစားခဲ့မိတယ်။
ဘ၀ကို အခက်ခဲတွေကြားက ရင်ဆိုင်ရုန်းကန်နေသော်လည်း မျက်နှာတစ်ချက်မပျက်၊ မုန်တိုင်းတွေဘယ်လိုပြင်းထန်ပါစေ တက်ကိုမကျိုးအောင် အားမာန်တွေနဲ့ လှော်ခတ်တတ်သူတစ်ဦးအတွက် သဝေထိုးမ သူ့ ဂုဏ်ယူမိတယ်။ ဒီကဗျာလေးကနေ မိခင်တစ်ယောက်ရဲ့တန်ဖိုးကို မိခင်မရှိတော့တဲ့ အချိန်မှာ ဘယ်လိုခံစားရတယ်..... ဆိုတာ သတိပေးထားတာလေးကို သူ့ဆီကခွင့်တောင်းပြီးတင်ခဲ့တာပါ။



ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .

ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
..........................................
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .

သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........

“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”

“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”


ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။

အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .

မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .

သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .

ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .

ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .

ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

လက်ဆောင်လေး

Wednesday, March 18, 2009

တည်ဆောက်မရ
တုန်ရင် လက်တစ်စုံ
တွယ်တာမဲ့စွာ
ပြုတ်ကျသွားတဲ့ စာအုပ်တစ်ပုံ

တည်ငြိမ်မဲ့
လက်အစုံနဲ့
တာဝန်မဲ့နောင်တ
ကျေမွနှလုံးနဲ့
ပြစ်တင်သောက...

ဒီလက်ဆောင်လေးကို
ထာဝရတွက်
လက်ခံလိုက်တော့တယ်...

Monday, March 9, 2009



http://ywartharlay-ytu.blogspot.com/2009/03/blog-post_12.html#comments

နှုတ်ဆက်ခြင်းတွေ

ခဏတာဆုံကြရတယ်ဆိုပေမဲ့ တစ်သက်မမေ့နိုင်အောင်ကိုတမ်းတနေမိတယ်။
မောင်နဲ့ခဏတာဆုံခွင့်ရတဲ့နေ့လေးတစ်နေ့မှာ အလွန်ပျော်ခဲ့မိတယ်။ အဒီတုန်းက အချိန်လေးကိုပြန်တွေးကြည့်တယ်၊ တစ်လောကလုံး ဘယ်သူကိုမှ မမြင်ခဲ့ဘူး။ ဘယ်သူတွေကိုယ့်ဘေးနားရှိနေခဲ့တယ်ဆိုတာကိုမမှတ်မိတော့ဘူး။
မောင့်ကို မေ့ရဲ့ဘ၀လို့သတ်မှတ်လိုက်မိတာကိးု။

ဒါပေမဲ့ မေ တအားစိတ်ကူးယဉ်တယ်လို့ပြောမလားနော်။ မေ ရဲ့ဆုံးဖြတ်ချက်က မောင့်ကိုစိတ်ညစ်စေခဲ့တယ်လေ။ မတူညီတဲ့ဘ၀နှစ်ခုကိုလွယ်လွယ်နဲ့
ပေါင်းစုံနိုင်မယ်လို့ လည်းမျှော်လင့်ခဲ့မိတယ်။
မငယ်တော့ပေမဲ့ကလေးအတွေးလေးဖြစ်နေခဲ့တယ်။
မောင်က ရင့်ကျက်တယ် ဘာမဆိုစဉ်းစားတယ် ခေါင်းအေးတယ်။
မောင်လို့ခေါ်လိုက်တဲ့နေ့ကစပြီး မေ တစ်ယောက်ရူးခဲ့တာ ဒီနေ့အထိပါဘဲ။

ဒါပေမဲ့........တစ်နေ့အဲဒီနေ့ က မိုးတွေတအား၇ွာနေတယ်။ နွေတောင်ကောင်းကောင်းမ၀င်သေးဘူး မိုးတွေရွာလိုက်တာတအားဘဲ။ မေတစ်ယောက်မနေနိုင်မထိုင်နိုင်လေ ဖုန်းလေးကိုကောက်ကိုင်ရင်းခေါ်လိုက်တယ်။
ဘာဖြစ်တာလည်းမသိ လို့ သိချင်စိတ်နဲ့ပါ။
ဒါပေမဲ့ ဒီနေ့အထိဘာဖြစ်တယ် ဆိုတာကိုတော့ မပြော..........
အရင်တစ်ခါအတိုင်းလုံးဝတိတ်ဆိပ်သွားပြန်ပြီ။

ဒီတစ်ခါတော့ မောင်.. မေ့ဆီက နေ တစ်သက်လုံးထွက်ခွာသွားခြင်းဘဲနေတော့မှာပါ။ မေလို လူမျိုးတစ်ယောက်ကတော့ သူ့အတွက် ဘာမှတန်ဖိုးမရှိပါဘူးလေ။ မခေါ်မှတော့ နားလည်ပေါ့ဆိုတဲ့သဘောနေမှာပါဘဲ။ ဒုတိယမြောက်တိတ်တဆိပ်ထွက်ခွာခြင်းဟာနောက်ဆုံးဘဲနေမှာပါ။

မမျှော်လင့်ရဲတော့ပါဘူး......

