ဆောင်းအလွမ်း
Tuesday, January 5, 2010
အလွမ်းဆိုတာ ဖြေရှင်းလို့မရတဲ့ပုဒ်စာတစ်ခုလို့ပြောချင်တယ်။
ခုလိုနှင်းတွေဝေနေတဲ့ဆောင်းက ပိုပီး အလွမ်းတွေပိုစေတယ်။ ယောင်ပီး ပါးလေးကိုစမ်းမိတယ်။ မောင်နမ်းခဲ့တဲ့ပါးလေး ခုထိ ပူနွေးနွေးလေးဖြစ်နေသလိုခံစားရတယ်။ သတိရတဲ့စိတ်တွေပြေပါစေတော့ရယ်လို့ စာတွေချချရေးမိတယ်။ အလွမ်းစာမျက်နှာတွေက တစ်နှစ်ပီးတစ်နှစ်ပြောင်းပေမဲ့ မေ့မရသလို ဟောင်းခဲ့တဲ့စာမျက်နှာတွေကိုပြန်ကြည့်တော့လည်း ဒီနေ့မှာခံစားနေရသလို အသစ်စက်စက်လေးပါဘဲလေ။
အရှုံးသမားတစ်ယောက်ရယ်ခံစားခဲ့၇တာ ခုချိန်ထိမေ့မရ ပြောင်းလည်းလို့မရ။ ညတွေအားလုံးဟာ စိတ္တဇညတွေလိုဘဲ ဖြတ်သန်းနေရတယ်။ မောင်တစ်ယောက်ကတော့ မေ့လို့တောင် ဘ၀သစ်မှာပျော်နေပီ။
မောင်ကတော့ မောင်ေ၇ွးချယ်ခဲ့တဲ့ ကြင်ဖော်နဲ့သာယာတဲ့ဘ၀တစ်ခုကိုတောင်တည်ဆောက်နိုင်ခဲ့ပီ။ အချစ်ဆိုတာလည်း တစ်ခါတစ်လေထူးစမ်းသည်။ ကိုယ့်ကိုမချစ်တဲ့လူ ကိုယ့်ကိုတန်ဖိုးမထားတဲ့လူတစ်ယောက်ကိုလည်းချစ်ချင်ချစ်နေတတ်တာ။ မောင်ထွက်သွားပီးကတည်းက ဆောက်တည်ရာမရ ဝေလေလေနဲ့ ဘ၀ကိုလျောက်လှမ်းနေတာ ခုဆို ၇က်ကနေ နှစ်တောင်ကူးပီ။
တစ်ရက်မှမေ့မရဘူး တစ်ရေးနိုးလို့တမ်းတမိတာက မောင် အနားမှာရှိနေသလိုလို။ သေချာပြန်ကြည့်ကြည့်တော့ မောင် အနားမှာ မ၇ှိ တစ်သက်လုံးမရှိနိုင်တော့ ပြန်မဆုံနိုင်တော့တဲ့နေရာ သီးသန့်ကမ္ဘာလေးမှာ မောင်၇ှိနေတယ်။ တစ်ခါတစ်လေ မောင်ပျော်နေတာ မောင်မိသားစုလေးနဲ့ပျော်မြူးနေတာလေးကို တွေးရင်း မောင့်အပြုံးလေးကိုဘဲ စိတ်ကူးယဉ်ပီး ကြည်နူးနေမိတယ်။
အဲဒီအသိုင်းအ၀န်းနားမှာတော့ နေခွင့်မရပေ။ တူတူပျော်ခွင့်မရပေမဲ့လည်း ကိုယ်ချစ်ခဲ့၇တဲ့သူတစ်ယောက်ပျော်နေတာကိုဘဲ အဝေးတစ်နေရာကနေ ပျော်ပေးနေရုံကလွဲရင် ဘာမှ မတတ်နိုင်တော့ပေ။
မေ့ပြစ်ခြင်းဆိုတာမဟုတ်ပေမဲ့ ဒီအလွမ်းပုဒ်စာလေးကိုတော့ ဖြေရှင်းချင်မိတယ်။
မပြတ်သားမူတွက်....
Sunday, January 3, 2010
အသွားနဲ့အပြန်လမ်းနှစ်လမ်းလေးနဲ့
သူလေပတ်ရှုပ်....
