ရပ်တန့်ခဲ့တဲ့နာရီလေး

Tuesday, February 23, 2010

နာရီလေးရပ်သွားတာ ၂ လကျော်ပီ။ ဖြစ်ပုံကလည်းဝယ်တဲ့နေ့ရက် ဒီဇင်ဘာ၁၈ တစ်နှစ်တိတိပြည့်တဲ့နေ့မှာဘဲ ရပ်သွားခဲ့တယ်။ ဘက်ထရီလည်း မလဲဖြစ် ဘဲဒီအတိုင်းသူ့ဗူးထဲမှာ ပြန်ထည့်ထားလိုက်ရင်း ဘာရယ်တော့မဟုတ် မြို့ထဲသွားရင်တော့ ကြုံ၇င် ပြင်လိုက်ဦးမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားလိုက်တယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဗူးအပြင်ထုတ် ပီး အိတ်ထဲထည့်ထားခဲ့မိတယ်။ တစ်ရက်ရက် အပြင်ရောက်ဖြစ်ရင် ဆိုင်ပို့မယ်ပေါ့လေ။ ဘာမပြောညာမပြော ဖေဖေါ်ဝါရီ ၂၂ ရက်က နာရီလေးကိုသေချာကြည့်လိုက်တော့ နာရီက ပြန်သွားနေတယ်။ အဲဒါကိုလည်း အယုံအကြည်မရှိသေးဘူး ဒါလည်းခဏနေမှာပါဆိုပီး ပြောပီး တစ်ညသိပ်လိုက်မိတယ်။ တစ်ညလုံးသူက ပုံမှန် သွားနေတယ်။ နောက် ခုထိ နာရီက သူမဟုတ်သလိုဘဲ ဆက်လက်ခုတ်မောင်းနေတယ်။ ပထမတော့ အသစ်ဝယ်ပတ်မလို့ဘဲ ဒါပေမဲ့ နာရီ အပြာခံဒိုင်ခွက် ကလေးကို နှစ်သက်နေမိသေးလို့ ဆက်ပတ်လိုက်ဦးမယ်ပေါ့နော်။ နှမြောတာပါဘဲလေ။ ကိုယ်နဲ့တူတူရှိနေခဲ့တဲ့ ပစည်းလေးကိုသံယောဇဉ်ဖြစ်နေမိတာဆိုလည်း မမှားဘူးကို။

ရင်ထဲကဆူးပန်းပင်တွေ

Sunday, January 31, 2010

















ပတ်တရားက ဥယျာဉ်ထဲက ဆူးပန်းပင်တွေ။

အေးရာအေးကြောင်း

Sunday, January 17, 2010


သူ..တစ်ကယ်အလုပ်လုပ်နေသည်။

ရောင်စုံပန်း..

Monday, January 11, 2010



ပန်းရောင်



အနီရောင်ပန်းခင်း....

တူတူပျော်မယ်...



အေးချမ်းတဲ့အရိပ်အောက်မှာ တူတူပျော်မယ်နော်....

ဘုံကျောင်းအမှတ်တရ

Friday, January 8, 2010
















ဆောင်းအလွမ်း

Tuesday, January 5, 2010

အလွမ်းဆိုတာ ဖြေရှင်းလို့မရတဲ့ပုဒ်စာတစ်ခုလို့ပြောချင်တယ်။
ခုလိုနှင်းတွေဝေနေတဲ့ဆောင်းက ပိုပီး အလွမ်းတွေပိုစေတယ်။ ယောင်ပီး ပါးလေးကိုစမ်းမိတယ်။ မောင်နမ်းခဲ့တဲ့ပါးလေး ခုထိ ပူနွေးနွေးလေးဖြစ်နေသလိုခံစားရတယ်။ သတိရတဲ့စိတ်တွေပြေပါစေတော့ရယ်လို့ စာတွေချချရေးမိတယ်။ အလွမ်းစာမျက်နှာတွေက တစ်နှစ်ပီးတစ်နှစ်ပြောင်းပေမဲ့ မေ့မရသလို ဟောင်းခဲ့တဲ့စာမျက်နှာတွေကိုပြန်ကြည့်တော့လည်း ဒီနေ့မှာခံစားနေရသလို အသစ်စက်စက်လေးပါဘဲလေ။

အရှုံးသမားတစ်ယောက်ရယ်ခံစားခဲ့၇တာ ခုချိန်ထိမေ့မရ ပြောင်းလည်းလို့မရ။ ညတွေအားလုံးဟာ စိတ္တဇညတွေလိုဘဲ ဖြတ်သန်းနေရတယ်။ မောင်တစ်ယောက်ကတော့ မေ့လို့တောင် ဘ၀သစ်မှာပျော်နေပီ။

မောင်ကတော့ မောင်ေ၇ွးချယ်ခဲ့တဲ့ ကြင်ဖော်နဲ့သာယာတဲ့ဘ၀တစ်ခုကိုတောင်တည်ဆောက်နိုင်ခဲ့ပီ။ အချစ်ဆိုတာလည်း တစ်ခါတစ်လေထူးစမ်းသည်။ ကိုယ့်ကိုမချစ်တဲ့လူ ကိုယ့်ကိုတန်ဖိုးမထားတဲ့လူတစ်ယောက်ကိုလည်းချစ်ချင်ချစ်နေတတ်တာ။ မောင်ထွက်သွားပီးကတည်းက ဆောက်တည်ရာမရ ဝေလေလေနဲ့ ဘ၀ကိုလျောက်လှမ်းနေတာ ခုဆို ၇က်ကနေ နှစ်တောင်ကူးပီ။

တစ်ရက်မှမေ့မရဘူး တစ်ရေးနိုးလို့တမ်းတမိတာက မောင် အနားမှာရှိနေသလိုလို။ သေချာပြန်ကြည့်ကြည့်တော့ မောင် အနားမှာ မ၇ှိ တစ်သက်လုံးမရှိနိုင်တော့ ပြန်မဆုံနိုင်တော့တဲ့နေရာ သီးသန့်ကမ္ဘာလေးမှာ မောင်၇ှိနေတယ်။ တစ်ခါတစ်လေ မောင်ပျော်နေတာ မောင်မိသားစုလေးနဲ့ပျော်မြူးနေတာလေးကို တွေးရင်း မောင့်အပြုံးလေးကိုဘဲ စိတ်ကူးယဉ်ပီး ကြည်နူးနေမိတယ်။

အဲဒီအသိုင်းအ၀န်းနားမှာတော့ နေခွင့်မရပေ။ တူတူပျော်ခွင့်မရပေမဲ့လည်း ကိုယ်ချစ်ခဲ့၇တဲ့သူတစ်ယောက်ပျော်နေတာကိုဘဲ အဝေးတစ်နေရာကနေ ပျော်ပေးနေရုံကလွဲရင် ဘာမှ မတတ်နိုင်တော့ပေ။

မေ့ပြစ်ခြင်းဆိုတာမဟုတ်ပေမဲ့ ဒီအလွမ်းပုဒ်စာလေးကိုတော့ ဖြေရှင်းချင်မိတယ်။