အဲဒီနေ့ကမိုးတွေသဲတဲ့နေ့လေးလေ မေ့ကိုသူအပြီးထားခဲ့ပါပြီ။ မိုးရေ ကိုကြောက်တယ် မိုးချိန်းတာကိုမလိုဘူး လျှပ်စီးလက်ရင် မျက်စေ့တွေစုံမှိတ်ထားတတ်တဲ့ မေတစ်ယောက်မိုးရေထဲမှာ........

မျက်ရည်တွေလားမိုးေ၇လား၊ မိုးချိန်းသံလား နာကျင်မူကြောင့်ခုန်နေတဲ့ရင်ခုန်သံတွေလား၊ မေ မသိတော့ ခံစားချက်ပျောက်သွားတယ်။ နောက်ဆုံးတော့လည်း မိုးေ၇ထဲမှာပါ။ ပူလောင်တဲ့နွေကိုမိုးနဲ့စတင်ဖွင့်ပေးခဲ့တယ်။
အဲဒီနေ့လေး အဲဒီနေ့မှာပါပဲ မိုးတွေသဲနေတယ်။ မိုးရေထဲမှာတစ်ယောက်ထဲပါ။ ထာဝရတစ်ယောက်ထဲပဲကျန်နေတော့မှာပါ။

မောင့်ဆီက နှုတ်ဆက်သံတိုးတိတ်နေခဲ့ပေမဲ့ မောင့်ကို မေကပဲ နှုတ်ဆက်ခဲ့ပါတယ်။ နောက်ဆိုရင်မတွေ့ရ မကြားရ အောင်ကိုတိတ်တိတ်လေးနေပေးပါ့မယ်လေ။
ခဏတာချစ်ပေးခဲ့တဲ့မောင့်ကို ကျေးဇူတင်ကြောင်းလည်း ဒီနေရာကနေပြောလိုပါတယ်။
နောက်ဆိုဘယ်တော့မှ မနှောက်ယှက်တော့ပါဘူး။ မောင်ချစ်သူလေးကိုလည်းဒီနေရာကနေနှုတ်ဆက်ပေးလိုက်ပါတယ်။ ထာဝရလက်တွဲနိုင်ပါစေလို့လည်းလေ.....

တစ်ခါတည်းအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ မေတစ်ယောက်ပျောက်တော့မယ်လေ။

သူငယ်ချင်းမှ

Thursday, March 5, 2009

နေ့လေးတစ်နေ့၊
အဲဒီနေ့လေးတစ်နေ့မှာပါပဲ၊
အချစ်သစ်ပင်ကို အမြစ်ပါမကျန်ခုတ်ထွင်လိုက်တယ်။

နေ့လေးတစ်နေ့ ၊
အဲဒီနေ့လေးမှာပဲ၊
အလွမ်းပျိုးပင်လေးကိုအဆိပ်ကျွေးသတ်လိုက်တယ်။

နေ့လေးတစ်နေ့ ၊
အဲဒီနေ့လေးမှာပ၊ဲ
တွေဝေသူ့အတွက်နာကျင်အောင်လုပ် လမ်းခွဲစေခဲ့တယ်။

နေ့လေးတစ်နေ့၊
ကျန်နေသေးတယ် အဲဒါသူ့အတွက်၊
အချစ်သစ်ပင်အသစ်ကိုသူစပျိုးလိုက်နိုင်ခဲ့တယ်။

အရင်ကတော့ သူငယ်ချင်းလေး၊
နောက်ဆုံးတော့လည်း လက်တွဲဖော်လေးပေါ့။

ပိတောက်အရိပ် ခဏတာ

Tuesday, March 3, 2009

နားနေခန်းလေမှနေပြီး နေရောင်ခြည်ရဲ့ အလင်းရောင်အောက်မှာ ၀ါထိန်နေအောင်ပွင့်နေတဲ့ ပိတောက်ပင်ကြီးကိုငေးနေမိသည်။ နောက်သန့်ရှင်းလတ်ဆတ်တဲ့လေကိုမျက်စေ့လေးစုံမှိတ်ရင်း တစ်ဝကြီးရူရှိုက်လိုက်၇င်း.....