လာမယ်ဆိုလာလိုက်ပါလား
သွားမယ်ဆိုလည်းသွားလိုက်ပါလေ။
ဒီလိုလိုဟိုလိုလို
သွားသလို လာသလို
မပြတ်မသားကြားက
လူသားနှစ်ယောက်
ဘယ်လောက်ထိခံစားရမလည်းနော်။
၂၀၀၉ -၂၀၁၀
Wednesday, December 30, 2009
နှစ်ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်မှာ ပျော်ရွင်မူတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
အိမ် အလွမ်းပြေ
Sunday, December 13, 2009
ငယ်ငယ်က ခရစ်စမတ်ဆိုရင် မိသားစုတွေပြန်လည်ဆုံတွေ့ကြခဲ့ကြတယ်။ ဘယ်နေရာဘဲရောက်နေ ရောက်နေ အိမ်ကိုပြန်ကြပြီး ခရစ်မတ်ပွဲကျင်းပလေ့ရှိတယ်။ မုန့်တွေတူတူလုပ်စားကြတယ်။ အဲဒီအထဲမှာတော့ အဖေလုပ်တဲ့ကိတ်မုန့်ကိုစားရတာကိုက အပျော်ရွင်ဆုံးအချိန်လေးတွေဖြစ်ခဲ့တယ်။
ဒါပေမဲ့လည်းခုချိန်မှာတော့ အဖေလုပ်တဲ့ကိတ်ကိုတော့ ဘယ်တော့မှမစားတော့တဲ့အပြင် မိသားစုလေးမှာ လူတွေမစုံတော့ ပျော်ရွင်မူတစ်ခြမ်းပဲ့လေးနဲ့ ကျန်ရှိတဲ့မိသားစုတွေ တတ်နိုင်သလောက်တော့ပြန်စုကြတယ်။ ကိုယ်ကတော့ အိမ်ရဲ့အဝေးမှာ အိမ်ကိုတော့လွမ်းနေသည်။ အိမ်ကိုပြန်ေ၇ာက်ရင်လည်း မစုံလင်တော့တဲ့မိသားစုလေးကိုကြည့်ပိုဝမ်းနည်းရပြန်သည်။
ဒီနှစ်ကတော့ အိမ်ကိုသိပ်လွမ်းနေမိသည်။ သီချင်းလေးတွေနားထောင်ရင် အိမ်အလွမ်းကိုဖြေရတော့မယ်။
အိမ်မက် ကမ္ဘာ
Saturday, November 28, 2009
ခြေလှမ်းတွေတက်ကြွနေတယ်။ မျက်လုံးတွေတောက်ပနေတယ်။ ပျော်လွန်းလို့လေ။
ဟုတ်တယ် ဒီနေ့တော့ ဘ၀အတွက် အိမ်မက်တွေကို အပြည့်အ၀ဖြည့်လိုက်နိုင်ပြီ။အောင်မြင်တဲ့အပြုံးနဲ့ ကျောင်းကြီးကိုကျောခိုင်းပြီး ပြန်လာခဲ့ပြီ။
ဘေးနားမှာ မောင်က ပြုံးလို့ကြည့်နေရင်း မ ရဲ့လက်ကိုခိုင်မာစွာဆုတ်ကိုင်ပေးထားတယ်။ အောင်စရင်းစာရွက်လေးကိုကိုင်လာရင်း ရေကန်ဘောင်လေးနားကိုအေ၇ာက် မောင့်လက်ကိုဆွဲလိုက်ရင်း ကန်ဘောင်ဘေးနား တူတူထိုင်နေကြနေရာလေးမှာ စွင့်ကနဲထိုင်လိုက်တယ်။ ပျော်နေတဲ့ မ မျက်နှာကိုကြည့်ပြီး မောင် က မ ပါးလေးကိုလှစ်ကနဲနမ်းလိုက်ရင်း မောင့်ပါးလေးကိုလည်းလှစ်ကနဲနမ်းလိုက်မိတယ်။
မောင်ဖြစ်စေချင်တဲ့ဆန္ဒတွေကိုဒီနေ့ ပြည့်စုံအောင်လုပ်ခဲ့နိုင်ပြီ။ မောင်ကဘာစကားတစ်ခွန်းမှမပြော ပြုံးပြုံးကြီးကြည့်နေသည်။ စကားနည်းတဲ့မောင် ကတော့ အမြဲအဲလိုဘဲလေ။ တော်တော်ကြာကြာလိပ်ကလေးတွေ ရေကူးနေတာကိုသေချာကြည့်ပြီး လာသွားဆို့ဆိုတဲ့သဘောနဲ့ အိမ်ပြန်ဖို့ပြင်လ်ုက်ကြတယ်။