ဖုန်းကနည်းကျလာတဲ့ အရာကိုကြည့်လိုက်တော့စာအုပ်တွေ

“မဆွေရယ်လန့်လိုက်တာ ဘာလုပ်တာလည်း အဲဒါ”

“နင်ဖတ်စေချင်လို့ယူလာတာပေါ့။”

“အော်.. အဲဒါများအသာလေးချရတာဘဲ။”

“ငါကပစ်တောင်ပေါက်ချင်တာနင့်ကို”

“အမလေးတော် ဘယ်ကတည်းကမုန်းနေတာလည်းဟ။”

“ငါအလည်လာတာမကြိုက်လို့လားနင်က ၇ပါတယ်။ ပြန်ဆိုပြန်တာပေါ့လေ။ ငါကရောက်တုန်းရောက်ခိုက် တစ်ပါတ်လောက်နေမလို့စိတ်ကူးပြီးလာတာ၊ ဒီပိတောက် မြေကိုမရောက်တာ နှစ်တွေအတော်ကြာနေလို့ လာတာပါဟ။”

“နင့်ကိုပြန်စေချင်လို့မဟုတ်ဘူးဟေး နင့်ကို ငါနားမလည်လို့”

“ဘာလို့လည်း”

“အင်းလေ နင်လုပ်ပုံကြည့်လေ။ ဟိုတစ်ယောက်နင်နဲ့မတွေ့တာတောင်နင့်အကြောင်းဝတ္တုတွေရေးနေတယ် အဲဒါအခုသူရေးတာ ၄ အုပ်မြောက်ပြီ။”

“တစ်ကယ်....”

“အေးဟေ့ စာအုပ်တိုင်းမှာ နင့်အကြောင်းတွေကြည်ပဲ။ နင့်ကိုတော်တော်လေးချစ်၇ှာတာဟ နင်စဉ်းစားကြည့်လေ အခုဆိုနင်တို့မတွေ့တာ ၁၀ နှစ်လောက်တောင်၇ှိပေါ့။ ဒါကိုပဲတစ်ယောက်ထဲပဲနေတယ်။ သူကငါ့ကိုတွေ့တိုင်းနင့်အကြောင်းတွေဘဲမေးမေးနေတယ်။”

“အင်းလေ..မေးတော့ကောဘာတတ်နိုင်မှာလည်း။ ငါ့ဘက်ကသူ့ကိုကောင်းစေချင်လို့လမ်းပေါ်တင်ပေးခဲ့ပြီဘဲ၊ ငါကတော့ မြောင်းထဲမှာပါဟာ.. ဟဟ ရီရတယ်နော်။”

“မဆွေမျက်ရည်တွေဝဲလာသည်။ နင်အဲလိုမပြောပါနဲ့ဟာ။ သူကလည်းနင့်ကိုကျေးဇူးတွေတင်ရင်း နင့်စေတနာကိုနားလည်လို့လည်းသူနင့်ကိုတန်ဖိုးထားနေတာပေါ့...
နင်ဆက်သွယ်လိုက်ပါဟာ.. သူ့လိပ်စာရှိတယ် အဲဒီစာအုပ်ထဲမှာပါတယ်။ သူအခုဘယ်မှာလည်းသိလား..”

“ဘယ်ရောက်နေလည်း သူဒီမြို့မှာမရှိဘူးလား။”

“သူအခုပညာတော်သင်သွားတယ် ဒေါက်တာဘွဲ့သွားယူတယ်။”

“အော်...သူကဥာဏ်အရမ်းကောင်းတယ်ဟ။ ဟိုးတုန်းကငါတို့ ကဗျာပြိုင်စပ်ခဲ့ဘူးသေးတယ်။ သူကတော်တယ်ဟ။ ငါကပဲ အရှုံးပေးခဲ့ရတယ်။ အခုစာအုပ်တောင်ရေးနေတယ်ပေါ့။”

“အင်းပါ.. မင်းဆက်သွယ်လိုက်ပါဟာ။ သူကျောင်းအားရက်တွေနင့်ဆီလာလည်လို့ရတာပေါ့။ ၇ွာဆိုရင်သာခက်မှာသွားရလာရတာ။ မင်းဆီကိုသူမရောက်ရောက်အောင်လာမှာငါယုံတယ်။ မင်းဟိုတစ်ခါ အပြင်ထွက်တုန်းကလည်း သူမင်းနေတဲ့နေရာကိုမရောက်ရောက်အောင်လိုက်တယ်နော်။ ငါတို့တစ်တွေအောချတယ်။ အဲလိုသစ္စာရှိရှိချစ်တဲ့လူ၇ှားတယ်နော်။
ငါကသူ့ကိုအမြဲစတယ် နောက်တစ်ယောက်ရှာပါလားဆိုတော့ သူဘာပြောလည်းသိလား
နင်တစ်ယောက်ကိုဘဲချစ်တယ်တဲ့ နင်တစ်ယောက်နဲ့ဘဲသူ့ဘ၀ပြည့်စုံတယ်တဲ့လေ။”

“ဟင်း..... ကျေးဇူးတင်ပါတယ်လေ ငါလိုမြောင်းထဲကလူတစ်ယောက်ကိုသစ္စာရှိရှိချစ်ပေးတဲ့အတွက်လေ။
ဒါပေမဲ့ဟာ သူ့အတွက် ငါ့မှာ အဖြေတစ်ခုရှိနေတယ်။ သူ့ဘ၀ကိုမြင့်မြင့်မားမားနေရာမှာရှိစေချင်တယ်။ ငါလိုလူနဲ့ဆုံခဲ့ရရင် သူဘ၀လေးမလှတော့မှာစိုး၇ိမ်တယ်။ နေပါစေတော့ ဘယ်တော့မှ မဆုံကြတာဘဲကောင်းပါတယ်။ ပင်မြင့်မှာစံနေတဲ့သူ့ဘ၀လေးမညှိုးစေချင်ပါဘူးလေ
ကဲ စကားပြောနေတာကြာပေါ့ ငါတရားသွားထိုင်လိုက်ဦးမယ်။ ”

“နင်ဒီစာအုပ်တွေမဖတ်တော့ဘူးလား..”

“ဖတ်တော့ပါဘူး။ ငါ့ရဲ့ပူလောင်နေတဲ့ဒီဘ၀ကိုအေးချမ်းမူတွေပေးမဲ့ တရားရိပ်မှာဘဲခိုလှုံပါရစေတော့ သူငယ်ချင်း။ မင်းနားလည်ပေးပါနော်။ ကျေးဇူးတင်ပါတယ်သူငယ်ချင်း သီတင်းကောင်းတွေကို လာမျှဝေတဲ့အတွက်။
ငါ သူ့အတွက်လည်းဆုတောင်းလိုက်ပါ့မယ်။ သူဘ၀အတွက်သင့်တင့်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ပြီး သူ့ဘ၀လေးအေးချမ်းစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ့မယ်။

မကြာခင်ရွာချတော့မဲ့မိုးလိုညိုနေတဲ့မဆွေရဲ့ မျက်ဝန်းအစုံကို လွှဲလိုက်ရင်း ဘုရားခန်းရှိရာကိုဦးတည်လိုက်ပါတော့သည်။

ရာသီသစ္စာ

ချယ်ရီတွေတောင်မခြောက်သေး ပိတောက်တွေပွင့်ခဲ့ပါပေါ့လား
လေအပင့်မှာရှုရိုက်လိုက်တိုင်းပိတောက်ရနံ့ကမင်းမူနေပြီ
ရာသီတွေပြောင်းတာမြန်လိုက်သည်ပင်။

ဆောင်းလေပြေအေးအေးလေးကိုမြတ်နိုးလိုက်တာ
ချယ်၇ီတွေကိုမြတ်နိုးလိုက်တာရယ်နဲ့ အခုတော့လည်း
ပိတောက်၇ိပ်အောက်ကြည်နူးနေပြန်ပါရော။

ပိတောက်နဲ့ချယ်ရီ မည်သူပိုလှသနည်းလို့ဆိုပြန်တော့
သူတို့တစ်တွေမှာအလှကိုယ်စီပါဘဲလေတဲ့
သို့သော်ချယ်ရီရေမင်းကအဝေးမှာကျန်ခဲ့လေတော့
အခုလက်ရှိအနီးမှာရှိတဲ့ပိတောက်ကိုမကျော်နိုင်ပြန်ပေါ့နော်။

အော်လူ့စိတ်လူ့စိတ်............
နီးခြင်းဝေးခြင်းတွေကမြတ်နိုးခြင်းတွေကိုလည်းတိုင်းတာပေးနေပြန်တယ်
ရာသီအလိုက်ပြောင်းလည်းနေတဲ့အလှတစ်ရားအလိုက်
သစ္စာတ၇ားမှာကောပြောင်းလည်းတတ်တဲ့သဘောတရားများဖြစ်နေသလား............