ကားပေါ်ကိုနှစ်ယောက်သားပျော်ပျော်ကြီး တက်လိုက်ကြပြီး ကားမောင်းနေတဲ့မောင့်ကို တစ်စောင်းအနေအထားမှ ကြည့်နေသည်။ မောင်က ကားကို ဂရုတစ်စိုက်မောင်းနေရင်း မ ဘက်ကိုလှည့်လှည့်ပြီးပြုံးပြနေသေးသည်။ ကားလေးက တစ်ဖြည်းဖြည်းနဲ့အိမ်နားရောက်လာပြီ။ အိမ်ရှေ့မှာလူတွေစုစု စုစု နှင့် တွေ့လိုက်ရသည်။ ဘာများဘာလိမ့်လို့ ကြည့်လိုက်ရင်း အမေ မောင်နှမတွေ တူတွေတူမတွေ စုံလို့ ခြံေ၇ှ့ကစောင့်နေကြတာ။ ကားလေးလည်းရပ်သွားကော မောင်က မ ပါးလေးကိုလှစ်ကနဲနမ်းလိုက်ရင်း ကားတံခါးလာဖွင့်ပေးတယ်။
အားလုံးဆူညံသွားကြတယ်။ အမေကလည်း ပြုံးလို့ကြည့်နေရင်း မ အနားကိုပြေးလာပြီး မွှေးမွှေးပေးတယ်။ မိသားစုစုံစုံလင်လင်နှင့်ပျော်စရာကောင်းလိုက်တာ။ အိမ်ထဲကို မိသားစုလိုက်မိသားစုလိုက်ဝင်သွားကြပြီး ကလေးတွေကတော့ သူတို့ဝါသနာပါရာ ကစားပွဲတွေလုပ်နေကြတယ်။ ရုပ်ဂှင်ကြည့်သူကကြည့် ကွန်ပြူတာဖွင့်သူက ဖွင့်နှင့် အလုပ်တွေရှုပ်နေကြတယ်။ နောက်ဖေးမှာကတော့ အမကြီးတို့က ချက်ဖို့ပြင်နေကြတယ်။ အကိုတို့က ဧည့်ခန်းမှာ မောင်နဲ့တူတူစကားတွေပြောနေကြတယ် အမေကတော့ မ လက်ကိုမဖြုတ်တမ်းကိုင်ထားရင်း သူ့ဘေးမှာလာထိုင်စေရင်းမေးသမျကိုဖြေစေတယ်။ ပျော်လိုက်တာမှ အလွန်နော် ပျော်စရာအိမ်ကလေး အေးချမ်းတဲ့အငွေ့အသက်လေးတွေကိုနွေးထွေးစွာခံစားရတယ်။
တစ်ခါတစ်ခါ အမေ က မောင့်ကိုလှမ်းလှမ်းကြည့်ရင်းပြုံးနေတတ်သည်။ ခဏနေတော့ယောက်မ က အမောပြေအအေးလာတိုက်တာ မမြင်တော့လက်နဲ့တိုက်လိုက်မိတယ်။ ရေတွေဖွားကနဲ ကျတာ မ တစ်ကိုယ်လုံးရွဲကုန်ရော
အမလေး ထအော်လိုက်သည်။
ဟုတ်ပါ့ ညက စားပွဲပေါ်တင်ထားတဲ့ဖန်ခွက်ကိုတိုက်မိပြီး ရေတွေမှောက်ကြတာ အိပ်ယာတစ်ခုလုံး၇ွဲကုန်ပြီ။
သွားပါပြီ အိမ်မက်ကောင်းကလန့်နိုးလိုက်ရတာ။
ဟူး ပျော်စရာအိမ်မက်ကလေးကို ပြန်စဉ်းစားရင်း အိမ်ကိုလွမ်းလိုက်သည်။
ဟူး........... အိမ်မက်ကအပျော်ကိုဘေးမှာ အသာချလိုက်ရင်း နာရီကိုကြည့်လိုက်ရင်းမိုးစင်စင်လင်းနေပြီး အလုပ်အတွက်ထမဖြစ်တော့မည်လေ။
မလှုပ်ချင်တဲ့လက်ကိုဆက်ပြီးလှုပ်နေရတယ်။
မပြောချင်တဲ့စကားတွေ ဆက်ပြောနေရတယ်။
မလျှောက်ချင်တဲ့ခြေထောက်က ဆက်လျှောက်နေရတယ်။
မဆုံချင်တဲ့လူတွေနဲ့ဆုံနေရတယ်။
မနှစ်သက်တဲ့အစားတွေကိုစားနေရတယ်။
တစ်ခါတစ်လေစဉ်းစားကြည့်တယ်။
ကံကြမာကမျက်နှာသာပေးလို့ဆန္ဒလေးတစ်ခုများပြည့်ခဲ့မယ်ဆိုရင်
တစ်ချိန်ကကြည်နူးမူနဲ့ပျော်ရွှင်ခဲ့တဲ့နေရာမှာပြန်နေချင်တယ်။